ကျောက်ဖရုံပင်
| ||||||||||||||||||||||||||||||||||||
| ၁၀၀ g (၃.၅ oz) တွင် ပါဝင်သော အာဟာရတန်ဖိုး | |
|---|---|
| စွမ်းအင် | ၅၄ kJ (၁၃ kcal) |
3 g | |
| Dietary fiber | 2.9 g |
0.2 g | |
0.4 g | |
| ဗီတာမင်များ | |
| Thiamine (B1) | (3%) 0.04 mg |
| Riboflavin (B2) | (9%) 0.11 mg |
| Niacin (B3) | (3%) 0.4 mg |
(3%) 0.133 mg | |
| ဗီတာမင် ဘီ6 | (3%) 0.035 mg |
| ဗီတာမင် စီ | (16%) 13 mg |
| သတ္တုဓာတ်များ | |
| ကယ်လဆီယမ် | (2%) 19 mg |
| သံဓါတ် | (3%) 0.4 mg |
| မဂ္ဂနီစီယမ် | (3%) 10 mg |
| မက်ဂနိစ် | (3%) 0.058 mg |
| ဖော့စဖရပ် | (3%) 19 mg |
| ဆိုဒီယမ် | (7%) 111 mg |
| သွပ် | (6%) 0.61 mg |
| |
| Percentages are roughly approximated using US recommendations for adults. ရင်းမြစ်: USDA Nutrient Database | |

ကျောက်ဖရုံပင်သည် အမြင့်ပေပေါင်း ၄၀၀၀ အထိဖြစ်ထွန်းပြီး မြန်မာနိုင်ငံ အနှံ့အပြားတွက် ပေါက်ရောက်သည်။ စိုက်ပျိုးပင်ဖြစ်သည်။ မိုးဦးတွင် ကဆုန်မှ ဝါဆိုအတွင်း မိုးနှောင်း တွင် တော်သလင်း လမှ တန်ဆောင်မုန်း အတွင်း အစေ့ကို တိုက်ရိုက် ချစိုက် နိုင်သည်။ ကျင်းအနက် တစ်တောင် ၊ အကျယ် ၄ ပေ ပတ်လည် တူး၍ မြေဆွေး ၅၀ % ခန့် ရောစပ်ပြီး ဖရုံစေ့များကို အစေ့မြှပ်ရုံမျှ စိုက်ရမည်။ စင်တောင့်တောင့် ထိုးပေးရသည်။ မိုးနည်းသောဒေသများတွင် မြေတွင် လွှတ်၍ စိုက်နိုင်သည်။ ခြောက်သွေ့ သော ဒေသများတွင် လိုအပ်သည့် အစိုဓာတ်ရအောင် ရေလောင်း ပေးရန်လိုသည်။ စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ မှ ၁၀၀ အတွင်း စတင် အသီးသီး ၍ ဆွတ်ခူးနိုင်သည်။ (အထူးသဖြင့် ကျောက်ဖရုံသည် အနံ့အသက်များကို စုပ်ယူနိုင်သော သတ္တိရှိသဖြင့် အနံ့အသက်ဆိုးသည့် နေရာများအနီး စိုက်ပျိုးခြင်း ၊ ထားသိုခြင်း မပြုရန် လိုသည်။ )
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်သည်။ အဖြူရောင် သို့မဟုတ် သံချေးရောင် အမွေးကလေးများဖြင့် ဖုံးလွှမ်းနေသည်။ ပင်စည် တောင့်တင်း၍ ထောင့်ပါသည်။ နွယ်နှာမောင်း ၃ ခုဖြာသည်။
အရွက်
[ပြင်ဆင်ရန်]အရွက်သည် တောက်ပသော အစိမ်းရောင် ဖြစ်သည်။ အမွေးများရှိ၍ အောက်မျက်နှာပြင် တွင် ပို၍ အမွေးထူသည်။ နှလုံးပုံဖြစ်ပြီး အဝိုက် ၅-၇ ခုရှိသည်။ အဝိုက်များသည် ကျယ်ပြန့်၍ သုံးမြှောင့်ပုံရှိသည်။
အပွင့်
[ပြင်ဆင်ရန်]အဝါရောင်ဖြစ်သည်။ ကြီး၍ ပွင့်ထီး ဖြစ်သည်။ လိင်စုံသည်။
အသီး
[ပြင်ဆင်ရန်]တိုင်လုံးပုံဖြစ်ပြီး အစိမ်းရောင်နှင့် အဖြူရောင် ရောနေ၏။ နုစဉ် အခွံပျော့၍ ရင့်သော် ကြွပ်ဆတ်ပြီး မာသည်။ အခွံပေါ်တွင် အမွေးကြမ်းလေးများရှိသည်။ အစေ့များ ပြားပြီး အဖြူရောင် ရှိသည်။
အသုံးဝင်ပုံ
[ပြင်ဆင်ရန်]အပွင့် ၊ အသီး ၊ အစေ့ ၊ အမြစ် ၊ အထူးသဖြင့် အသီးကို ပို၍ အသုံးပြု၏။
အာနိသင်
[ပြင်ဆင်ရန်]မြန်မာဆေးကျမ်းများအလိုအရ ချို၍ အနည်းငယ် ငန်သော အရသာရှိသည်။ အားကို တိုးပွားစေ၍ သည်းခြေကို နိုင်၏။ မှည့်သောအသီးသည် ဝမ်းမီးကို တောက်စေသည်။ သွေး ၊ လေရောဂါနှင့်ရူးသွပ်ခြင်းကို ပျောက်စေ၍ ဆီးအိမ်ကို သန့်ရှင်းစေတတ်၏။
အပွင့်အသုံးပြုပုံ
[ပြင်ဆင်ရန်]ကျောက်ဖရုံပွင့်ကို ကြိတ်စားသော် ကာလဝမ်းရောဂါပျောက်၏။
အသီးအသုံးပြုပုံ
[ပြင်ဆင်ရန်]အသီးသည် အဆုတ်ရောဂါကြောင့် အားအင်ကုန်ခန်းခြင်းအတွက် အာဟာရ ဖြစ်စေ သည်။ အသီးရည်ကို သောက်ခြင်းဖြင့် သွေးယိုစီးခြင်းနှင့် သွေးအန် သွေးကျ ရောဂါ ပျောက်၏။ အသီးရည်တွင် ရှိန်းခိုနှင်ဂျုံပြာဆား အနည်းငယ်ထည့်သောက်သော် ဆီးအိမ်ရောင်ခြင်း ပျောက်၍ ကျောက်ကပ် တွင်တည်သော ကျောက်ကို အရည်ပျော်၍ ကျစေ၏။ ကျောက်ဖရုံရည် ကို ဝက်ရူးနာ ၊ လေနာ ၊ အရူးရောဂါတို့ အတွက်လည်း သုံး၏။
အစေ့အသုံးပြုပုံ
[ပြင်ဆင်ရန်]အစေ့ကို သန်ကျဆေးအဖြစ် သုံးသည်။
အမြစ်အသုံးပြုပုံ
[ပြင်ဆင်ရန်]ကျောက်ဖရုံမြစ်မှုန့်ကို ရေနွေးနှင့် သောက်လျှင်ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါ ပျောက်၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Benincasa hispida (Thunb.) Cogn.။ The Plant List: A Working List of All Plant Species။ 3 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 May 2016 တွင် ပြန်စစ်ပြီး။