ကျေးကုလားမ
| ကျေးကုလားမ
Red-Breasted Parakeet | |
|---|---|
| Female (left) and male (right) | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | |
| မျိုးပေါင်းစု: | |
| မျိုးပေါင်း: | |
| မျိုးစဉ်: | |
| မျိုးရင်း: | |
| မျိုးစု: | |
| မျိုးစိတ်: | P. alexandri |
| ဒွိနာမ | |
| Psittacula alexandri (Linnaeus, 1758) | |
ကျေးကုလားမကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရသည်။ ကုလားမကြက်တူရွေး၊ ကုလားမကျေးဟုလည်း ခေါ်သည်။[၁] မြန်မာနိုင်ငံရှိ ကြက်တူရွေးများတွင် အသံအကျယ်ဆုံး အော်နိုင်သောအမျိုးဖြစ်၏။[၂] ဦးခေါင်းမွဲခြောက်ပြီး အထီးရောအမပါ နုတ်ခမ်းမွေးပါပြီး အရွယ်ရောက်အထီးက အပေါ်နုတ်ခမ်း ပန်းရောင်ဖြစ်သည်။ အသံအကျယ်ဆုံး အော်နိုင်သော အမျိုးဖြစ်သည်။
ကျေးကုလားမ၏ရင်အုပ်မှာ အနီရောင် ဖြစ်၏။ ထို့ကြောင့် ကျေးကုလားမကို အင်္ဂလိပ်ဘာသာဖြင့် “အနီရောင်ရင်အုပ်ရှိသော အိန္ဒိယကြက်တူရွေး”ဟု ခေါ်ခြင်း ဖြစ်သည်။ ကျေးကုလားမဆိုသည်မှာ ၎င်း ကြက်တူရွေးမျိုးကို ခေါ်ခြင်း ဖြစ်သည်။ ကြက်တူရွေးအမကိုသာ ကျေးကုလားမဟု ခေါ်ခြင်းမဟုတ်ဘဲ ၎င်းကြက်တူ ရွေးမျိုး အဖိုရော အမကိုပါ ကျေးကုလားမဟု ခေါ်ခြင်း ဖြစ်လေသည်။[၁] ငှက်မဦးခေါင်းသည် မွဲခြောက်၍ အပြာရောင်သော်လည်းကောင်း၊ အစိမ်းရောင်သော်လည်းကောင်း၊ ရောလျက်ရှိသည်။ ရင်အုပ်မှာ အနီရင့်ရောင် ပေါက်နေသည်။ ငှက်ကလေးများတွင် တစ်ကိုယ်လုံး စိမ်း၍ အညိုရောင်များလည်း ရောနှောနေတတ်သည်။[၂] အဖိုသည် အမထက် အနည်းငယ် ပိုထွားသည်။
အထီးအမခွဲခြားခြင်း
[ပြင်ဆင်ရန်]အထီးများသည်နှုတ်သီးနီ၍ အမများသည် နှုတ်သီးမဲကြသည်။
ပုံများ
[ပြင်ဆင်ရန်]- Male at Jerusalem Biblical Zoo
- Female in Assam, India
- Male
- Juvenile male
- Male
ကိုးကား
[ပြင်ဆင်ရန်]- 1 2 မောင်ဝင်းနိုင်၏ တိရစ္ဆာန်ဥယျာဉ်နှင့် တိရစ္ဆာန်များစာအုပ်
- 1 2 မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၅၅)။ "ကျေးကုလားမ"။ မြန်မာ့စွယ်စုံကျမ်း။ ၂ (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်း၊ အင်္ဂလန်။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။
| ဤ ငှက်နှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |