၂၀၁၂ ရွှေဘို ငလျင်

ဝီကီပီးဒီးယား မှ
၂၀၁၂ ရွှေဘို ငလျင်
၂၀၁၂ ရွှေဘို ငလျင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
၂၀၁၂ ရွှေဘို ငလျင်
UTC အချိန်??
ရက်စွဲ *နိုဝင်ဘာ ၁၁၊ ၂၀၁၂ (၂၀၁၂-၁၁-၁၁)
အတိုင်းအတာ၆.၈ Mw
အနက်၉.၈ km (၆ mi)
ငလျင်ဗဟို23°00′50″N 95°52′59″E / 23.014°N 95.883°E / 23.014; 95.883ကိုဩဒိနိတ်: 23°00′50″N 95°52′59″E / 23.014°N 95.883°E / 23.014; 95.883
သက်ရောက်ဧရိယာမြန်မာနိုင်ငံ
အများဆုံးပြင်းအားVIII
ထိခိုက်သေကြေမှုများ၂၆[၁]

၂၀၁၂ ရွှေဘို ငလျင် သည် မန္တလေးမြို့ မြောက်ဘက် မိုင် ၇၀ ဝန်းကျင်တွင်ရှိသည့် ရွှေဘိုခရိုင်၌ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည် ငလျင်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုငလျင်ကြောင့် လူ ၂၆ ဦးထက် မနည်း သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာ ရရှိခဲ့သည်။ ငလျင်၏ ပြင်းအားမှာ ၆ ဒဿမ ၈ရှိပြီး ရွှေဘိုအနီးရှိ ဆောက်လုပ်ဆဲ မြစ်ကူးတံတားကြီးတစ်ခု ပြိုကျပျက်စီးခဲ့ကာ စေတီပုထိုးများနှင့် နေအိမ်များ ပျက်စီးခဲ့သည်။ မိုးကုတ်မြို့မှ စေတီများလည်း ပျက်စီးခဲ့ပြီး ငလျင်ဒဏ်အားကို အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှပင် တုန်လှုပ်ခံစားရသည်ဟုဆိုသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.mmtimes.com/index.php/national-news/3088-quakes-rattle-upper-myanmar-nay-pyi-taw.html
  2. မြန်မာနိုင်ငံ အလယ်ပိုင်း ငလျင်ကြီး လှုပ် http://www.bbc.co.uk/burmese/burma/2012/11/121111_burma_earthquake.shtml