အက်ဖ်-၁၁၇ နိုက်ဟော့ခ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
F-117 Nighthawk
F-117 Nighthawk Front.jpg
အမျိုးအစား ကိုယ်ယောင်ဖျောက် တိုက်လေယာဉ်
မူလပထမနိုင်ငံ အမေရိကန်ပြည်ထောင်စု
ထုတ်လုပ်သူ လော့ခ်ဟိ ကော်ပိုရေးရှင်း
လော့ခ်ဟိမာတင်
ပထမဦးဆုံးခရီးစဉ် ဇွန် ၁၈ရက် ၁၉၈၁ ခုနှစ်
စတင်ပျံသန်းခြင်း ၁၅ အောက်တိုဘာလ ၁၉၈၃
အဓိကအသုံးပြုသူ အမေရိကန် လေတပ်
တည်ဆောက်ပြီးခဲ့သည့် အရေအတွက် ၆၄
တစ်စီးချင်း၏တန်ဖိုး US$42.6 million (flyaway cost)
US$111.2 million (total program)[၁]

လော့ခ်ဟိ အက်ဖ်-၁၁၇ နိုက်ဟော့ခ်သည် အမေရိကန် လေတပ်မှ ယခင်က အသုံးပြုခဲ့သော လူတစ်ဦးစီး အင်ဂျင် ၂လုံးတပ် ကိုယ်ယောက်ဖျောက် မြေပြင် တိုက်ခိုက်ရေး လေယာဉ်ဖြစ်သည်။ F117-A သည် ၁၉၈၁ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ပျံသန်းခဲ့ပြီး ၁၉၈၃ခုနှစ် အောက်တိုဘာလတွင် အစကနဦး အသုံးပြုနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ F-117A တီထွင်မှု ကို ၁၉၈၈ နိုဝင်ဘာတွင် ကမ္ဘာသို့ ကြေငြာခဲ့သည်။

လော့ခ်ဟိ စကန့်ခ် ဝေါ့ခ် (Lockheed Skunk Works) မှ ထုတ်လုပ်ခဲ့သော ထိုလေယာဉ်သည် ကိုယ်ယောင်ဖျောက် နည်းပညာ (stealth technology) ကို ပထမဆုံး အသုံးပြု တီထွင် ထားသော လေယာဉ်ဖြစ်သည်။ F117-A ကို ၁၉၉၁ ခုနှစ် ပါရှန်း ပင်လယ်ကွေ့ စစ်ပွဲ အတွင်း အသုံးပြုခဲ့ခြင်းကို လူသိများ ထင်ရှားသည်။ မြေပြင်တိုက်ခိုက်ရေး လေယာဉ်ဖြစ်သော်လည်း အများစုက ခေါ်ဝေါ်ကြသော အမည်မှာ Stealth Fighter ဟူ၍ ဖြစ်သည်။

အမေရိကန် လေတပ်သည် F-117 အသုံးပြုခြင်းကို ၂၀၀၈ ခုနှစ် ဧပြီလ ၂၂ တွင် ရပ်နားခဲ့သည်။ အကြောင်းမှာ အက်ဖ်-၂၂ ရက်ပ်တာ ကို စတင်အသုံးပြုခြင်းနှင့် အက်ဖ်-၃၅ လိုက်တနင်း ၂ ကို စတင် အသုံးပြုတော့မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။


ကိုးကား [ပြင်​ဆင်​ရန်​]

  1. Aronstein and Piccirillo 1997, p. 267.