အားနပ်စ် ရူသာဖို့ဒ်
အားနပ်စ် ရူသာဖို့ဒ် Ernest Rutherford, 1st Baron Rutherford of Nelson, OM, PC, FRS (30 August 1871 – 19 October 1937) သည် နယူးဇီလန် သိပ္ပံပညာရှင် ဖြစ်ပြီး သူ့အလုပ်ဖြစ်သော နူကလီးယား ရူပဗေဒ နှင့် အက်တမ် ဖွဲ့စည်းပုံ သီအိုရီ အတွက် ၁၉၀၈ ခုနှစ် ဓာတုဗေဒ ဆိုင်ရာ နိုဘယ်ဆု ကို ရရှိခဲ့သူ ဖြစ်သည်။
ရူသာဖို့ဒ် သည် ပထမဆုံးသော နူကလီယား ရူပဗေဒ သုတေသီ ဖြစ်သည်။ သူသည် အယ်လ်ဖာ၊ ဘီတာ နှင့် ဂမ်မာ ဟုခေါ်သော ရေဒီယိုသတ္တိကြွခြင်း အပိုင်း သုံးခု ကို ရှာတွေ့ခဲ့သည်။ အယ်လ်ဖာအမှုန်များသည် ဟီလီယမ် နူကလီအိုင် ဖြစ်သည်ကိုလည်း ရှာတွေ့ခဲ့သည်။ သူ၏ ဂိုင်ဂါ−မားစ်ဒမ် စမ်းသပ်မှု ကြောင့် ယနေ့သိရှိနေကြသော နူကလီးယပ်စ် နှင့် အီလက်ထရွန် တို့ ပေါင်းစပ်ထားသော အက်တမ် ဖွဲ့စည်းပုံ ကို ဆက်လက်လေ့လာနိုင်ကြခြင်းပင် ဖြစ်သည်။
၁၉၁၉ တွင်၊ ရူသာဖို့ဒ် သည် ကမ္ဘာ့ပထမဆုံးသော အယောင်ပြ နူကလီးယား ပေါင်းစပ်မှု ကို ပြုလုပ်ခဲ့သည်။ ထိုဖြစ်စဉ်မှ နိုက်ထရိုဂျင် ဓါတ်ငွေ့ ကို အောက်ဆီဂျင် ဓါတ်ငွေ့ အဖြစ်သို့ ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။
ရူသာဖို့ဒ် သည် ကဗမ်းဒစ်ရှ် (Cavendish) ဓါတ်ခွဲခန်း ကို ဦးဆောင်သူဖြစ်သည်။ ပရိုတွန် နှင့် နူထရွန် ပေါင်းစပ်ထားသော နူကလီးယပ်စ် တည်ရှိကြောင်းကို သက်သေပြနိုင်ခဲ့သည်။ ၁၉၃၂ ခုတွင် ထို ကဗမ်းဒစ်ရှ် ဓါတ်ခွဲခန်း တွင် ဂျိမ်းစ် ချဒွစ် ပြုလုပ်သော စမ်းသပ်မှုသည် ရူသာဖို့ဒ် မှန်ကြောင်း သက်သေပြနိုင်ခဲ့သည်။
နယူးဇီလန် အုတ်ကလန် ရှိ ရူသာဖို့ဒ် ကောလိပ် ကို သူ့ကို ဂုဏ်ပြုသော အားဖြင့် မှည့်ခေါ်ထားခြင်းဖြစ်သည်။
[ပြင်ဆင်ရန်] အခြားလင့်ခ်များ
| Wikimedia Commons has media related to: Ernest Rutherford |
- The Rutherford Museum
- Rutherford Scientist Supreme
- Ernest Rutherford @ nobel.se
- "Ernest Rutherford 1871 - 1937". A Science Odyesy, pbs.org.