အမျိုးသား ထိုင်ဝမ် တက္ကသိုလ်
| အမျိုးသား ထိုင်ဝမ် တက္ကသိုလ် 國立臺灣大學 National Taiwan University |
|
| ဆောင်ပုဒ် | 敦品勵學,愛國愛人 |
|---|---|
| Motto in English | Integrity, Diligence, Patriotism and Philanthropy |
| တည်ထောင်သည့်နှစ် | Founded 1928[၁] Reorganized 1945 |
| အမျိုးအစား | ပြည်သူပိုင် (အမျိုးသားအဆင့်) |
| President | Lee Si-Chen (李嗣涔) |
| ဆရာဦးရေ | 1,793 (full time), 1,188 (joint and adjunct) |
| တက္ကသိုလ်တန်း | 17,706 |
| မဟာတန်း | 15,710 |
| တည်နေရာ | ထိုင်ပေမြို့၊ ထိုင်ဝမ် |
| ပရိဝုဏ် | Urban, 1.6 km² (Greater Taipei combined), 344 km² (Nantou County combined) |
| ပါဝင်သည့် အဖွဲ့အစည်း | ASAIHL |
| ဝက်ဘ်ဆိုက် | (NTU Home) |
အမျိုးသား ထိုင်ဝမ် တက္ကသိုလ် (國立臺灣大學) (အတိုကောက်အားဖြင့် ထိုင်တာ့) သည် ထိုင်ဝမ်ရှိ သုတေသနပြု တက္ကသိုလ်ဖြစ်ပြီး ထိုင်ပေမြို့တွင် တည်ရှိသည်။ ထိုင်ပေအပြင် ထိုင်ဝမ်၏ အခြားဒေသများတွင်လည်း တက္ကသိုလ် နယ်မြေ ၆ ခုရှိသည်။[၂] လက်ရှိတွင် တက္ကသိုလ် လက်အောက်၌ ကောလိပ် ၁၃ ခု၊ တက္ကသိုလ် မေဂျာ ၅၄ ခု၊ မဟာတန်း မေဂျာ ၉၆ ခုနှင့် သုတေသနဌာန ၄ ခုရှိသည်။[၃] ပညာရေး နယ်ပယ် ၁၀၀ ကျော်အတွက် ဘွဲ့များကို အပ်နှင်းလျက်ရှိသည်။ ထိုင်ဝမ်တက္ကသိုလ်သည် ထိုင်ဝမ်တွင် နံပတ် ၁ အဆင့်ရှိပြီး ကမ္ဘာပေါ်တွင် နံပတ် ၉၅ မြောက် အကောင်းဆုံး တက္ကသိုလ်ဖြစ်သည်။[၄][၅][၆] ၂၀၁၀ ခုနှစ်တွင် နံပတ် ၉၄ နေရာသို့ တစ်ဆင့်တိုးလာသည်။[၇].
ထိုင်ဝမ်တက္ကသိုလ်ကို ၁၉၂၈ ခုနှစ်တွင် ဂျပန်ကိုလိုနီခေတ်၌ ထိုင်ဟိုကု တဲအိကိုကု ဒိုင်းဂါ့ကု (臺北帝國大學 - ထိုင်ပေ အင်ပါယာ တက္ကသိုလ်) ဆိုသည့် အမည်ဖြင့် တည်ထောင်ခဲ့သည်။ ထိုစဉ်အခါက ဂျပန်၏ သတ္တမမြောက် အင်ပါယာ တက္ကသိုလ် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် ပြီးနောက် တရုတ်သမ္မတနိုင်ငံ အစိုးရမှ ဂျပန်တို့ထံမှ လက်လွှဲယူကာ ၁၉၄၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် အမျိုးသား ထိုင်ဝမ် တက္ကသိုလ်အဖြစ် အမည် ပြောင်းလဲခဲ့သည်။[၈]
ကိုးကား [ပြင်ဆင်ရန်]
- ↑ as Taihoku Imperial University
- ↑ National Taiwan University_Campus Location & Area
- ↑ "National Taiwan University, (2007) " About NTU
- ↑ "Higher Education Evaluation and Accreditation Council of Taiwan, (2007) " 2007 Performance Ranking of Scientific Papers for World Universities
- ↑ http://www.globaluniversitiesranking.org/images/banners/top-100(eng).pdf
- ↑ http://www.webometrics.info/top100_continent.asp?cont=asia
- ↑ QS World University Rankings 2010 Results.
- ↑ "National Taiwan University, (2007) " NTU history