ကမ္ဘာ့လူဦးရေ

ဝီကီပီးဒီးယား မှ
World population estimates from 1800 to 2100, based on "high", "medium" and "low" United Nations projections in 2015 and UN historical estimates for pre-1950 data
Population growth graph generated with data supplied by World Bank, via Google
World population percentage by country
World population percentage by country

ကမ္ဘာ့လူဦးရေ ဆိုသည်မှာ လက်ရှိအသက်ရှင်လျက်ရှိသော လူသား စုစုပေါင်းဦးရေဖြစ်သည်။ ၂၀၁၇ ဧပြီလ ၂၄ တွင် ကမ္ဘာ့လူဦးရေသည် ခန့်မှန်းခြေ ၇,၅၀၀,၀၀၀,၀၀၀ ရောက်ရှိခဲ့ပြီဖြစ်သည်။[၁] ကုလသမဂ္ဂမှ ကြိုတင်ခန့်မှန်းထားသည်မှာ ကမ္ဘာ့လူဦးရေသည် ၂၁၀၀ ခုနှစ်တွင် ၁၁.၂ ဘီလီယံ တိုးပွားလာမည်ဟုဆိုသည်။[၂]

ကမ္ဘာ့လူဦးရေသည် ၁၃၁၅-၁၇ ငတ်မွတ်ခေါင်းပါးမှုကြီးနှင့် ၁၃၅၀ သေမင်းတမန်ကပ်ဆိုး ပြီးကတည်းက ဆက်တိုက်တိုးပွားလာခဲ့သည်။ ယင်းအချိန်က ၃၇၀ မီလီယံခန့်သာ ရှိခဲ့သည်။[၃] တစ်နှစ်လျင် ၁.၈% အထက်သို့ တိုးပွားလာသော အမြင့်ဆုံး ကမ္ဘာ့လူဦးရေ တိုးပွားနှုန်းသည် ၁၉၅၅-၁၉၇၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ၁၉၈၀ ခုနှစ်များနှောင်းပိုင်း၌ နှစ်စဉ်မွေးဖွားနှုန်းသည် ၁၃၉ မီလီယံခန့်ဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်။[၄] ယခုအခါမူ ၁၃၅ မီလီယံ ပုံသေနှုန်းထားဟု ဆိုသည်။[၅] နှစ်စဉ် သေဆုံးနှုန်းသည် ၅၆ မီလီယံရှိပြီး ၂၀၄၀ ခုနှစ်တွင် ၈၀ မီလီယံနှုန်း ရှိလိမ့်မည်ဟု မျော်လင့်ရသည်။[၆] ကုလသမဂ္ဂ လူဦးရေ ထောက်ပံ့ရေး၏အဆိုအရ ၂၀၁၁ အောက်တိုဘာ ၃၁ တွင် ၇ ဘီလီယံသို့ ရောက်ရှိခဲ့သည်။[၇][၈][၉]အမေရိကန် သန်ခေါင်စာရင်းဌာနအရမူ ၂၀၁၂ မတ်လ ၁၂ တွင် ဖြစ်သည်။[၁၀]

၂၀၁၆ ခုနှစ်အရ ကမ္ဘာ့လူဦးရေ၏ ပျမ်းမျှအသက်သည် ၃၀.၁ နှစ်ဖြစ်ပြီး အမျိုးသား ၂၉.၄ နှင့် အမျိုးသမီးမှာ ၃၀.၉ နှစ်ဖြစ်သည်။[၁၁] ၂၀၁၂ ကုလသမဂ္ဂ၏ မျော်မှန်းချက်များအရ ကမ္ဘာ့လူဦးရေသည် ပုံမှန်တိုးတက်ဖွယ်ရှိပြီး ၂၀၅၀ ခုနှစ်တွင် ၈.၃ ဘီလီယံမှ ၁၀.၉ ဘီလီယံကြား ရောက်လိမ့်မည်ဟုဆိုသည်။[၁၂][၁၃] ၂၀၀၃ UN Population Division အရမူ ကမ္ဘာ့လူဦးရေသည် ၂၁၅၀ ခုနှစ်တွင် ၂၄ ၈ ဘီလီယံရှိလာမည်ဟုဆိုပြီး[၁၄] ၂၀၁၄ ခန့်မှန်းချက်အရ ၉.၃ နှင့် ၁၂.၆ ဘီလီယံဟု ကြိုတင်ခန့်မှန်းထားသည်။[၁၅][၁၆] အချို့သော သုံးသပ်သူများက လူသားများ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှု၊ ကမ္ဘာလုံးဆိုင်ရာ အစာပင်ရင်းနှင့် စွမ်းအင်အရင်အမြစ်များအပေါ် လွန်ကဲစွာ သုံးစွဲမှု စသည်တို့ကြောင့် ကမ္ဘာ့လူဦးရေသည် ရေရှည်တွင် ကြာရှည်ခံ/မခံ ဆိုသည်အား မေးခွန်းထုတ်ကြသည်။[၁၇][၁၈][၁၉] ခန့်မှန်းချက်အရ အသက်ရှင်ခဲ့ဖူးသမျှ လူသားဦးရေ စုစုပေါင်းသည် ၁၀၆ မှ ၁၀၈ ဘီလီယံကြား ရှိသည်ဟုဆိုသည်။[၂၀][၂၁][၂၂]

World population (millions, UN estimates)[၂၃]
# Top ten most populous countries 2000 2015 2030*
1 တရုတ်ပြည်သူ့သမ္မတနိုင်ငံ China* 1,270 1,376 1,416
2 အိန္ဒိယနိုင်ငံ India 1,053 1,311 1,528
3 အမေရိကန်ပြည်ထောင်စု United States 283 322 356
4 အင်ဒိုနီးရှားနိုင်ငံ Indonesia 212 258 295
5 ဘရာဇီးနိုင်ငံ Brazil 176 208 229
6 ပါကစ္စတန်နိုင်ငံ Pakistan 138 189 245
7 နိုင်ဂျီးရီးယားနိုင်ငံ Nigeria 123 182 263
8 ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bangladesh 131 161 186
9 ရုရှားနိုင်ငံ Russia 146 143 139
10 မက္ကဆီကိုနိုင်ငံ Mexico 103 127 148
World total 6,127 7,349 8,501
Notes:
  • China = Mainland China only
  • 2030 = Medium variant


ကိုးကား[ပြင်ဆင်ရန်]

  1. World Population Clock: 7.5 Billion People (2017) - Worldometers (in en)။ 2017-03-18 တွင် ပြန်စစ်ပြီး။
  2. World Population Prospects - Population Division - United Nations။ 2016-09-15 တွင် ပြန်စစ်ပြီး။
  3. Jean-Noël Biraben (1980), "An Essay Concerning Mankind's Evolution". Population, Selected Papers. Vol. 4. pp. 1–13. Original paper in French: (b) Jean-Noël Biraben (1979)."Essai sur l'évolution du nombre des hommes". Population. Vol. 34 (no. 1). pp. 13–25.
  4. World Population Prospects, 2012 revision (697 million births from 1985–1990)။ United Nations (2012)။ August 27, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 11, 2015 တွင် ပြန်စစ်ပြီး။
  5. Annual number of births – World။ United Nations Population Division (2011)။ March 27, 2015 တွင် ပြန်စစ်ပြီး။
  6. World Population estimates by the US Census Bureau။ USCB။ January 11, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 22, 2012 တွင် ပြန်စစ်ပြီး။
  7. "Population seven billion: UN sets out challenges"၊ BBC News၊ October 26, 2011။ October 27, 2011 တွင် ပြန်စစ်ပြီး 
  8. Coleman၊ Jasmine။ "World's 'seven billionth baby' is born"၊ The Guardian၊ October 31, 2011။ October 31, 2011 တွင် ပြန်စစ်ပြီး 
  9. 7 billion people is a 'serious challenge။ UPI (October 31, 2011)။ November 9, 2011 တွင် ပြန်စစ်ပြီး။
  10. The World Population at 7 Billion။ Random Samplings, official blog of the U.S. Census Bureau (October 31, 2011)။ 26 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 23, 2016 တွင် ပြန်စစ်ပြီး။
  11. CIA, The World Factbook: Field Listing: Median Age။ 14 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 July 2017 တွင် ပြန်စစ်ပြီး။
  12. World Population Prospects, the 2012 Revision – "Low variant" and "High variant" values။ UN (2012)။ June 15, 2013 တွင် ပြန်စစ်ပြီး။
  13. World population projected to reach 9.6 billion by 2050 – UN report။ UN News Centre (June 14, 2013)။ June 16, 2013 တွင် ပြန်စစ်ပြီး။
  14. "Key Findings"။ Long-Range Population Projections (PDF)Proceedings of the United Nations Technical Working Group on Long-Range Population Projections။ New York: United Nations: Department of Economic and Social Affairs။ 2003July 3, 2010 တွင် ပြန်စစ်ပြီး
  15. Carrington, Damien (September 18, 2014)။ World population to hit 11bn in 2100 – with 70% chance of continuous riseThe Guardian။ September 21, 2014 တွင် ပြန်စစ်ပြီး။
  16. "World population stabilization unlikely this century" (September 14, 2014). Science 346 (6206): 234–7. AAAS. doi:10.1126/science.1257469. ISSN 1095-9203. PMID 25301627. PMC:4230924. Retrieved on September 21, 2014. 
  17. Peter P. Rogers; Kazi F. Jalal & John A. Boyd (2008)။ An Introduction To Sustainable Development။ Earthscan via Google Books။ p. 53။ Cite uses deprecated parameter |last-author-amp= (အကူအညီ)
  18. "Overpopulation's Real Victim Will Be the Environment"၊ TIME၊ October 26, 2011။ February 18, 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 18 February 2013။ 
  19. Zehner၊ Ozzie (2012)။ Green Illusions။ Lincoln and London: University of Nebraska Press။ pp. 187–331။ 4 April 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး6 July 2017 တွင် ပြန်စစ်ပြီး
  20. Fact or Fiction
  21. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Curtin2007
  22. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Haub1995
  23. World Population Prospects: The 2015 Revision။ UN Population Division။ December 22, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။. Linked to at Download Files, where it states that the figures are for July 1 of the given year.