မာတိကာသို့ ခုန်သွားရန်

မေခလာ

ဝီကီပီးဒီးယား မှ
မေခလာ
Maykhala
ကိုယ်ရေး အချက်အလက်များ
မူလတိုင်းပြည်ရန်ကုန်မြို့
ဂီတဟန်ပေါ့ခ်
အလုပ်အကိုင်အဆိုတော်၊ သရုပ်ဆောင်
တက်ကြွသည့်နှစ်များ၁၉၈၂-လက်ရှိ

မေခလာမှာ ၁၉၈၀ ကျော်ခေတ်များမှ စတင်ကာ နာမည်ကျော်ကြားခဲ့သည့် အဆိုတော်တစ်ဦးဖြစ်သည်။ မူရင်းသီချင်းများနှင့် နိုင်ငံခြားဘာသာပြန် ပြန်ဆိုတေးများကြောင့် နာမည်ကြီးလာခဲ့သည်။

မိဘများမှာ လေယာဉ်မှူး (ဟောင်း) ဦးဖေဖေကျော်နှင့် မယ်ဗမာ (ဟောင်း) ဒေါ်ဖြူဖြူရှိန် တို့ ဖြစ်ကြသည်။ ငယ်မည်မှာ ငယ်ငယ် ဖြစ်သည်။ []

၁၉၈၃ ခုနှစ်တွင် မြန်မာစာဖြင့် ဘွဲ့ရသည်။

အနုပညာ လှုပ်ရှားမှု

[ပြင်ဆင်ရန်]

ဒေသ (၂) တွင် ဒုတိယနှစ်တက်စဉ် ဆရာများ၏ တိုက်တွန်းချက်ဖြင့် မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်တွင် နွဲ့ယဉ်ဝင်း၏ အချစ်ဆိုတာ သီချင်းကို ဆိုသည်။ ဆိုဟန်ကို ဦးမြင့်လွင်က သဘောကျသဖြင့် စီးရီးသွင်းရန် ဖြစ်လာသည်။

တေးသီချင်းများ

[ပြင်ဆင်ရန်]

သူ၏ သီချင်းများစွာကို အောင်မြင်မှု အထွတ်အထိတ်ရောက်ရှိချိန်ဖြစ်သော ၁၉၈၀ ကျော်ကာလများတွင် ထွက်ရှိခဲ့သည်။ သူမ၏သီချင်းများကို တေးရေး နိုင်မြန်မာ၊ ကိုင်ဇာ၊ ဝင်းမင်းထွေး စသူတို့မှ ရေးပေးခဲ့သည်။"ပြန်ပေတော့"၊ "အဲ့သလောက်တောင်ချစ်ရသည်"၊ "ဂိုးသွင်းကောင်းတဲ့ကိုကို"၊"တစ်ခါက တက္ကသိုလ်"စသည့် သီချင်းများသည် သူ၏ နာမည်ကြီးသီချင်းများဖြစ်သည်။

ထွက်ခဲ့သော စီးရီးများ

[ပြင်ဆင်ရန်]
ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ကိုကိုရေ နွေရောက်ပြီ ဦးမြင့်လွင် ဇော်ဝမ်း နှင့် အတွဲခွေ
ပြန်ပေတော့ ၁၉၈၂
ဒဏ္ဍာရီ
ရေသူမ

တစ်ကိုယ်တော်ခွေအချို့

[ပြင်ဆင်ရန်]
  • ပြန်ပေတော့ (၁၉၈၂)
  • မပြောချင်လို့ကြည့်နေတာကြာပြီ
  • ပြန်ဆိုချင်သောသီချင်းများ ၁
  • ပြန်ဆိုချင်သောသီချင်းများ၂

စုံတွဲခွေအချို့

[ပြင်ဆင်ရန်]
  • မေခလာည (၂၅နှစ်ပြည့် အထိမ်းအမှတ်) (၂၀၀၇)[]
  • နှုတ်မဆက်နဲ့ ငိုချင်တယ်၁
  • နှုတ်မဆက်နဲ့ငိုချင်တယ်၂

ပုဂ္ဂိုလ်ရေး

[ပြင်ဆင်ရန်]

အိမ်ထောင်ဖက်မှာ သရုပ်ဆောင် ရန်ကျော်ဖြစ်ပြီး သမီးတစ်ယောက် ဖွားမြင်ထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. တက္ကသိုလ် အေးမြစန္ဒာ။ "စတီရီယို တေးသံရှင် မေခလာ"။ ရုပ်ရှင်ကြေးမုံ ဇာတ်လမ်းစုံ။
  2. Maykhala's songs။ myanmarmp3.net။ 2009-02-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။