မြင့်သူ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဦးမြင့်သူ (၁၉၆၃ မွေးဖွား) သည် မြန်မာလူမျိုး သံအမတ်ဖြစ်သည်။ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံး၌ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် သူ့အား မြန်မာနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း စာတစ်စောင်မှာ လူမှုကွန်ယက်မှတစ်ဆင့် ပေါ်ထွက်လာခဲ့သည်။[၁]သူသည် ကုလသမဂ္ဂ၏ အရေးပေါ်အစည်းအဝေးတွင် အာဏာသိမ်းစစ်အစိုးရဘက်မှ ကာကွယ်၍ ပြောကြားခဲ့မှုအတွက် မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ခြင်းကို ခံခဲ့ရသည်။

ဦးမြင့်သူ
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် (ဂျီနီဗာမြို့)
တာဝန်သက်တမ်း
၂၈ အောက်တိုဘာ ၂၀၂၀ – ဖေဖော်ဝါရီ ၂၀၂၁
သမ္မတ
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
တာဝန်သက်တမ်း
၂၀၁၇ – ဩဂုတ် ၂၀၁၉
သမ္မတ
ယခင်လူဦးကျော်ဇေယျ
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
ဩဂုတ် ၂၀၁၉ – ​အောက်တိုဘာ ၂၀၂၀
သမ္မတ
ဆက်ခံသူဦးစိုးဟန်
ကိုယ်ရေး အချက်အလက်များ
နိုင်ငံသားမြန်မာ

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၆၃ ခုတွင် ညွှန်ကြားရေးမှူးချုပ် ဦးတင်လှ၊ ဒေါ်ခင်မမတို့မှ ရန်ကုန်၌ မွေးသည်။ ၁၉၈၅ ခုတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရသည်။ ၂၀၀၉ ခုတွင် စင်ကာပူအမျိုးသားတက္ကသိုလ်ရှိ လီကွမ်ယု လူထုရေးရာမူဝါဒကျောင်းမှ လူထုစီမံ မဟာဘွဲ့ရသည်။

သက်မွေးလမ်းကြောင်း[ပြင်ဆင်ရန်]

ဘွဲ့ရသည်နောက် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ စိုက်ပျိုးရေးဌာနတွင် အလုပ်ဝင်သည်။

၁၉၉၀ ခု၊ ဇွန်လတွင် ပြည်သူ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဘုတ်အဖွဲ့မှ ရွေးချယ်ခံရကာ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး/လက်ထောက်တတိယအတွင်းဝန်ဖြစ်လာသည်။

၁၉၉၃ - ၉၇ ကာလ၌ တိုကျိုရှိ မြန်မာသံရုံးတွင် တတိယအတွင်းဝန်အဖြစ် အမှုထမ်းသည်။

၂၀၀၂ - ၂၀၀၆ အချိန်များကို ဂျနီဗာရှိ ကုလသမဂ္ဂရုံးတွင် မြန်မာနိုင်ငံဆိုင်ရာ အတွင်းဝန်နှင့် ကောင်စစ်ဝန်အဖြစ် တာဝန်ယူသည်။

၂၀၁၀ - ၁၃ အတွင်း ဂျာကာတာရှိ အာဆီယံရုံးတွင် မြန်မာ လက်ထောက်အတွင်းဝန်ကိုယ်စားလှယ်/ဝန်ကြီး-ကောင်စစ်ဝန်အဖြစ် လုပ်ကိုင်သည်။

၂၀၁၇ ခု၊ နိုဝင်ဘာလ ၁၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖြစ်လာသည်။

၂၀၁၉ ခု၊ ဩဂုတ်လ ၆ ရက်တွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံရသည်။

၂၀၂၀ ပြည့်၊ စက်တင်ဘာလ ၂၄ ရက်တွင် ကုလသမဂ္ဂ၌ မြန်မာနိုင်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သမ္မတ ဦးဝင်းမြင့်က ခန့်သည်။ အောက်တိုဘာလ ၂၀ ရက်တွင် ၎င်းတာဝန်ကို စတင် တာဝန်ထမ်းသည်။ [၂]

မိသားစုဘဝ[ပြင်ဆင်ရန်]

အသက် ၅၀ ကျော်သည့်တိုင် အိမ်ထောင်မပြုဖူးသော လူပျိုကြီးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "စစ်​ကောင်စီက ကုလဆိုင်ရာ သံအမတ်ကို ​ပြောင်း​ရွှေ့" (in Burmese)။ 
  2. Biography of our Representative – Myanmar Mission, Geneva