မာတိကာသို့ ခုန်သွားရန်

ကရိတ် အဂျီနာ

ဝီကီပီးဒီးယား မှ
Craig Agena, right, competes against Norway's Alfredo Chinchilla in the 65 kilogram weight class of the judo event at the 1984 Summer Olympics.

ကရိတ် ဂျွန် အဂျီနာ (အင်္ဂလိပ်: Craig John Agena, ၁၉၆၀ ဖွား)[] သည် ယူနိုက်တက်စတိတ်အတွက် အိုလံပစ်အဆင့် ဂျူဒိုခဟောင်း တဦး ဖြစ်သည်။[] ၁၉၈၄ နွေအိုလံပစ်တွင် ဝင်ပြိုင်ခဲ့သည်။[]

သက်မွေး

[ပြင်ဆင်ရန်]

ကရိတ်ဂျွန်အဂျီနာကို ၇ စက်တင်ဘာ ၁၉၆၀ တွင် ဟာဝိုင်အီဟိုနိုလူလူ၌ မွေးသည်။[]

ကော်လိုရာဒိုပြည်နယ်၊ နော့ဂလင်းရှိ နော့ဂလင်း ဂျူဒိုစင်တာတွင် လေ့ကျင့်ခဲ့ပြီး၊[] (ဒုတိယနှင့် ပထမဆု အသီးသီးရခဲ့သော) ၁၉၈၁ နှင့် ၁၉၈၃ အမျိုးသားစီနီယာဂျူဒိုပြိုင်ပွဲ အပါအဝင် ပွဲစဉ်များစွာ၌ ဝင်ပြိုင်ခဲ့သည်။[][]

ကော်လိုရာဒိုတက္ကသိုလ် တက်ခဲ့သည်။[]

၁၉၈၃ တွင် တပ်ထဲ ဝင်ပြီးနောက်၊ စစ်တပ် ကမ္ဘာ့အဆင့် အားကစားပရိုဂရမ်တွင် ပြိုင်ရန် ရွေးချယ်ခံရသည်။ လက်ရည်စမ်းပွဲစဉ်များတွင် ဒုတိယ ရသဖြင့်၊ ၁၉၈၄ အိုလံပစ်အသင်းအတွက် တနေရာ ရရှိခဲ့ကာ၊[] ဂျူဒို ၆၅ ကီလို ဝိတ်တန်းတွင် ဝင်ပြိုင်ခဲ့သော်လည်း ပြုတ်သွားသည်။[]

ပြိုင်ပွဲများ ပြီးနောက်၊ ဂျာမနီရှိ တင့်ကားတပ်သို့ ပြောင်းရွှေ့ခံရသည်။ စန်ဒီယေဂိုတွင် ကျင်းပသည့် ၁၉၈၇ ကမ္ဘာ့ စစ်တပ်ချန်ပီယံလုပွဲတွင် ကြေးတံဆိပ် ရပြီး၊[] နောင်သော် အီရတ်နှင့် ဂျပန်တွင် တာဝန်ထမ်းဆောင်သည်။

၂၀၁၁ ဂျပန်တွင် ပြင်းထန်သော ဆူနာမီ ရိုက်ခတ်ရာ၊ ဗိုလ်မှူးကြီး ရာထူး တိုးသွားသော သူသည် Bilateral Coordination Action Team (BCAT) အဖွဲ့တွင် ခေါင်းဆောင် ဖြစ်နေသည်။ ကပ်ဘေးပြီးနောက် အမေရိကန်စစ်သည်အင်အားကို ကွပ်ကဲလျက်၊ အပျက်အစီးပုံများ ရှင်းရာ၌ ဂျပန်အစိုးရကို ကူညီသည်။[၁၀]

"ဂျပန်ယဉ်ကျေးမှုကို ပိုမိုနားလည်စေရန်နှင့် ဂျပန်လုံခြုံရေးနှင့် ဂျပန်-အမေရိကန် မဟာမိတ်အဖြစ်ကို အားကောင်းစေရန် ပံ့ပိုးပေးခြင်း"အတွက် ၂၀၁၄ တွင် တက်နေဝန်းဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။[၁၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 "Craig John AGENA - Olympic Judo | United States of America" (in en)၊ International Olympic Committee၊ 2016-06-15။
  2. US Olympic Judo Teams 1964 to present 2014-06-26 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-09-12 တွင် ပြန်စစ်ပြီး။
  3. 1 2 Craig Agena Bio, Stats, and Results 2020-04-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. "Judo's faithful find home in Northglenn - Colorado Community Media" (in en)၊ Colorado Community Media 15 April 2023 တွင် ပြန်စစ်ပြီး Archived from the original on 19 April 2023။
  5. Inc၊ Active Interest Media (December 1981)။ Black Belt (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Active Interest Media, Inc.။
  6. Craig Agena, Judoka, JudoInside 2017-08-13 တွင် ပြန်စစ်ပြီး။
  7. Craig Agena OlyMADMen။ 11 July 2022 တွင် ပြန်စစ်ပြီး။
  8. Inc၊ Active Interest Media (July 1984)။ Black Belt (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Active Interest Media, Inc.။
  9. Inc၊ Active Interest Media (February 1988)။ Black Belt (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Active Interest Media, Inc.။
  10. "Language Institute fills communication gap during Operation Tomodachi" (in en)၊ www.army.mil
  11. 2014 Spring Conferment of Decorations on Foreign Nationals 13 August 2017 တွင် ပြန်စစ်ပြီး။