ကြာဇံ

ဝီကီပီးဒီးယား မှ
Cellophane noodles
Cooked dangmyeon.jpg
Cooked cellophane noodles
အခြားအမည်များGlass noodles
အမျိုးအစားခေါက်ဆွဲ
မူရင်းနိုင်ငံChina[၁]
ဒေသEast Asia, Southeast Asia
ဆက်နွယ်သောအမျိုးသားအစားအစာChina, Indonesia, Japan, Korea, Malaysia, Philippines, Samoa, Thailand, Vietnam, Myanmar and Taiwan
အဓိက ပါဝင်ပစ္စည်းStarch (from mung beans, yams, potatoes, cassava, canna, or batata), water
Cookbook: Cellophane noodles  Media: Cellophane noodles
Regional name
Chinese name
ရိုးရာ တရုတ်粉絲/粉條
ရိုးရှင်းသော တရုတ်粉丝/粉条
ဆိုလိုရင်းflour thread
Hanyu Pinyinfěnsī
Wade–Gilesfên3-ssŭ1
Yale Romanizationfán sī
Jyutpingfan2 si1
Chinese name (Taiwan)
တရုတ်冬粉
ဆိုလိုရင်းwinter flour
Hanyu Pinyindōngfěn
Bopomofoㄉㄨㄥㄈㄣˇ
Wade–Gilestung1-fên3
Hokkien POJtang-hún
မြန်မာအမည်
မြန်မာကြာဆံ
ဗီယက်နမ်အမည်
ဗီယက်နမ် အက္ခရာmiến / bún tàu
Hán-Nôm麪 / 𡅊艚
ဆိုလိုချက်noodle / Chinese vermicelli
ထိုင်းအမည်
ထိုင်းวุ้นเส้น / เส้นแกงร้อน / ตังหน
RTGSwun sen / sen kaeng ron / tung hon
ကိုရီးယားအမည်
ဟန်ဂုလ်당면
ဟန်ဂျာ唐麵
Literal meaningTang noodle
Revised Romanizationdangmyeon
McCune–Reischauertangmyŏn
မြောက်ကိုရီးယားအမည်
Chosŏn'gŭl분탕
Hancha粉湯
Literal meaningflour soup
Revised Romanizationbuntang
McCune–Reischauerpunt'ang
ဂျပန်အမည်
Kanji春雨
Kanaはるさめ
Revised Hepburnharusame
ind name
indsohun
Filipino name
tglsotanghon
ကြာဇံ

ကြာဇံသည် ဆန်မှုန့်၊ ပဲမှုန့်တို့ကို ကြိုးငယ် သဏ္ဌာန် အမျှင်များလုပ်ယူသော စားဖွယ်တစ်မျိုး ဖြစ်သည်။ ပဲကြာဆံ၊ ဆန်ကြာဆံဟူ၍ ၂ မျိုးရှိသည်အနက် ပဲကြာဆံကို အိန္ဒိယနိုင်ငံ မှ ခြင်းများဖြင့် တင်ယူလာလေ့ရှိသည်။ ပဲကြာဆံသည် နဂို အတိုင်းအဖြူရောင် အမျှင်ခြောက်များသာ ဖြစ်သည်။ စားသုံး လိုသော အခါ ထိုအမျှင်များကို ဆယ်မိနစ်ခန့်ရေတွင် စိမ်လိုက် ရသည်။ ခြောက်နေသောအမျှင်တို့သည် ကြည်လင်၍ လုံးမွှတ် သော အမျှင်ပျော့များအဖြစ်သို့ ပြောင်း သွားကြသည်။ ထိုကြာ ဆံကို လက်သုတ်များ၌ ထည့်၍ ဖြစ်စေ၊ ကြက်သား၊ ငါး စသည်တို့ဖြင့် ချက်ပြုတ်၍ဖြစ်စေ စားသုံးလေ့ရှိကြသည်။ အချို့ကလည်း ကြာဆံဟင်းခါး ချက် သောက်ကြသည်။ ဆန်မှလုပ်ယူသော ကြာဆံကို တရုတ်ဆိုင်များတွင် အတွေ့ရများ၏။ ပဲမှလုပ်ယူသည့် ကြာဆံကဲ့သို့ပင် အမျှင်များ ဖြစ်သော်လည်း ဆန်ကြာဆံသည် ရေတွင်စိမ်ရာ၌ ပဲကြာဆံ ကဲ့သို့ ကြည်လင်မလာဘဲ သာမန်အဖြူရောင်အမျှင်များသာ ဖြစ်လာသည်။ ပဲကြာဆံလောက်လည်း အမျှင် မတုတ်ချေ။ ဆန်ကြာဆံကို ဝက်သား၊ ကြက်သား၊ ဘဲသား စသည်တို့ဖြင့် ကြော်၍ စားလေ့ရှိကြသည်။ အထူးသဖြင့် တရုတ်လူမျိုးများ အသုံးများသည်။ ရန်ကုန်မြို့၌ ထိုကြာဆံမျိုး လုပ်ယူသော လုပ်ငန်းများရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Hulin၊ Belinda (November 10, 2009)။ Knack Chinese Cooking။ Globe Pequot Press။ p. 150။ ISBN 9780762758463
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)