ကျေးသန္တာ (ငှက်)

ဝီကီပီးဒီးယား မှ
(ကျေးသန္တာ မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကျေးသန္တာ

Vernal Hanging Parrot

Loriculus vernalis -Kerala -India-3.jpg
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
L. vernalis
ဒွိနာမ
Loriculus vernalis
Sparrman, 1787

ကျေးသန္တာသည် ကြက်တူရွေးငှက်အမျိုးအစား ဖြစ်သည်။ ကျေးသန္တာကို ကျွမ်းထိုးငှက်ဟုလည်း ခေါ်ကြသည်။ [၁] ပါဏဗေဒအမည်မှာ 'လော်ရီကူလပ်ဗာနာလိ' ဖြစ်သည်။ [၂]သစ်ကိုင်းတွင် ဦးခေါင်းဇောက် ထိုးထားလျက် တွဲလွဲနေတတ်သည်။ ဤအကျင့်ကို အစွဲပြု၍ ယင်းကို ကျွမ်းထိုးငှက်ဟုလည်း ခေါ်သေးသည်။ ကျွမ်းသန္တာလန်ဟူသော စကားသည် ဤကပင် ဆင်းသက်လာသည်။အခြားကြက်တူရွေးတို့ကဲ့သို့ ဆူညံခြင်းမရှိဘဲ တိတ်ဆိတ်စွာ နေတတ်သည်။ [၃]

အမြီးအပေါ် မြီးရင်းမွေးနှင့် နှုတ်သီးအနီရောင်ရှိပြီး ဝါတာတာ ခြေထောက်ရှိသည်။ အမြီးတိုသည်။ အစိမ်းရောင်ရှိ သေးငယ်သော ငှက်မျိုးဖြစ်သည်။ [၄]ကျေးသန္တာတွင် လည်ပင်းလည်ကုပ်နှင့် ကျောပိုင်းတို့၌ အပြာရောင်သန်းနေ၍ အတောင်၌ အစိမ်းနှင့် အနီရောင်များ ရောနေသည်။[၅]ကိုယ်လုံးစိမ်း၍ တင်ပါးနီသည်။ ငှက်ဖို၏လည်တွင် အပြာမှတ်ပါရှိသည်။[၆]

ကိုယ်အလျား ၅၁/၂"ခန့် ရှိသည်။ သစ်တောများနှင့် အမြဲစိမ်းသစ်တောများအတွင်း ရှင်းလင်းထားသော နေရာများတွင် တွေ့ရသည်။ သာမန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ နေသဖြင့် တွေ့မြင်ခဲသည်။ သစ်ပင်ထိပ်ဖျားမှ ဝိုင်းပတ်လျက် အုပ်စုလိုက်ပျံသန်းကြသည်။ အိပ်သည့်အခါ တစ်ခါတစ်ရံ နားနေသည့်အခါ ဇောက်ထိုးချိတ်ဆွဲနေလေ့ရှိသည်။ [၇] လင်းနို့ များကဲ့သို့ သစ်ကိုင်းတွင် ဦးခေါင်းစောက်ထိုးထား၍ တွဲလွဲနေတတ်သည်။ ပျံရာတွင် အလွန်လျင်မြန်သည်။ [၈] ပန်းပွင့်သစ်သီးနှင့် ဘယ်ရီသီးများ စားသည်။ ပျံချိန်တွင် တီး-စစ် သို့မဟုတ် ပီး-ဇက်အက်-အက် ဟု အဆက်မပြတ် ခေါ်သံပေးသည်။ ဇန်နဝါရီလမှ ဧပြီလအတွင်း သားပေါက်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းမှအပ ကျန်ဒေသများတွင် တွေ့ရသော ဌာနေငှက်ဖြစ်သည်။ [၉]

ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံငှက်များ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  4. မြန်မာနိုင်ငံငှက်များ
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  7. မြန်မာနိုင်ငံငှက်များ
  8. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  9. မြန်မာနိုင်ငံငှက်များ