သောင်းနိုင်

ဝီကီပီးဒီးယား မှ

သောင်းနိုင်
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊တရားသူကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၄ မတ် ၂၀၂၂
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၄
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး)
အလုပ်အကိုင်တပ်မတော်သား၊တရားသူကြီး
ဆုတံဆိပ်များဇေယျကျော်ထင်ဘွဲ့[၁]
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးတွဲဖက်စစ်ဥပဒေချုပ်(ကြည်း ၂၀၈၇၁)
Commands၁၉၈၈-၂၀၂၂

ဦးသောင်းနိုင်(၁၉၆၄ ဖွား)သည် မြန်မာလူမျိုးတရားသူကြီး တစ်ဦးဖြစ်သည်။သူသည် တပ်မတော် တွဲဖက်စစ်ဥပဒေချုပ် အဖြစ်မှ အငြိမ်းစားယူကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်လာသူဖြစ်သည်။[၂]

ပညာရေး[ပြင်ဆင်ရန်]

တရားသူကြီးဦးသောင်းနိုင် သည် ၁၉၈၅ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Transnational Law and Business University (TLBU) (South Korea) မှ မဟာဥပဒေဘွဲ့ (LL.M) ကို ရရှိခဲ့သည်။[၃]

တပ်မတော်သားဘဝ[ပြင်ဆင်ရန်]

သူသည် တပ်မတော်စစ်ဥပဒေချုပ်ရုံး တွင် တွဲဖက်စစ်ဥပဒေချုပ် ရာထူးအထိ (၃၄) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၂၂ ခုနှစ် မတ်လတွင် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူကာ အရပ်ဘက် တရားရေးဌာနသို့ ကူးပြောင်းလာသည်။

ထင်ရှားမှု[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် ကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ရွာ လူသတ်မှု အပါအဝင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ရုပ်အလောင်းများကိစ္စ နှင့် စပ်လျဉ်းပြီး တပ်မတော်ဘက်က စစ်ခုံရုံးဖွဲ့ပြီး ဆောင်ရွက်ခဲ့မှုတွင် ၎င်းသည် တွဲဖက်စစ်ဥပဒေချုပ်အနေဖြင့် အရေးပါသည့် ကဏ္ဍမှ ပါဝင်ခဲ့သည်။[၄]ယင်းအပြင် ICJ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာခုံရုံး တွင် မြန်မာ့အရေး ကြားနာစစ်ဆေးမှုကိစ္စရပ် နှင့် စပ်လျဉ်း၍လည်း တပ်မတော်ဘက်မှ လိုက်ပါဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။[၅] [၆]

တရားလွှတ်တော်တရားသူကြီးဘဝ[ပြင်ဆင်ရန်]

ဦးသောင်းနိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့သည်။[၇]

ထင်ရှားမှု[ပြင်ဆင်ရန်]

ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ် ခင်ကြည် အမည်ပေါက် ခြံအမှတ် (၅၄) ခြံနှင့်အိမ် အမွေဆိုင်မှုနှင့် ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ အထူးအယူခံတင်ပြတောင်းဆိုချက်အတိုင်း ခွင့်ပြုခဲ့သည့် အထူးအယူခံခုံရုံး တရားသူကြီး(၅) ဦးထဲ ၎င်းလည်း ပါဝင်ခဲ့သည်။ [၈][၉]

မိသားစုဘဝ[ပြင်ဆင်ရန်]

ဦးသောင်းနိုင်သည် အိမ်ထောင်ရှင် တစ်ဦးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ငံတော်စီမဲအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်(၂/၀၂၂) စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းခြင်းMOI Myanmar (၄ ဇန်နဝါရီ ၂၀၂၂)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ရာဇဝတ်အထူးအယူခံမှု တစ်မှုနှင့် တရားမအထူးအယူခံမှု ခုနစ်မှုတို့ကို စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု နှစ်မှုရုံးထိုင်ကြားနာMOI Myanmar (၂ ဇူလိုင် ၂၀၂၃)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊တရားသူကြီးများပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ICJ အမှုမှာ အစိုးရဦးဆောင်မှုနောက် လိုက်နာမည်ဟု တပ်မတော်ပြောဆိုVOA Burmese (၂၄ နိုဝင်ဘာ ၂၀၁၉)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. အစိုးရ ပေးပို့သည့် ICOE အစီရင်ခံစာ အသေးစိတ် လေ့လာရမည်ဟု တပ်မတော် ပြောဧရာဝတီသတင်း (၂၃ ဇန်နဝါရီ ၂၀၂၀)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. စစ်ခုံရုံးဆောင်ရွက်ချက်တွေကို စောင့်ကြည့်ဖို့ တပ်မတော်ပြောRFA Burmese (၂၄ နိုဝင်ဘာ ၂၀၁၉)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေးMWD Webportal (၁၄ မတ် ၂၀၂၂)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ခြံအမှတ် ၅၄ အမွေဆိုင်မှု ဦးအောင်ဆန်းဦး တောင်းဆိုချက် တရားလွှတ်တော်ချုပ် ခွင့်ပြုဧရာဝတီသတင်း (၂၂ ဩဂုတ် ၂၀၂၂)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ခြံအမှတ်(၅၄) အမွေဆိုင်အမှုနှင့်ပတ်သက်၍ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အတိုင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချမှတ်NP News (၂၃ ဩဂုတ် ၂၀၂၃)။ ၃ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။