ကျွဲကျောင်းဗျိုင်း
| Cattle egret | |
|---|---|
| Breeding-plumaged adult of nominate subspecies | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Aves |
| မျိုးစဉ်: | Pelecaniformes |
| မျိုးရင်း: | Ardeidae |
| မျိုးစု: | Bubulcus Bonaparte, 1855 |
| မျိုးစိတ်: | B. ibis |
| ဒွိနာမ | |
| Bubulcus ibis | |
| Subspecies | |
|
B. i. ibis (Linnaeus, 1758) | |
| Range of B. ibis breeding non-breeding year-round | |
| Synonyms | |
|
Ardea ibis Linnaeus, 1758 | |

မြန်မာနိုင်ငံတွင် ကျွဲကျောင်းဗျိုင်းကို ကွင်းပြင်၊ လယ်ပြင်နှင့် ကမ်းခြေများ၌ အများအပြားတွေ့နိုင်သည်။ ကျွဲနွားများအနီးတွင် အမြဲတွေ့ရသောကြောင့် ကျွဲကျောင်းဗျိုင်းဟု ခေါ်ခြင်းဖြစ်သည်။
ကြင်အင်လက္ခဏာများ
[ပြင်ဆင်ရန်]အလျားလက်မ ၂၀ ရှိသည်။ ဝါသော နှုတ်သီးနှင့် ညိုမည်းသော ခြေထောက်များရှိသော ကြောင့် အခြားဗျိုင်းနှင့် ခွဲခြား၍ ရသည်။
အစားအစာ
[ပြင်ဆင်ရန်]ကျွဲကျောင်းဗျိုင်းသည် ကျွဲနွားများကိုယ်ပေါ်တွင် နားလျက်ကျွဲနွားများ၌ ကပ်တွယ်နေသော ပိုးမွှားများကိုလည်းကောင်း၊ ကျွဲနွားများလှုပ်ရှားသွားလာရခြင်းကြောင့် မြက်သီးထပျံသော ပိုးမွားများကိုလည်းကောင်း စားသည်။ ငါးကလေးများ၊ ဖားလောင်းခေါ်ဖားတပိုင်းငါးတပိုင်းနှင့် ရေပိုးမွှားများကိုလည်း စားတတ်လေသည်။ အသိုက်ကို ကုက္ကိုပင်များ၌ ဧပြီလကုန် သို့မဟုတ် မေလ အစလောက်တွင် ပြုလုပ်သည်။
အသိုက်ပြုလုပ်ခြင်း
[ပြင်ဆင်ရန်]သရက်ပင်၊ ဝါးပင်တို့၌လည်း အသိုက်လုပ်တတ်သေးသည်။ ဥများသည် ဖြူ၍ အပြာပြောက်၊ အစိမ်းပြောက်များရှိသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "The IUCN Red List of Threatened Species" . IUCN Red List of Threatened Species. IUCN.
- ↑ Myanmar Encyclopedia, Part-2