ကာမဂုဏ်

ဝီကီပီးဒီးယား မှ
(ကာမဂုဏ်ငါးပါး မှ ပြန်ညွှန်းထားသည်)

ကာမဂုဏ်ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ အလိုအရ ငါးဖြာအာရုံကို ဆိုလိုခြင်းဖြစ်ပြီး ကိလေသာအာရုံ၌ ဖွဲ့စည်းတတ်သော တရား ငါးပါး ဟု အဓိပ္ပာယ်ရသည်။ ထိုငါးပါးမှာ

  • (၁) ရူပါရုံ - အဆင်းအာရုံ၊
  • (၂) သဒ္ဒါရုံ - အသံအာရုံ၊
  • (၃) ဂန္ဓာရုံ - အနံ့အာရုံ၊
  • (၄) ရသာရုံ - အရသာအာရုံ၊
  • (၅) ဖောဋ္ဌဗ္ဗာရုံ - အတွေ့အထိအာရုံ။ [၁] တို့ ဖြစ်သည်။

ကာမဂုဏ်ဥပမာ ၁၀ ပါး[ပြင်ဆင်ရန်]

ကာမဂုဏ်တရားဥပမာ ၁၀ ချက်မှာ လက္ခဏသံယုတ်၊ နိဒါနဝဂ္ဂသုယုတ္တစသည့် ပါဠိတော်များ၌ လာရှိသည်။ ကာမဂုဏ်ကို အများသိထားသည်မှာ ကာမမီးဟူ၍ ဖြစ်သည်။

  1. အဋ္ဌိကင်္ကလူပမာ ကာမာ - ကာမဂုဏ်တို့သည် အရိုးစုနှင့် တူ၏။
  2. မံသပေသူပမာ ကာမာ - ကာမဂုဏ်သည် သားတစ်နှင့် တူ၏။
  3. တိဏုက္ကူပမာ ကာမာ - ကာမဂုဏ်သည် မြက်မီးတုတ်နှင့် တူ၏။
  4. အင်္ဂါရကာသူပမာ ကာမာ - ကာမဂုဏ်သည် ရှားမီးသွေးရဲရဲနှင့် တူ၏။
  5. သုပိနကူပမာ ကာမာ - ကာမဂုဏ်သည် အိပ်မက်နှင့် တူ၏။
  6. ယာစိတကူပမာ ကာမာ - ကာမဂုဏ်သည် အငှားပစ္စည်းနှင့် တူ၏။
  7. ရုက္ခဖလူပမာ ကာမာ - ကာမဂုဏ်သည် အသီးပြည့် သစ်ပင်နှင့် တူ၏။
  8. အသိသူနုပမာ ကာမာ - ကာမဂုဏ်သည် သားသတ်ရုံနှင့် တူ၏။
  9. သတ္တိသူလူပမာ ကာမာ - ကာမဂုဏ်သည် ဓားသန်လျက်နှင့် တူ၏။
  10. သပ္ပ သိရူပမာ ကာမာ - ကာမဂုဏ်သည် မြွေဦးခေါင်းနှင့် တူ၏။

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
  2. ဒေါက်တာဦးဉာဏဝရ သာသနဓဇ ဓမ္မာစရိယ၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ မဇ္ဈိမ ဘာဏက၊ မဇ္ဈိမ နိကာယ ကောဝိဒ (၂၀၁၄)။ ဗုဒ္ဓဘာသာဝေါဟာရ မြန်မာ-အင်္ဂလိပ် စွယ်စုံအဘိဓာန် Myanmar-English Encyclopedic Dictionary of Buddhist Terms။ p. ၂၁။ Unknown parameter |month= ignored (အကူအညီ)