ကျူတိုရီရယ်

ဝီကီပီးဒီးယား မှ
ဝီကီပီးဒီးယား ကျူတိုရီရယ် အတွက် Wikipedia:Tutorial ကို ကြည့်ပါ။

ကျူတိုရီရယ် (အင်္ဂလိပ်: Tutorial) ကို ပညာသင်ကြားနည်း တစ်ခုအဖြစ် ဖော်ပြလေ့ရှိကြသည်။ စာအုပ်များ၊ လက်ချာများဖြင့် သင်ကြားခြင်းထက် ပိုမိုထိရောက်ပြီး ဆရာနှင့် ကျောင်းသားအကြား သာမက ကျောင်းသားအချင်းချင်းအကြား အမေးအဖြေများ ဆွေးနွေးချက်များဖြင့် ပညာသင်ကြားသည့် နည်းစနစ် ဖြစ်သည်။ လုပ်ငန်းတစ်ခု သို့မဟုတ် ပရောဂျက်တစ်ခု ပြီးမြောက်စေရန် ဥပမာများ၊ နမူနာ ပရောဂျက်များ၊ လုပ်ပုံလုပ်နည်းများ၊ သတင်းအချက်အလက်များကိုလည်း ပံ့ပိုးပေးလေ့ ရှိသည်။

ပညာရပ်သင်ကြားမှု အသိုင်းအဝိုင်း[ပြင်ဆင်ရန်]

ကျူတိုရီရယ် သင်တန်းများ[ပြင်ဆင်ရန်]

ကိန်းဘရစ်ချ် နှင့် အောက်စဖို့ဒ် တက္ကသိုလ်များတွင် တက်ရောက်သင်ကြားနေကြသော ကျောင်းသားများနှင့် ဘွဲ့လွန် သင်တန်းသားများ အနေဖြင့် ပုံမှန် လက်ချာနှင့် သင်ခန်းစာများ အပြင် Tutorial System များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရသည်။ ကျောင်းသားများကို အုပ်စုငယ်များခွဲကာ ဌာနအလိုက် ဆရာများက အပတ်စဉ် လေ့ကျင့်သင်ကြားပေးကြသည်။ ကိန်းဘရစ် တက္ကသိုလ်တွင် အဆိုပါ သင်တန်းများကို Supervisions ဟု ခေါ်ဆိုပြီး အောက်စဖို့ဒ် တက္ကသိုလ်တွင် Tutorials ဟု ခေါ်ဆိုကြသည်။ အကျိုးကျေးဇူးများမှာ ကျောင်းသားများ အပတ်စဉ် လေ့လာ လုပ်ဆောင်ထားသမျှအတွက် ဆွေးနွေး အကြံပြုချက်များ ပြုလုပ်နိုင်ခြင်း၊ ဆရာများ၏ မှတ်ချက်များ ပြင်ဆင်ဖြည့်စွက်ချက်များ ရယူနိုင်ခြင်း ဖြစ်သည်။

ဘာကင်ဟမ် တက္ကသိုလ် အနေဖြင့်လည်း အင်္ဂလန်နိုင်ငံ၏ ပထမဦးဆုံး private university အဖြစ် စတင်တည်ထောင်ခဲ့သည့် ၁၉၇၀ မှစ၍ ယနေ့ထက်တိုင် အပတ်စဉ် Tutorial System ကို လက်ခံကျင့်သုံးနေပေသည်။

Tutorial Class System သည် ပုံမှန် လက်ချာနှင့် သင်ခန်းစာများထက် စိန်ခေါ်မှု ပိုမိုပြင်းထန်လေ့ ရှိသည်။ ကျောင်းသားများအနေဖြင့် မိမိတို့ လေ့လာသိရှိထားသမျှ၊ လက်တွေ့ စမ်းသပ်ထားသမျှကို ဆရာများနှင့် အတန်းဖော်များအား နှုတ်ဖြင့် ရှင်းပြခြင်း၊ presentation များ ပြင်ဆင်ပြသခြင်းများ ပြုလုပ်ရပြီး ဆရာနှင့် အတန်းဖော်များ၏ ဝေဖန်ချက်၊ မေးမြန်းချက်များကို ခုခံဖြေကြားရလေ့ ရှိသည်။ ထို့ကြောင့် ပညာသင်ကြားမှုတွင် အလွန် အဖိုးတန်သော စစ်မှန်သည့် လေ့လာမှုနှင့် အကဲဖြတ်မှု အခွင့်အလမ်းများကို ရရှိနိုင်ပေသည်။ Tutorial Class System ကို အိုဟိုင်းရိုး တက္ကသိုလ်နှင့် New College of Florida တို့တွင်လည်း လက်ခံကျင့်သုံးနေပေသည်။

Tutorial classes များ နိုင်ငံအလိုက် ကျင့်သုံးပုံ[ပြင်ဆင်ရန်]

Tutorial class system သည် နိုင်ငံအလိုက်၊ တက္ကသိုလ်အလိုက် လက်ခံကျင့်သုံးပုံ ကွဲပြားခြားနားသည်။ အင်္ဂလန်တွင် Tutorial class များသည် ကျောင်းသားအနည်းငယ်ဖြင့်သာ ဖွဲ့စည်းထားပြီး ဆရာတစ်ယောက် သို့မဟုတ် အခြား နည်းပြများဖြင့် ကျောင်းသား တစ်ယောက်ချင်းစီအား အာရုံစိုက်ကာ လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ လန်ဒန်တက္ကသိုလ်၏ Heythrop College တွင်မူ ကျောင်းသား နှင့် ဆရာ တစ်ဦးချင်း သင်ကြားသည့် one-on-one teaching ကို ပြုလုပ်သင်ကြားပေးသည်။ ထိုသို့ သင်ကြားပေးမှုအတွက် ဆရာနှင့် သင်ထောက်ကူ လိုအပ်ချက် အလွန်များသောကြောင့် အင်္ဂလန်တွင် တက္ကသိုလ်အသစ်များ၌ များသောအားဖြင့် ကျောင်းသား ၆ ယောက်မှ ၈ ယောက် တစ်ဖွဲ့ဖွဲ့ကာ သင်ကြားလေ့ကျင့်ပေးလေ့ ရှိသည်။

ဩစတြေးလျနယူးဇီလန်နှင့် တောင်အာဖရိကရှိ တက္ကသိုလ်များတွင် Tutorial class ကို Tute သို့မဟုတ် Tut ဟု ခေါ်လေ့ရှိပြီး ကျောင်းသား ဆယ်ယောက်မှ အယောက်သုံးဆယ်အထိ ဖွဲ့စည်းပါဝင်သည်။ ကနေဒါ တက္ကသိုလ်များ၏ Tutorial class များနှင့် ဆင်တူသော်လည်း ထူးခြားချက်အနေဖြင့် ဆရာများ အစား ဂုဏ်ထူးတန်း သို့မဟုတ် ဘွဲ့လွန် ကျောင်းသားများကို tutor အဖြစ်တာဝန်ပေးထားခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုရှိ ကောလိပ်များတွင် Tutorial class ကို ကျောင်းသား ၁၂ ယောက်မှ ၁၆ ယောက်အထိ ဖွဲ့စည်းလေ့ရှိပြီး tutor တစ်ယောက်၏ လမ်းညွှန်မှုကို ပုံမှန် တွေ့ဆုံ ရယူလေ့ ရှိသည်။

Tutorial class ၏ သဘောသဘာဝ[ပြင်ဆင်ရန်]

Tutorial class တစ်ခုသည် ဘာသာရပ်နယ်ပယ် တစ်ခုခုကို အဓိကထား အထူးပြု လေ့လာလေ့ ရှိသည်။ ရွေးချယ်ပြဋ္ဌာန်းပေးထားသော ဖတ်စာအုပ်များနှင့် သက်ဆိုင်ရာ လေ့ကျင့်ခန်းများကို အလေးထား ဆောင်ရွက်လေ့ ရှိကြသည်။ Project based learning စနစ်နှင့် ဆင်တူသည်။ အထူးသဖြင့် St. John's College နှင့် အချို့ကျောင်းများတွင် ပုံမှန် လက်ချာ သင်ခန်းစာများကို အလေးမထားဘဲ၊ Tutorial class များကို အဓိကထား သင်ကြားပေးနေသည်များ ရှိသည်။ Tutorial နှင့် seminar တို့ ကွာခြားချက်မှာ Seminar တွင် ဘာသာရပ် အကြောင်းအရာ ဆွေးနွေးမှု ပိုများခြင်း၊ တက်ရောက်သည့် ကျောင်းသားနှင့် ဆရာများ များပြားခြင်း၊ ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးခြင်း၊ စသည်တို့ ဖြစ်သည်။ အချို့ကျောင်းများတွင် ကျောင်းသားများအနေဖြင့် ပါမောက္ခတစ်ယောက်နှင့် ပုံမှန်ဆွေးနွေး၍ စာတမ်းများ ရေးသားခြင်း၊ အခြား စာတမ်းများအား ဝေဖန်ဆန်းစစ်ခြင်းများ ပြုလုပ်လေ့ ရှိသည်။

Tutorial Schools[ပြင်ဆင်ရန်]

Kumon နှင့် EduHub ကျောင်းနှင့် အချို့ကျောင်းများတွင် tutoring ကို အဓိကထား သင်ကြားလေ့ ရှိသည်။ ထိုသို့ လက်ထပ်သင်ကြားပေးသည့် နည်းလမ်းကို အာရှတွင် ရေပန်းစား ကျင့်သုံးနေကြသည်။[၁][၂]

Conference Tutorials[ပြင်ဆင်ရန်]

အသင်းဝင်များကို ဆွေးနွေးချက်၊ စာတမ်းများ ပေးပို့၍ သင်ကြားလေ့ကျင့် ပေးခြင်းဖြစ်ပြီး များသောအားဖြင့် နည်းပညာဆိုင်ရာ သို့မဟုတ် သက်မွေးပညာဆိုင်ရာ အဖွဲ့အစည်းများမှ ဦးစီးဆောင်ရွက်လေ့ ရှိသည်။

Internet computer tutorial classes[ပြင်ဆင်ရန်]

ကွန်ပျူတာ နှင့် သက်ဆိုင်သော သို့မဟုတ် ကွန်ပျူတာအသုံးပြုရသော သင်ခန်းစာများကို screen recording ပြုလုပ်ခြင်း၊ အင်တာနက်မှ အလွယ်တကူ ရယူနိုင်စေရန် စာဖြင့် ရေးသားခြင်း၊ အသံဖိုင် နှင့် ဗီဒီယို သင်ခန်းစာများ ပြုလုပ်ပြီး အင်တာနက်ပေါ်တွင် ဖြန့်ဝေသည့် စနစ်ဖြစ်သည်။

အောက်ပါ ဝိသေသ လက္ခဏာများ ပါဝင်လေ့ ရှိသည် -

  • User Interface အား ရှင်းလင်း တင်ပြခြင်း
  • Process တစ်ခုကို အစမှ အဆုံးထိ မည်သို့ လုပ်ဆောင်သည်ကို ဥပမာများ ပေး၍ ရှင်းလင်း တင်ပြခြင်း
  • သက်ဆိုင်ရာ အပိုင်းကို ပိုမိုနားလည်လာစေရန် ထပ်မံ ရှင်းလင်းတင်ပြခြင်း
  • ဆက်စပ် သင်ခန်းစာများကို ကူးပြောင်းသင်ကြားခြင်း
  • Tutorials သင်ခန်းစာများသည် အစဉ်လိုက် ဖြစ်စေ၊ လမ်းကြောင်းများ ခွဲထွက်ခြင်းဖြင့် ဖြစ်စေ တည်ဆောက်ထားလေ့ ရှိသည်။

Computer-based tutoring[ပြင်ဆင်ရန်]

ကွန်ပျူတာကို အသုံးပြု၍ ပညာသင်ကြားသော စနစ်တစ်ခု ဖြစ်သည်။ ပညာသင်ကြားရာတွင် office ကဲ့သို့သော ဆော့ဖ်ဝဲလ်များ၊ application များ၊ OS များ၊ programming tools များနှင့် ဗီဒီယို ဂိမ်းများကို အသုံးပြု၍ အထောက်အကူပြုခြင်း ဖြစ်သည်။ အမျိုးအစား သုံးမျိုးခွဲခြားနိုင်ပြီး

  1. သင်တန်းသား လေ့လာကြည့်ရှုနိုင်သည့် ဗီဒီယို သင်ခန်းစာများ
  2. သင်တန်းသားအနေဖြင့် အပြန်အလှန် စမ်းသပ် လေ့လာနိုင်သောပြီး ရလဒ်ကို ပြန်ကြည့်နိုင်သည့် on-screen instruction နှင့် software များ
  3. webinars များဖြင့် ပါဝင်သူများအား real time lectures များပြုလုပ်သင်ကြားခြင်း၊ online tutoring ပြုလုပ်ပေးခြင်း နှင့် web conferencing software များ အသုံးပြု၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]