အက်ဖ်-၃၅ လိုက်တနင်း ၂
Wikipedia မှ
| F-35 Lightning II | |
|---|---|
| အမျိုးအစား | ဘက်စုံသုံး ကိုယ်ယောင်ဖျောက် တိုက်လေယာဉ် |
| မူလပထမနိုင်ငံ | အမေရိကန်ပြည်ထောင်စု |
| ထုတ်လုပ်သူ | လော့ခ်ဟိမာတင် အေရိုနော့တစ် |
| ပထမဦးဆုံးခရီးစဉ် | ဒီဇင်ဘာ ၁၅ရက် ၂၀၀၆ ခုနှစ် |
| အဓိကအသုံးပြုသူ | အမေရိကန် လေတပ် |
| တည်ဆောက်ပြီးခဲ့သည့် အရေအတွက် | ၁၃ (အစမ်း) |
| တစ်စီးချင်း၏တန်ဖိုး | F-35A: ယူအက်စ် ဒေါ်လာ ၁၂၂ သန်း (ထုတ်လုပ်စရိတ် ၂၀၁၁)[၁] F-35B: ယူအက်စ်ဒေါ်လာ ၁၅၀ သန်း (ပျမ်းမျှစရိတ် ၂၀၁၁)[၂] F-35C: US$139.5M (avg. cost, 2011)[၂][၃] |
လော့ခ်ဟိမာတင် အက်ဖ်-၃၅ လိုက်တနင်း ၂ သည် တစ်ယောက်စီး အင်ဂျင်တစ်လုံးတပ် ပဉ္စမမျိုးဆက် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး ယခုလက်ရှိတွင် စမ်းသပ်ဆဲဖြစ်သည်။ မြေပြင်တိုက်ခိုက်ရေး၊ ထောက်လှမ်းရေးနှင့် လေကြောင်းရန် ကာကွယ်ရေး အတွက် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ်ပြီး ကိုယ်ယောင်ဖျောက် နည်းပညာကို အသုံးပြုထားသည်။ အက်ဖ် ၃၅ တွင် မော်ဒယ်လ် ၃ မျိုးရှိပြီး ပထမတစ်မျိုးမှာ ပုံမှန် အတက်အဆင်း ပြုလုပ်နိုင်သည့် အမျိုးအစား၊ ဒုတိယ တစ်မျိုးမှာ ပြေးလမ်း အတိုတွင် တက်နိုင်ပြီး ဒေါင်လိုက် ဆင်းသက်နိုင်သော အမျိုးအစား နှင့် တတိယတစ်မျိုးမှာ လေယာဉ်တင်သင်္ဘောတွင် အတက်အဆင်း ပြုလုပ်နိုင်သော အမျိုးအစား ဖြစ်သည်။
[ပြင်ဆင်ရန်] ကိုးကား
- ↑ "FY 2012 Budget Estimates", p. 01–1. United States Air Force, February 2011.
- ↑ ၂.၀ ၂.၁ Nick Schwellenbach (15 February 2011). JSF Likely Far More Expensive Than Aircraft They're Replacing. Project on Government Oversight.
- ↑ Fulghum, David A. "Canada Expects Much Higher JSF Unit Costs." Aviation Week, 10 March 2011.