ကျော်ဇေယျ (နိုင်ငံရေးသမား)

ဝီကီပီးဒီးယား မှ
တပ်မ​တော်သား အတွက် ကျော်ဇေယျ ကို ကြည့်ပါ။
ကျော်ဇေယျ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂၀၁၆ – ၂၀၂၁
မဲဆန္ဒနယ်ဒဂုံမြို့နယ် အမှတ် (၂)
ကိုယ်ရေး အချက်အလက်များ
နိုင်ငံရေးပါတီ
သားသမီးမိုးယံဇွန်

ဦးကျော်ဇေယျသည် နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် လွှတ်တော်အတွင်း မေးခွန်းမေးမြန်းမှုများကြောင့် လူသိများခဲ့သည်။ တပ်မတော်မှ အငြိမ်းစားယူပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီသို့ ဝင်ရောက်ခဲ့သည်။ဒေါ်သက်သက်ခိုင်တည်ထောင်သော ပြည်သူ့ရှေ့ဆောင်ပါတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သည်။ တပ်မတော်၏ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်တွင် ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။[၁]၂၀၂၂ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ၏ တာဝန်များမှ အနားယူပြီ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ကြေညာခဲ့သည်။ [၂]

နိုင်ငံရေးလှုပ်ရှားမှု[ပြင်ဆင်ရန်]

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်းလွှတ်တော်အတွက် ဒဂုံမြို့နယ် အမှတ် (၂)မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သည်။ သူသည် လွှတ်တော်အတွင်း တိုင်းအစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို မကြာခဏ မေးခွန်းမေးမြန်းထောက်ပြလေ့ရှိပြီး လူမှုကွန်ယက်နှင့် မီဒီယာမှတစ်ဆင့် ဝေဖန်ပြောကြားလေ့ရှိသည်။[၃]၂၀၁၈ခုနှစ်တွင် သူနှင့်အတူ ဒေါက်တာသက်သက်ခိုင်အား ပါတီ၏ လုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းခဲ့သည်။၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် ပါတီ၏ ပုံရိပ်ထိခိုက်စေမှု၊ ပါတီတွင်း စည်းလုံးမှုပျက်ပြားစေမှု စသည်ဖြင့် သူ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်ခဲ့သည်။ ထို့နောက် ၂၀၁၉ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နုတ်ထွက်ခဲ့သူ ဒေါက်တာသက်သက်ခိုင် တည်ထောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ထိုပါတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။၂၀၂၁ခုနှစ် ဇန်နဝါရီလမှစ၍ ပါတီတာဝန်များမှ တစ်နှစ်ကြာ အနားယူထားသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]