နယူးဇီလန်နိုင်ငံ

From Wikipedia

(Redirected from နယူးဇီလန်)
နယူးဇီလန်
Aotearoa (မောင်ရီဘာသာ)
New Zealand
Flag of New Zealand.svg Coat of Arms of New Zealand.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - "ဘုရားက နယူးဇီလန်ကို ကာကွယ်ပါ"
"ဘုရားက ဘုရင်(မ)ကို စောင့်ရှောက်ပေးပါ"
ပထဝီ
LocationNewZealand.png
မြို့တော် ဝယ်လင်တန်
အကြီးဆုံးမြို့ အော့လန်
ဧရိယာ
  • မြေပြင်ဧရိယာ - ၂၆၈,၆၈၀ km² (၁၀၃,၇၃၈ sq mi) (အဆင့်: ၇၅)
  • ရေပြင်ဧရိယာ% - ၂.၁%
စံတော်ချိန်ဇုန် UTC +၁၂
နွေရာသီ - +၁၃
လူနေမှု
ရုံးသုံးဘာသာများ အင်္ဂလိပ် (၉၈%), မောင်ရီ (၄.၂%), NZ Sign Language (၀.၆%)
လူဦးရေ
လူမျိုးများ ဥရောပ (၆၉.၈%), မောင်ရီ (၇.၉%), အာရှ (၅.၇%), ပစိဖိတ်ကျွန်း (၄.၄%), အခြား (၀.၅%), ကပြား (7.8%), မဖြေ (၃.၈%)
ကိုးကွယ်ယုံကြည်မှု ခရစ်ယာန် (၅၆%), ဘာသာမဝင်သူ (၃၅%), အခြား (၅%)
နိုင်ငံရေး
အမျိုးအစား ပါလီမန်သောဒီမိုကရေစီနှင့် စည်းမျဥ်းခံဘုရင်အုပ်ချုပ်ရေး
အစိုးရခေါင်းဆောင်များ
ထူထောင်မှု
စီးပွားရေး
GDP(PPP) USD $၁၁၇.၆၉၆ သိန်းကုဋေ (အဆင့် - ၅၈)
GDP(PPP) USD $၂၇,၇၈၅ (အဆင့် - ၂၈)
HDI ၀.၉၄၃ (အမြင့်) (အဆင့် - ၁၉)
ဗဟိုဘဏ် Reserve Bank of New Zealand
ငွေ နယူးဇီလန်ဒေါ်လာ (NZD "$")
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 NZ
CCLTD .nz
Calling code +၆၄

နယူးဇီလန်သည် ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ဖက်ပိုင်းတွင် ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြောက်ဖက်ကျွန်းနှင့် တောင်ဖက်ကျွန်းဟူသော ကုန်းမြေကြီး ၂ ခု နှင့် စတူးဝတ်ကျွန်း/ရာကီအူရာနှင့် ချသန်ကျွန်းများ စသည့် ကျွန်းများ အပါအဝင် ကျွန်းငယ်လေးများစွာပါဝင်သည်။ အစကနဦးနေထိုင်သူ မောင်ရီလူမျိုးတိုက နယူးဇီလန်ကို Aotearoa ဟု အမည်ပေးပြီး အင်္ဂလိပ်ဘာသာဖြင့် ရှည်လျားသော တိမ်ဖြူများရှိသည့်မြေ ဟု ပြန်ဆိုကြသည်။ နယူးဇီလန်၏ နယ်မြေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရသော်လည်း နယူးဇီလန်နှင့် လွတ်လပ်စွာပေါင်းစပ်ထားသော ကွတ်ကျွန်းများနှင့် နျုးဝေး၊ တိုကလို နှင့် အန္တာတိကရှိ နယူးဇီလန်၏ နယ်မြေအဖြစ်သတ်မှတ်ထားသော ရော့စ်လက်အောက်ခံမြေတို့ပါ၀င်ကြသည်။

နယူးဇီလန်သည် ပထဝီအနေအထားအရထူးခြားသည်။ တက်စ်မန်ပင်လယ်ခြား၍ ဩစတေးလျ၏ အရှေ့တောင်ဖက် ၂၀၀၀ ကီလိုမီတာ (၁၂၅၀ မိုင်) အကွာတွင် တည်ရှိသည်။ သူ၏ မြောက်ဖက်ရှိ အနီးဆုံးအိမ်နီးချင်းနိုင်ငံများမှာ နယူးကယ်လီဒိုးနီးယား၊ ဖီဂျီ နှင့် တုံဂါတို့ဖြစ်သည်။ သူ၏ ကာလကြာရှည်စွာ အထီးကျန်ရပ်တည်ခဲ့မှုကြောင့် နယူးဇီလန်တွင် ကွဲပြားခြားနား၍ ငှက်တို့ကြီးစိုးသော တိရိစ္ဆာန်မျိုးစုများရှိသော်လည်း အများစုမှာ လူတို့ရောက်ရှိ၍ လူတို့နှင့်အတူပါလာသော နို့တိုက်သတ္တဝါများ ရောက်ရှိလာပြီးသည့် နောက်တွင် မျိုးတုံးသွားခဲ့သည်။

နယူးဇီလန်တွင် နေထိုင်ကြသူအများစုမှာ ဥရောပမှ ဆင်းသက်လာသူများဖြစ်ပြီး အစကနဦးနေထိုင်သူ မောင်ရီ လူမျိုးတို့မှာ လူနည်းစုလူမျိုးစုများအနက် ဦးရေအများဆုံးြဖစ်သည်။ အထူးသဖြင့် မြို့ကြီးများ၌ နေထိုင်သူများတွင် မောင်ရီများအပြင် အာရှသားနှင့် အခြားပိုလီနီးရှန်းများမှာလည်း ထင်ရှားသော လူမျိုးစုများဖြစ်သည်။ အဲလိဇဘက် ၂ သည် နယူးဇီလန်၏ ဘုရင်မဖြစ်ပြီး နိုင်ငံ၏ အကြီးအကဲလည်းဖြစ်သည်။ သူမအား ဘက်မလိုက်သော ဘုရင်ခံချုပ်က ကိုယ်စားပြုသည်။ ဘုရင်မသည် အကြီးအကဲဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ဘုရင်မသည် နိုင်ငံရေးအရ ဩဇာအာဏာမရှိပဲ သူမ၏ ရာထူးသည် ့ြပယုဂ်သာဖြစ်သည်။ နိုင်ငံ၏ အာဏာကို အစိုးရ၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် ရှိပြီး ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြောက်ထားသော နယူးဇီလန်ပါလီမန်က ချုပ်ကိုင်ထားသည်။

Contents

[ပြင်​ဆင်​ရန်​] အမည်ရင်းမြစ်

[ပြင်​ဆင်​ရန်​] သမိုင်း

[ပြင်​ဆင်​ရန်​] နိုင်ငံရေးနှင့် အစိုးရ

[ပြင်​ဆင်​ရန်​] နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ

[ပြင်​ဆင်​ရန်​] ပြည်နယ်များ

[ပြင်​ဆင်​ရန်​] ပထဝီနှင့် ရာသီဥတု

[ပြင်​ဆင်​ရန်​] စီးပွားရေး

[ပြင်​ဆင်​ရန်​] လူဦးရေပျံနှံ့ နေထိုင်မှု

[ပြင်​ဆင်​ရန်​] အယူဘာသာများ

[ပြင်​ဆင်​ရန်​] ယဉ်ကျေးမှု

[ပြင်​ဆင်​ရန်​] အားကစား

[ပြင်​ဆင်​ရန်​] ဆက်စပ်ကြည့်ရှုရန်

[ပြင်​ဆင်​ရန်​] ရည်ညှန်းချက်များ

[ပြင်​ဆင်​ရန်​] ပြည်ပဆက်သွယ်ရေး

Wiki letter w.svg ဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။
အ​ခြား​ဘာ​သာ​ဖြင့်​