မာတိကာသို့ ခုန်သွားရန်

စောဘွဲ့မှူး

ဝီကီပီးဒီးယား မှ
စောဘွဲ့မှူး
မွေးဖွား၁၉ အောက်တိုဘာ ၁၉၅၂
စစ်တွေမြို၊ရခိုင်ပြည်နယ်၊မြန်မာနိုင်ငံ
ကွယ်လွန်၂၄ ဇူလိုင်၊ ၁၉၉၄(1994-07-24) (အသက် ၄၁)
ဂီတဟန်ရော့ခ်ဂီတ
အလုပ်အကိုင်ဂီတပညာရှင်
တူရိယာဂစ်တာ
ပူးတွဲ ပါဝင်မှုIron Cross

စောဘွဲ့မှူး (၁၉ အောက်တိုဘာ ၁၉၅၂–၂၄ ဇူလိုင် ၁၉၉၄) သည် လိဒ်ဂစ်တာသမား တစ်ဦး ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံရှိ Iron Cross (အိုင်းရင်းခရော့စ်) တီးဝိုင်းကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။ သူသည် သီချင်းရေးဆရာတစ်ယောက်အဖြစ်လည်း ရပ်တည်ခဲ့သည်။ စောဘွဲ့မှူး သည် တိုင်းရင်းသား ကရင်ခရစ်ယာန်ဖြစ်ခဲ့သည်။[] အဆိုတော် ကိုင်ဇာ ၏ ကျော်ကြားသောသီချင်းများကို ရေးခဲ့သူမှာ စောဘွဲ့မှူး ဖြစ်သည်။ သူသည် အိုင်းရင်းခရော့စ်တီးဝိုင်း၏ လိဒ်ဂစ်တာသမား ချစ်စမ်းမောင် ၏ ဆရာ လည်း ဖြစ်ခဲ့သည်။

စောဘွဲ့မှူးသည် ၁၉၉၄-ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့တွင် ကွယ်လွန်သည်။ စောဘွဲ့မှူး သည် နာမည်ကျော် အဆိုတော် ကဗျာဘွဲ့မှူး နှင့် မီးမီးခဲ တို့၏ ဖခင်ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. From Rock to Romance 24 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2018 တွင် ပြန်စစ်ပြီး။
  2. Naing Zaw (Lazy Club) – Saw Bwe Hmu | MoeMaKa Burmese News & Media 24 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 June 2018 တွင် ပြန်စစ်ပြီး။