ကျေးသန္တာ (ငှက်)

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ကျေးသန္တာ Lories and lorikeets
Rainbow Lorikeet (Trichoglossus moluccanus), Nelson Bay, NSW.jpg
Rainbow Lorikeet (H. t. moluccanus)
at Nelson Bay, NSW, Australia.
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Psittaciformes
မျိုးရင်း: Psittacidae
မျိုးရင်းသေး: Loriinae (traditional view)
Selby, 1836
Genera

Chalcopsitta
Eos
Pseudeos
Trichoglossus
Psitteuteles
Lorius
Phigys
Vini
Glossopsitta
Charmosyna
Oreopsittacus
Neopsittacus


ကျေးသန္တာ Lories and lorikeets[ပြင်​ဆင်​ရန်​]

ကျေးသန္တာသည် ကြက်တူရွေးငှက်အမျိုးအစား ဖြစ်သည်။ ကျေးသန္တာကို ဂျွမ်းထိုးငှက်ဟုလည်း ခေါ်ကြသည်။ အမြီးအပေါ် မြီးရင်းမွေးနှင့် နှုတ်သီးအနီရောင်ရှိပြီး ဝါတာတာ ခြေထောက်ရှိသည်။ အမြီးတိုသည်။ အစိမ်းရောင်ရှိ သေးငယ်သော ငှက်မျိုးဖြစ်သည်။ ကိုယ်အလျား ၅၁/၂"ခန့် ရှိသည်။ သစ်တောများနှင့် အမြဲစိမ်းသစ်တောများအတွင်း ရှင်းလင်းထားသော နေရာများတွင် တွေ့ရသည်။ သာမန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ နေသဖြင့် တွေ့မြင်ခဲသည်။ သစ်ပင်ထိပ်ဖျားမှ ဝိုင်းပတ်လျက် အုပ်စုလိုက်ပျံသန်းကြသည်။ အိပ်သည့်အခါ တစ်ခါတစ်ရံ နားနေသည့်အခါ ဇောက်ထိုးချိတ်ဆွဲနေလေ့ရှိသည်။ ပန်းပွင့်၊ သစ်သီးနှင့် ဘယ်ရီသီးများ စားသည်။ ပျံချိန်တွင် တီး-စစ် သို့မဟုတ် ပီး-ဇက်အက်-အက် ဟု အဆက်မပြတ် ခေါ်သံပေးသည်။ ဇန္နဝါရီလမှ ဧပြီလအတွင်း သားပေါက်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းမှအပ ကျန်ဒေသများတွင် တွေ့ရသော ဌာနေငှက်ဖြစ်သည်။ [၁]

ပုံများ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာနိုင်ငံငှက်များ