အက်ဒ်မန်ဒ် လိခ်ျ

ဝီကီပီးဒီးယား မှ
Sir Edmund Ronald Leach
မွေးဖွား(1910-11-07)၇ နိုဝင်ဘာ၊ ၁၉၁၀
Sidmouth, England
ဆုံးပါး၆ ဇန်နဝါရီ၊ ၁၉၈၉(1989-01-06) (အသက် ၇၈)
Cambridge, England
နိုင်ငံလူမျိုးBritish
နယ်ပယ်social anthropology
အဖွဲ့အစည်းဌာနBurma Army
London School of Economics
Cambridge University
မိခင်ကျောင်းCambridge University
ဘွဲ့ယူစာတမ်းCultural change, with special reference to the hill tribes of Burma and Assam (1947)
ပါရဂူဘွဲ့ယူ တပည့်များFredrik Barth
ကျော်ကြားမှုအရင်းခံEthnographic work in Sarawak and Burma
Theories of social structure and cultural change
Kinship as ideal systems
Disagreement with French structuralist Claude Lévi-Strauss[၁]
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များProvost of King's College (1966–1979)
Chairman of Association of Social Anthropologists (1966–1970)
President of the Royal Anthropological Institute (1971–1975)
President of British Humanist Association (1970)
Knighted (1973)
Trustee of the British Museum (1975–1980)[၂]

Sir Edmund Ronald Leach အက်ဒ်မန်ဒ် ရော်နယ် လိခ်ျ FRAI FBA (နိုဝင်ဘာ ၇ ၊ ၁၉၁၀– ဇန်နဝါရီ ၆၊ ၁၉၈၉) သည် ဗြိတိသျှ လူမှုရေး မနုဿဗေဒ ပညာရှင် နှင့် ပညာရှင် တစ်ဦး ဖြစ်သည်။ သူသည် ဘုရင့်ကောလိပ်၊ ကိန်းဘရစ်ခ်ျ(King's College, Cambridge) ၌ 1966 မှ 1979 ခုနှစ်အထိ အမှုထမ်း ခဲ့သည်။ ၁၉၇၁ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ Royal Anthropological Institute ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

အစောပိုင်းနှစ်များ[ပြင်ဆင်ရန်]

မိသားစုဘဝ[ပြင်ဆင်ရန်]

Leach သည် Sidmouth ၊ Devon တွင်မွေးဖွားခဲ့ပြီး၊ မွေးချင်း၃ယောက်တွင်အငယ်ဆုံးဖြစ်ပြီး William Edmund Leach နှင့် Mildred Brierley ၏သားဖြစ်သည်။ သူ၏ဖခင်သည် အာဂျင်တီးနား မြောက်ပိုင်းတွင် သကြားကြံစိုက်ပျိုးရေးခြံတခြံ ပိုင်ဆိုင်ပြီး မန်နေဂျာအဖြစ် ထိုခြံ၌ပင် အလုပ်လုပ်သည်။ ၁၉၄၀ ခုနှစ်တွင် Leach သည် ထိုအချိန်က ပန်းချီဆရာ Celia Joyce နှင့် လက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် ကဗျာနှင့် ဝတ္ထုနှစ်အုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် သမီးတစ်ယောက်နှင့် ၁၉၄၆ ခုနှစ်တွင် သားတစ်ယောက်ထွန်းကားခဲ့သည်။

ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း[ပြင်ဆင်ရန်]

Leach သည် Marlborough College နှင့် Clare College, Cambridge တွင် ပညာသင်ကြားခဲ့ပြီး 1932 ခုနှစ်တွင် အင်ဂျင်နီယာဘွဲ့ဖြင့် BA ဘွဲ့ရခဲ့သည်။

Cambridge တက္ကသိုလ်မှ ထွက်ခွာပြီးနောက် Leach သည် တရုတ်နိုင်ငံရှိ Butterfield and Swire နှင့် 1933 ခုနှစ်တွင် လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဟောင်ကောင်ရှန်ဟိုင်းချုံကင်းချင်းတောင်မြို့ နှင့် ပေကျင်းမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ စာချုပ်သက်တမ်းကုန်ပြီးနောက်တွင် စီးပွားရေးအငွေ့အသက်ကို မကြိုက်တော့သလို ရုံးခန်းထိုင်ခုံပေါ်တွင် ဘယ်တော့မှ မထိုင်လိုတော့ကြောင်း သဘောပေါက်သွားခဲ့သည်။ ရုရှား ဆိုက်ဘေးရီးယားမှတဆင့်မီးရထားဖြင့် အင်္ဂလန်သို့ ပြန်လာရန် ရည်ရွယ်ခဲ့သော်လည်း ရုရှား၏ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မပြန်ဖြစ်ခဲ့ပါ၊ ပေကျင်းတွင်ရှိစဉ်၊ Leach သည် စိတ်ရောဂါအထူးကု၊ မော်မွန်သာသနာပြုဟောင်း Kilton Stewart ၏ဖိတ်ကြားမှုဖြင့် Formosa (ယခု ထိုင်ဝမ်) ကမ်းလွန်ရှိ Botel Tobagoသို့ရောက်လာခဲ့သည် ။ Leach သည် Formosa ကမ်းလွန် Botel Tobago ရှိ Yami အရပ်တွင် လပေါင်းများစွာ နေထိုင်ခဲ့ပြီး ဒေသတွင်း လှေဒီဇိုင်းနှင့်ပတ်သက်သော မနုဿဗေဒ လူမျိုးစု မှတ်တမ်း များကို ကောက်ယူပြုစုခဲ့သည်။ ဤမှတ်တမ်းများသည် 1937 ခုနှစ် မနုဿဗေဒဂျာနယ် Man တွင် ဆောင်းပါးတစ်ပုဒ်ကို ဖြစ်ပေါ်စေခဲ့သည်။ [၃]

ထို့နောက် သူသည် အင်္ဂလန်သို့ ပြန်လာကာ လန်ဒန်စီးပွားရေးတက္ကသိုလ် တွင် ရေမွန်ဖရသ် နှင့် လူမှုရေးမနုဿဗေဒဘာသာရပ်ကို လေ့လာခဲ့သည်။ ရေမွန်ဖရသ် ကဘရနစ်စလော မာလင်နိုစကီး နှင့် မိတ်ဆက်ပေးခဲ့သည်။ သူသည် မာလင်နိုစကီး ၏ "famous seminar" ၏တက်ကြွသောကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။ [၄]

၁၉၃၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကချင်တောင်တန်းများကို လေ့လာရေး သွားရန်စီစဉ်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ် ကြောင့် အဆင်မပြေခဲ့ပါ။ ၎င်းနောက် ၁၉၃၉ ဆောင်းဦးချိန် မှ ၁၉၄၅ ခုနှစ် နွေရာသီအထိ ဗမာ့ မျိုးချစ်တပ်မတော် သို့ ဝင်ရောက်ခဲ့ပြီး ဗိုလ်မှူးအဆင့်ထိရောက်ရှိခဲ့သည်။ Leach သည် မြန်မာပြည်မြောက်ပိုင်းတွင် နေထိုင်စဉ်အတွင်း ဗမာပြည်မြောက်ပိုင်းနှင့် တောင်ပေါ်သားမျိုးနွယ်စုများအကြောင်း လေ့လာခဲ့ပြီး အထူးတတ်မြောက်နားလည်ခဲ့သည်။ အထူးသဖြင့် သူက ကချင်လူမျိုးများနှင့် အလွန်ရင်းနှီးပြီး ကချင်တပ်များတွင် ယာယီတပ်မှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သေးသည်။ [၄] ၁၉၄၅ ခုနှစ်တွင် ကချင် မနုဿဗေဒဆိုင်ရာကျမ်းတစ်စောင်ဖြစ်သော Jinghpaw Kinship Terminology: An Experiment in Ethnographic Algebra" ကို ပြုစုထုတ်ဝေခဲ့သည် [၅]

၁၉၄၆ ခုနှစ်တွင် တပ်မတော်မှ ထွက်ခွာပြီးနောက် Raymond Firth ၏ ကြီးကြပ်မှုဖြင့် သူ၏ ပါရဂူဘွဲ့ယူစာတမ်း ကို အပြီးသတ်ရန် လန်ဒန်စီးပွားရေးတက္ကသိုလ် သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၄၇ ခုနှစ် နွေဦးပေါက်တွင် သူသည် မနုဿဗေဒတွင် ပါရဂူဘွဲ့PhD ရရှိခဲ့သည်။ စာမျက်နှာ 732 ပါသော ၎င်း၏ စာတမ်းသည် မြန်မာနိုင်ငံရှိ ၎င်း၏အချိန်ကို အခြေခံကာရေးသားထားပြီး ကျမ်းအမည်မှာ Cultural change, with special reference to the hill tribes of Burma and Assam ဖြစ်သည်။ [၆] ထိုနှစ်နှောင်းပိုင်းတွင် Sir Charles Arden Clark ၏တောင်းဆိုချက်အရ Sarawak ၏ဘုရင်ခံ (ထိုစဉ်ကဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင်) နှင့် British Colonial Social Science Research Council မှ Leach အား ဒေသတွင်းစစ်တမ်းကောက်ယူရန် ဖိတ်ကြားခဲ့သည်။ [၇] ထိုမှထွက်ပေါ်လာသော ၁၉၄၈ခုနှစ် အစီရင်ခံစာ (အစီရင်ခံစာအမည်-Sarawak ရှိလူမှုသိပ္ပံသုတေသန ) သည်နောင်လာနောက်သား များအတွက်ကိုးကားညွှန်းဆိုစရာဖြစ်ခဲ့သည်။ Leach သည် ဤနယ်ပယ်တွင်နောက်ထပ် စာစောင်ငါးစောင်ကို ထုတ်ခဲ့သည်။ ဘော်နီယိုတွင် ကွင်းဆင်းလေ့လာရာမှ ပြန်လာသောအခါ Leach သည် လန်ဒန်စီးပွားရေးတက္ကသိုလ် တွင် ကထိကဖြစ်လာခဲ့သည်။

1951 ခုနှစ်တွင် Leach သည် Curl Essay Prize [၈] ကို ရရှိခဲ့ပြီး ဆွေမျိုးသားချင်း သီအိုရီနှင့် ပတ်သက်သည့် အရေးကြီးသော သီအိုရီများကို ဖော်ထုတ်ခဲ့သည်။ ကချင်လူမျိုးများ၏ ဆွေမျိုးသားချင်း သဘောသဘာဝများကို အခြေခံ၍ Structural Implications of Matrilateral Cross-Cousin Marriage ကိုရေးသားခဲ့သည်။ [၉]

1953 ခုနှစ်တွင် Cambridge University (ကိန်းဘရစ်ချ် တက္ကသိုလ်) တွင် ကထိကဖြစ်လာခဲ့ပြီး 1957တွင် Reader သို့ ရာထူးတိုးခဲ့သည်။

1972 ခုနှစ်တွင်သူသည် Personal Chair Professor ရာထူး ကိုရရှိခဲ့သည်။ ဘုရင့်ကောလိပ်၊ ကိန်းဘရစ်ခ်ျ 1966 တွင် ကျောင်းဆရာ အဖြစ်ရွေးချယ်ခံရပြီး 1979 ခုနှစ်တွင်အငြိမ်းစား; တော်ဝင်မနုဿဗေဒအင်စတီကျု ဥက္ကဋ္ဌ (၁၉၇၁-၁၉၇၅)၊ ဗြိတိသျှအကယ်ဒမီ ၏ ဖော် (၁၉၇၂) မှ ၁၉၇၅ တွင် သူရဲကောင်း ဖြစ်ခဲ့သည်။

ပညာရပ်ဆိုင်ရာအကျိုးပြုခဲ့မှုများ[ပြင်ဆင်ရန်]

Leach သည် ဗြိတိန် structural-functionalism နှင့် ပြင်သစ် Structuralism အကြား ကွာဟချက်ကို ချဲ့ထွင်ခဲ့သည်။ [၁၀]

Leach ၏ ပထမဆုံးစာအုပ်မှာ Political Systems of Highland Burma (1954)၊ ဖြစ်ပြီး မြန်မာနိုင်ငံ ကချင်တောင်တန်းဒေသရှိ လူမျိုးစုများ၏ လူမှုဖွဲ့စည်းပုံနှင့် ယဉ်ကျေးမှုများကိုလေ့လာတင်ပြကာ၊ ရှိနှင့်ပြီးသော အစဉ်လာ လူမှုဖွဲ့စည်းပုံနှင့် ယဉ်ကျေးမှုပြောင်းလဲမှုဆိုင်ရာ သီအိုရီများ၏ခိုင်မာမှန်ကန်နိုင်စွမ်းကို စိန်ခေါ်ခဲ့သည်။

သူ၏ဒုတိယမြောက်စာအုပ် Pul Eliya (1961)မှာ သီဟိုဠ်ကျွန်းရှိ ရွာတစ်ရွာဖြစ်သည့် Pul Eliya တွင် ရှိသော ဆွေမျိုးစပ်ခြင်းသီအိုရီများကို စံပြစနစ်များအဖြစ် တင်ပြထားသောစာအုပ်ဖြစ်သည်။ Curl Essay Prize ဆုကိုရရှိခဲ့သည့် သူ၏ ၁၉၅၁ ဆောင်းပါးတွင် Leach သည် Levi-Strauss ၏အတွေးအမြင်များကို သဘောမတူကြောင်းပထမဆုံးကိုးကားဝေဖန်ထောက်ပြခဲ့သည်။ Leach သည် Levi-Strauss ၏ကျမ်းများကို သဘောမတူသောအမြင်ဖြင့် ဆန်းစစ်ထောက်ပြပြီး ဗြိတိန်လူမှုမနုဿဗေဒပညာရပ်အတွက်မိတ်ဆက်ခဲ့သည်။

ကျမ်း[ပြင်ဆင်ရန်]

Social And Economic Organization of the Rowanduz Kurds (Berg Publishers, 1940)

Political Systems of Highland Burma: A Study of Kachin Social Structure (Harvard University Press, 1954)

ed. Aspects of Caste in South India, Ceylon and North-West Pakistan (Cambridge University Press, 1960; revised edition 1971)

Rethinking Anthropology (Robert Cunningham and Sons Ltd., 1961)

Pul Eliya: A Village in Ceylon: A Study of Land Tenure and Kinship (Cambridge University Press, 1961)

Dialectic in Practical Religion (Cambridge University Press, 1968)

ed. Structural Study of Myth and Totemism (Routledge, 1968)

A Runaway World? (London: BBC, 1968)

Genesis as Myth and Other Essays (Jonathan Cape, 1969)

Lévi-Strauss (Fontana Books, 1970; new edition 1985)

Claude Lévi-Strauss (Viking Press, 1970; revised edition in 1974; 2nd revised edition 1996)

Culture and Communication: The Logic by which Symbols Are Connected. An Introduction to the Use of Structuralist Analysis in Social Anthropology (Cambridge University Press, 1976)

Custom, Law and Terrorist Violence (Edinburgh University Press, 1977)

ed. The Kula: New Perspectives on Massim Exchange with Jerry W. Leach (Cambridge University Press, 1983)

Social Anthropology (Oxford University Press, 1982)

Structuralist Interpretations of Biblical Myth (Cambridge University Press, 1983)

The Essential Edmund Leach (Anthropology & Society & Culture & Human Nature) ed. by Stephen Hugh-Jones and James Laidlaw (Yale University Press, 2001, 2 vols.)

ed. Elites in South Asia with S. N. Mukherjee (Cambridge University Press, 2009)

စာပေ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Meiser, Heather (2007) "Edmund Ronald Leach 1910-1989" E-Museum @ Minnesota State University webpage" Archived 17 October 2006 at the Wayback Machine. Accessed 6 May 2010
  2. Tambiah, Stanley J (2002) "Edmund Leach: an Anthropological life" Cambridge University Press, Cambridge Accessed 6 May 2010
  3. "220. Boat Construction in Botel Tobago" (1937). Man 37: 185–187. doi:10.2307/2790297. 
  4. ၄.၀ ၄.၁ Edmund Leach: An Anthropological Life။ 2002-02-14။ ကိုးကား အမှား - Invalid <ref> tag; name "Edmund Leach: An Anthropological Life" defined multiple times with different content
  5. "Jinghpaw Kinship Terminology" (1945): 59–72. 
  6. Cultural change, with special reference to the hill tribes of Burma and Assam (PDF)။ 1947။
  7. "Obituaries - Edmund Leach" (September 1989): 78–79. 
  8. Curl Essay Prize Past Awards။ 2016-12-02 တွင် ပြန်စစ်ပြီး။
  9. "The Structural Implications of Matrilateral Cross-Cousin Marriage" (1951-01-01): 23–55. 
  10. Claude Levi-Strauss (အင်္ဂလိပ်ဘာသာစကားဖြင့်)။ 1989-10-15။


ပြင်ပလင့်များ[ပြင်ဆင်ရန်]