ကန္ဒီမြို့
ပုံပန်းသွင်ပြင်
ကန္ဒီမြို့သည် သီရိလင်္ကာနိုင်ငံ၊ အလယ်ပိုင်းပြည်နယ်၏ အဓိက မြို့ ဖြစ်သည်။ ဆင်ဟာလီးစ်ဘာသာစကားဖြင့် မဟာနူဝါရ ဟု အသံထွက်သည်။ သီရိလင်္ကာ နိုင်ငံကို ဘုရင်များ အုပ်စိုးခဲ့သော ရှေးခေတ်ကာလ၏ နောက်ဆုံးမင်းနေပြည်တော်လည်း ဖြစ်သည်။ [၁]လက်ဖက်အဓိကစိုက်ပျိုးသော ကန္ဒီကုန်းပြင်မြင့်၏တောင်ကုန်းများ ၏ အလယ်ခေါင်တွင် တည်ရှိသည်။ ကန္ဒီမြို့သည် အုပ်ချုပ်ရေး မြို့ဖြစ်သကဲ့သို့ ဘာသာရေးမြို့လည်း ဖြစ်သည်။ အလယ်ပိုင်းပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ ကန္ဒီမြို့တွင် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာနေရာဖြစ်သော ဗုဒ္ဓစွယ်တော်တိုက် (သီရိဒါလာဒမလိဂါဝ) တည်ရှိသည်။ (၁၉၈၈)ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေခံဒေသအဖြစ် အသိအမှတ်ပြု ခံရသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]ဤ ပထဝီဝင်တည်နေရာ အနေအထား ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |