မာတိကာသို့ ခုန်သွားရန်

ကိုယ်စိတ်ထိန်းကျောင်း ဝါဒ

ဝီကီပီးဒီးယား မှ

မြှုပ်နှံလေ့ကျင့်မှု ဘာသာများ သို့မဟုတ် ကိုယ်စိတ်ထိန်းကျောင်း ဝါဒများ မှာ ခြိုးခြံကျင့်စဉ်စု (asceticism) ကို ဗဟိုပြုလျက် (များသောအားဖြင့်) လောကအကြောင်းကို ဖန်ဆင်းရှင် ရှိခြင်းဖြင့် မစဉ်းစားဘဲ သဘာဝနိယာမများအတိုင်း ဖြစ်ပျက်သည်ကို မြင်အောင် ရှုမြန်ရန်ဟုလည်း အားထုတ်တတ်သော အယူဝါဒများကို ဆိုလိုသည်။ အထင်ရှားဆုံး ဝါဒများအဖြစ် အရှေ့တိုင်းမှဖြစ်သော ဗုဒ္ဓဝါဒ နှင့် ဂျိန်းဝါဒ တို့ ပျံ့နှံ့ထွန်းကားလျက် ရှိသည်။ အဆိုပါ ဝါဒကြီး ၂ခုလုံးတွင် လောကအရှုပ်အရှင်းထဲမှ စိတ်အတွေးဆောင်လျက် ကိုယ်ခန္ဓာပါ လွတ်မြောက်မှု ဟူသော သဘောတရားတို့ကို ပန်းတိုင်ထား အားထုတ်ရန် အဆုံးအမတို့ အထင်ကရ ပါဝင်သည်။

သမိုင်းကြောင်း အကျဉ်းချုပ်[ပြင်ဆင်ရန်]

ဂျိန်းဝါဒနှင့် ဗုဒ္ဓဝါဒတို့မှာ ဘီစီ ၅၀၀ တဝိုက် ကာလမျိုးတွင် ရှေးအိန္ဒိယကုန်းတွင်းပိုင်း၏ မဟာဇနပဒတိုင်းတို့အကြား ထွန်းကားလက်စ ဝေဒကျမ်း (အသိမြတ်ကျမ်း)လာ အယူအဆတို့ကြား၌ စတင်ထွန်းကားခဲ့ခြင်း ဖြစ်ပြီး၊ တောထွက်မဟာဝီရ[၁] နှင့် ရဟန်းဂေါတမ စသူတို့က တွေးခေါ်ဦးဆောင်ပြခဲ့သည်။

အကိုးအကား

  1. Dundas 2002, p. 24.