ကုန်းကြီးရွာ

ဝီကီပီးဒီးယား မှ
ကုန်းကြီးရွာ (အလယ်ကုန်း)၂၀၂၂
ကုန်းကြီးကျေးရွာ
ရွာ
ကုန်းကြီးကျေးရွာ
ကုန်းကြီးကျေးရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကုန်းကြီးကျေးရွာ
ကုန်းကြီးကျေးရွာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°33′02″N 95°07′56″E / 18.550687°N 95.132093°E / 18.550687; 95.132093ကိုဩဒိနိတ်: 18°33′02″N 95°07′56″E / 18.550687°N 95.132093°E / 18.550687; 95.132093
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်ပြည်ခရိုင်
မြို့နယ်ရွှေတောင်မြို့နယ်
ကျေးရွာအုပ်စုညောင်စာရေးတိုက်နယ်၊ ရှားပင်ဇင်းအုပ်စု
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကုန်းကြီးရွာသည်ပဲခူးတိုင်းဒေသကြီး (အနောက်) ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ညောင်စာရေးတိုက်နယ် တွင်ပါဝင်၍ ရှားပင်ဇင်းအုပ်စု တွင်ပါဝင်တည်ရှိပြီးမြန်မာသက္ကရာဇ်(၁၃၃၈)ခုနှစ်နောက်ပိုင်းတွင်ကုန်းပေါ်ကြီးသို့ရွေ့ပြောင်းလာခဲ့သောရွာဖြစ်သည်။

ကုန်းကြီးရွာသည် ပြည်ခရိုင်နှင့်(၂၁)မိုင်၊ ရွှေတောင်မြို့နယ်နှင့်(၁၂)မိုင် ၊ ညောင်စာရေးတိုက်နယ် နှင့်(၂မိုင် ၊ ၅ဖလုံ )အကွာတွင်တည်ရှိပါသည်။


ကျေးရွာဖွဲ့စည်းနေထိုင်ပုံ[ပြင်ဆင်ရန်]

ကုန်းကြီးရွာသည် မြို့နယ်အခေါ်အဝေါ်မှာကုန်းကြီးအထက်ရွာ ၊ကုန်းကြီးအောက်ရွာဟုခေါ်ကြပြီး ရပ်ရွာသားများက အထိုအမည်ကိုခေါ်ဝေါ်ခြင်းမရှိပါ။ကုန်းကြီးရွာသည်ကုန်းငယ်များဖွဲ့၍နေထိုင်ကျပြီး တောင်ကုန်း၊ရွာသစ်ကုန်းနှင့်အလယ်ကုန်းသည်တစပ်ထဲထိစပ်နေ၍ ကုန်းကြီးအထက်ရွာတွင်ပါဝင်ပြီး ၊မြောက်ကုန်းနှင့်တမာကုန်းသည်ကုန်းကြီးအောက်ရွာတွင်ပါဝင်သည်။၎င်းတို့သည် (တောင်ကုန်း၊ရွာသစ်ကုန်း၊အလယ်ကုန်း၊မြောက်ကုန်း၊တမာကုန်း) အားလုံးကိုပေါင်းခေါ်လျှင် ကုန်းကြီးရွာတစ်ရွာထဲဖြစ်သည်။ကုန်းကြီးရွာသည် အိမ်ခြေ (၂၁၅) ဖြင့်ဖွဲ့စည်းထားသောရွာဖြစ်သည်။ လူဦးရေ (၆၇၀) ကျော်နေထိုင်ကြသည်။ကိုးကွယ်ယုံကြည့်မှုအနေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာကိုအများဆုံးကိုကွယ်ကျပြီး ရိုးရာနတ်ကိုးကွယ်မှုသည်အနည်းငယ် သာရှိသည်။

ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ကုန်းကြီးရွာသည်မြို့နယ်များသို့သွားလာရေးလွယ်စေရန် ရွှေတောင်မြို့သို့ဆက်သွယ်ထားသော ရွှေတောင် - ညောင်စာရေး - ကွေ့မလမ်းသည် လမ်းမိုင်အရှည် (၂၅ မိုင်၊ ၄ ဖာလုံ)ရှိသောလမ်းမ​ကြီးဖြစ်ပြီးထိုလမ်းမှတစ်ဆင့်မြို့နယ်များသို့သွားလာရသည်။ ကုန်းကြီးအလယ်ကုန်းအရှေ့ရွာထိပ်မှစ၍ ရှေ့ယခင်ကအတိုင်းပုံမပျက်ဖောက်လုပ်ထား​ သော ရှားပင်ဇင်းမှပွဲသာသို့ဆက်သွယ်ထားသော ပွဲသာ-ရှားတိုင်း-ရှားပင်ဇင်းလမ်း သည် ( ၂ မိုင်၊ ၃ ဖာလုံ )ကွာ​ဝေးပြီး ထိုမှ တဆင့်မြေနီလမ်းအတိုင်းသွားပြီးရှားတိုင်း၊​ရွှေခဲထိုရွာနှစ်ရွာဖြက်ပြီးပွဲသာကုန်းအ​နောက်ရွာထိပ်အထိ​ မောင်းပြီး ထိုမှတဆင့်ရွှေတောင် - ညောင်စာရေး ဆက်သွယ်ထားသောလမ်းအတိုင်းမှရွှေတောင်မြို့နယ်သို့ သွားရောက်ရသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ကုန်းကြီးရွာသည် လယ်၊ကိုင်း၊တောင်ယာ များ ပေါများပြီးဆန်စပါးနှင့်စိုက်ပျိုး​ရေးကိုအဓိကလုပ်ကိုင်​သောရွာဖြစ်သည်။အင်းအိုင်၊ချောင်းများလဲရှိ၍ငါးများရှာဖွေဖမ်းယူကာရပ်ရွာထဲသို့ရောင်းချကျသည်။မွေးမြူရေးအ​နေနဲ့ နွားများကိုအများဆုံးမွေးမြူ၍ ကြက်၊ဝက်များကိုတစ်နိုင်တပိုင်မွေးမြူကျသည်။အလုပ်ကိုင်များကိုမြန်မာပြည်ရှိမြို့ကြီးများတွင်အလုပ်သွားရောက်လုပ်ကိုင်၍​တချိုသည်ရွာတွင်လုပ်ကိုင်​ပြီး စင်ကာပူ၊မလေးရှား၊ထိုင်း၊ဂျပန်၊တရုတ် ​စသည့်ပြည်ပနိုင်ငံများသို့သွားရောက်လုပ်ကိုင်ကျသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကုန်းကြီးရွာသည်ရှေးယခင်က ကျွန်းပေါ်​​ဒေသတွင်ကုန်းငယ်သဖွယ်နေထိုင်ကျသည်။ကျွန်းပေါ်ဒေသတွင်နေထိုင်ကျသော ရွာများ၊ကုန်းငယ်များ များစွာရှိသည်။ကုန်းကြီးရွာသည်ရှေးယခင်ကအမည်မှာ ကုန်းကြီးရွာမကြီး ဖြစ်သည်။၎င်းနှင့်အိမ်နီးချင်းရွာများမှာ ကရင်ကျွန်း၊လက်ပံခွ​လေး ၊ တမာကုန်း၊ဒုန်းကုလား၊စစ်ကုန်းတို့ဖြစ်သည်။ ယခင်က ကျွန်းထဲတွင်နေထိုင်ခဲ့ကျပြီးဧရာဝတီမြစ်ရေကြောင့်ကမ်းကပါးများတဖြေးဖြေးပြိုကျခဲ့ပြီးနေရာသစ်တစ်ခုအားရွေ့ပြောင်းနေထိုင်ခဲ့ကျသည်။ကုန်းကြီးရွာမကြီး၏အရှေ့ဘက်တွင် ကုန်းပေါ်ကြီးတစ်ခုရှိသည် (ယခုရွာတည်ထား​သောနေရာ) ကုန်းပေါ်ကြီးသည်တောတောင်များထူထပ်၍ ကျားများနှင့်အခြားသားရဲတိရစ္ဆာန်များ ခိုအောင်းရာနေရာတစ်ခုဖြစ်ခဲ့သည်။ ထိုနေရာတွင်အိမ်တစ်အိမ်နှစ်အိမ်သာရှိသည်။အများစုကကျွန်းထဲတွင်သာနေထိုင်ကျသည်။ယခင်က အင်းများလဲရှိပြီးအင်းသူကြီးများလဲရှိသည်။ ယခုတိမ်ကောသွားသော ဆော်ကဲအင်းသည်ယခုအခေါ်မှာ ဆေးခင်းရိုး လို့အများကသိရှိကျပြီး ကျေးရွာများသောက်သုံးရေသည်ဆော်ကဲအင်းကိုသာ အဓိကအားထားကျသည်။ ယခုတိမ်​ကောသွားသောကုန်းကြီးအနောက်ရွာထိပ်တွင်ချောင်းတခုရှိသည်။ ယခင်အမည်မှာကျောက်ထုံးချောင်းဖြစ်ပြီး ဧရာဝ​​တီမြစ်ကြောင်းမှကြားဖြက်၍သရက်သုံးပင်ရွာမှစ၍ရှားပင်ဇင်းရွာအနောက်ရွာထိပ်ရှိဧရာဝတီမြစ်လက်တက်ထဲသို့စီးဆင်းသွားသည်။ ယခင်ကအဓိချောင်းသည်ဧရာဝတီမြစ်ရေကြီးချိန် ဝါဆို၊ဝါခေါင်တွင်သင်္ဘောများသွားလာကျပြီးယခုအချိန်တွင် ဧရာဝတီ​မြစ် ချောင်းဝတွင် ဆည်များတည်ဆောက်၍ပိတ်လိုက်ခြင်းကြောင့် အမြစ်ရေကြီးတွင်သာအနည်းသာရေလာပြီးအသုံးပြု၍မရတော့ပါ။

ဧရာဝတီ မြစ်ရေကြီးမူကြောင့်ကမ်းကပါးများပြိုကျ၍မြန်မာသက္ကရာဇ် ( ၁၃၃၈ )ခုနှစ် နောက်ပိုင်းတွင်ကုန်းပေါ်ကြီးသို့ရွေ့ပြောင်းလာခဲ့ပြီး အခြားရွာများလဲပြောင်းရွေ့လာခဲ့သည်။ ကုန်းပေါ်ကြီးသို့ ရောက်ရှိခဲ့စဉ် မှစ၍ ယခုအချိန်ထိ(၄၇) နှစ်အကြာရှိခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။