မာတိကာသို့ ခုန်သွားရန်

ကာသုမာရဖလိယ

ဝီကီပီးဒီးယား မှ

အရှင်ကာသုမာရဖလိယထေရ်[] နှင့်ပတ်သက်သော အကြောင်းအရာများကို အပဒါန်ပါဠိတော်[]တွင် တွေ့ရှိနိုင်သည်။ []

အတိတ်ဘဝ

[ပြင်ဆင်ရန်]

အရှင်ကာသုမာရဖလိယထေရ်လောင်းသည် သုံးဆယ့်တစ်ကမ္ဘာထက်တွင် ပွင့်တော်မူသော ဘုရားရှင်အား သရက်ဖြူသီး လှူဒါန်းခဲ့သည်။ တောင်ကြား၌ ထိုင်နေတော်မူစဉ် ဖူးမြင်ရသော မြတ်စွာဘုရားအား ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဦးခေါင်း၌ လက်အုပ်ချီလျက် သရက်ဖြူသီးကို ယူပြီး လှူဒါန်းခဲ့သည်။

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ အပါယ်လေးဘုံသို့ လားရောက်ခြင်းကို မသိခဲ့ရပေ။

ဂေါတမမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြု၍ ပဋိသမ္ဘိဒါလေးပါးဝိမောက္ခရှစ်ပါး နှင့် အဘိညာဉ်ခြောက်ပါးတို့ကို မျက်မှောက်ပြုကာ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်

[ပြင်ဆင်ရန်]

ဤဝတ္ထုသည် သဒ္ဓါစိတ်ဖြင့် ပြုလုပ်သော အလှူဒါန၏ အကျိုးကျေးဇူးကို ဖော်ပြထားသည်။ သေးငယ်သော အလှူဒါနပင်လျှင် ဘဝအဆက်ဆက် ကောင်းကျိုးချမ်းသာကို ခံစားစေနိုင်ပြီး နောက်ဆုံးဘဝတွင် ကိလေသာမှ လွတ်မြောက်ကာ နိဗ္ဗာန်သို့ ရောက်ရှိစေနိုင်ကြောင်း သွန်သင်ထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ထေရာပဒါန်ပါဠိတော်
  2. (အပ၊၂၊၈၈)
  3. ပိဋကတ်ဝတ္ထုလမ်းညွှန်