ဝေ့ကျွမ်း

ဝီကီပီးဒီးယား မှ
ဝေ့ကျွမ်း
လပြည့်ညရဲ့စိန်ခေါ်သံ ဇာတ်ကောင်
ဝေ့ကျွမ်း
ပထမဆုံး ပါဝင်ခြင်းအတွဲ ၁
အချက်အလက်များ
လိင်ပုလ္လိင်
နိုင်ငံသားဟန်နိုင်ငံသား
ယခင်အလုပ်ဟန်နိုင်ငံစစ်သူကြီး
လက်ရှိအလုပ်လျှိုရှားအဖွဲ့ခေါင်းဆောင်
လက်နက်ငါးမန်းသွားဓား

လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ရော်ဘင်ရှန်(လီပင်းရှန်)ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲတွင် ပါဝင်သည့် အသက် ၃၀ အရွယ် ဓားသမားတစ်ဦး ဖြစ်သည်။

စိတ်နေသဘောထား[ပြင်ဆင်ရန်]

လျှို့ဝှက်သည်။ ခံစားချက်ကို ထုတ်ပြောလေ့မရှိ။

စွမ်းရည်[ပြင်ဆင်ရန်]

လပြည့်ညရဲ့စိန်ခေါ်သံ ဇာတ်လမ်းတွဲတွင် အသက်ရှင်ဆဲ ဓားသမားများ၌ ဒုတိယအတော်ဆုံးဖြစ်သည်။

လက်နက်[ပြင်ဆင်ရန်]

ဓားကိုလက်နက်အဖြစ်အသုံးပြုသည်။ ငယ်စဉ်အခါ သိုင်းသင်စဉ်က သစ်သားဓားကိုသုံးသည်။ ယခုလက်ရှိတွင် ငါးမန်းသွားဓားဟု နာမည်ကျော်သောဓားကိုသုံးသည်။

ဝတ်စုံအဆင်[ပြင်ဆင်ရန်]

ငယ်စဉ်အခါ သိုင်းသင်စဉ်က တစ်စုံဝတ်သည်။ ဇာမဏီဖြူ၏အတိတ်ဇာတ်လမ်းတွင်မူ အခြားဝတ်စုံတစ်စုံဖြင့်ပါဝင်လာသည်။ ယခုလက်ရှိတွင် နောက်တစ်စုံဝတ်သည်။ ဝတ်စုံပေါ်မှ အပေါ်ရုံထပ်ဝတ်သည်။ အပေါ်ရုံ၂ထည်ရှိသည်။ အတွဲ၁မှ အတွဲ၄အလယ်ခန့်အထိ တထည် အတွဲ၄ အလယ်ခန့်မှ အတွဲ၄အဆုံးအထိ တထည်ဖြစ်သည်။ ပထမအထည်မှာ ခေါင်းစွပ်မပါပေ။ ဒုတိယအထည်တွင်မူ ခေါင်းစွပ်ပါသည်။ အတွဲ၅တွင် ပထမတထည်ကို ပြန်ဝတ်သည်။

ဇာတ်ကွက်[ပြင်ဆင်ရန်]

ကွေကူ(သရဲတောင်ကြား)ဂိုဏ်းဝင်တစ်ဦးဖြစ်ပြီး ကယ်နယဲ့၏ ဆရာတူညီဖြစ်သည်။ ငယ်စဉ်က ကယ်နယဲ့နှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့ဖူးသည်။ ဝေ့ကျွမ်းသည် ချင်တပ်ဖွဲ့နှင့် ကုန်းစူးဂိုဏ်း၏အကူအညီဖြင့် လျှိုရှားအဖွဲ့ကို ဦးဆောင်ကာ မော့ဂိုဏ်းစက်မှုမြို့တော်ကို ချေမှုန်းခဲ့သည်။ စန်းဟိုင်မြို့စခန်းသို့ မော့ဂိုဏ်း ပြောင်းရွှေ့သောအခါ လျှိုရှားအဖွဲ့လည်း စန်းဟိုင်သို့သွားခဲ့သည်။ မော့ဂိုဏ်းသားများ စန်းဟိုင်မြို့တွင်အခြေကျသောအခါ ကွန်ဖြူးရှပ်ကျောင်းမှ ကျန်းလျန်၏ စေ့စပ်ပေးမှုဖြင့် မော့ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]