ကညင်ကွင်းခြံတန်းရွာ၊ ဂျမ်းတိုက်

ဝီကီပီးဒီးယား မှ

ကညင်ကွင်းခြံတန်းရွာ၊ ဂျမ်းတိုက်

ကညင်ကွင်းခြံတန်း
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ဟင်္သာတခရိုင်
မြို့နယ်ဇလွန်မြို့နယ်
ကျေးရွာအုပ်စုဂျမ်းတိုက်[၁]

ကညင်ကွင်းရွာသည် ဇလွန်မြို့၏ တောင်ဘက် ၄ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ကညင်ကွင်းရွာမ၊ ကညင်ကွင်းရွာသစ်၊ ကညင်ကွင်းခြံတန်းမြောက်၊ ကညင်ကွင်းခြံတန်းတောင်၊ ကညင်ကွင်းအလယ်စု ဟူ၍ ရွာစု ၅ ပါဝင်သည်။ ဗမာလူမျိုးနှင့် ကရင်လူမျိုးများနေထိုင်ကြသည်။ အသက်မွေးဝမ်းကျောင်းမှာ လယ်လုပ်ငန်း၊ ခြံလုပ်ငန်းများ အဓိကလုပ်ကိုင်ကြသည်။ စပါး၊ ကွမ်း၊ မတ်ပဲနှင့် ဂန္ဓမာပန်းများ အဓိက ထွက်ရှိသည်။

ပြည်တော်ပြန်ဘုရားကြီး၏ ဂန္ဓကုဋိတိုက် ဒါယကာ ဦးရွှေကုန်း + ဒေါ်မင်းသွယ်တို့သည် ကညင်ကွင်းရွာကို တည်ထောင်စည်ကားစေခဲ့သည်။ ၁၂၇၄ ခုနှစ်တွင် ဦးရွှေကုန်း + ဒေါ်မင်းသွယ်တို့ တည်ထားကိုးကွယ်ခဲ့သော ပြည်လုံးချမ်းသာစေတီတော်သည် ကညင်ကွင်းရွာ၏ ထင်ရှားသော အမွေအနှစ် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011