လျှပ်စစ်ဓာတ်အား

Wikipedia မှ
(လျှပ်စစ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Multiple lightning strikes on a city at night
မိုးကြိုးပစ်ခြင်းလျှပ်စစ်ဓာတ်အားတည်နေပုံ၏နမူနာတစ်ဖြစ်သည်။

လျှပ်စစ်ဓာတ်အား (ဝါ)လျှပ်စစ်စွမ်းအင်(Electricity) သည် ပွတ်တိုက်မှုအားကြောင့် သော်လည်းကောင်း၊ လျှပ်စစ်သံလိုက် ညှို့ခြင်းကြောင့် သော်လည်းကောင်း၊ အခြား စွမ်းအင်တစ်ခုခုမှ အသွင်ပြောင်း၍ သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ လျှပ်စစ်နှင့် သက်ဆိုင်သော ဖြစ်စဉ်များကို ရှေးပဝေသဏီမှ စတင်ကာ လေ့လာခဲ့ကြ သော်လည်း ၁၇ရာစု နှင့် ၁၈ရာစု လောက်မှသာ သိပ္ပံနည်းကျ ဖြေရှင်းနိုင်ခဲ့ပါသည်။ လက်တွေ့ အသုံးချ လျှပ်စစ်ဓာတ်အားကိုမူ ၁၉ရာစု နှောင်းပိုင်းတွင်မှ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိခဲ့ကာ လူနေအိမ်နှင့် စက်မှုလုပ်ငန်းများတွင်အသုံးပြုခဲ့ကြပါသည်။ တစ်ဟုန်ထိုး တိုးတက်ခဲ့သော လျှပ်စစ်နှင့်သက်ဆိုင်သည့် နည်းပညာများကြောင့် လူအဖွဲ့အစည်းများ၏ လူနေမှုအဆင့်အတန်းများနှင့် စက်မှုလုပ်ငန်းများလည်း များစွာ ဖွံဖြိုးတိုးတက်ခဲ့ပါသည်။ယနေ့တွင်တော့ လျှပ်စစ်စွမ်းအားသည် ကျွန်ုပ်တို့ နေ့စဉ် ရှင်သန် နေထိုင်ရာဘဝတွင် လွန်စွာ အဓိကကျသော အခန်းမှ ပါဝင်နေပါသည်။

လျှပ်စစ်စွမ်းအင် (ဝါ) လျှပ်စစ်စွမ်းအင်၏သမိုင်းအကျဉ်း[ပြင်​ဆင်​ရန်​]

A bust of a bearded man with dishevelled hair
သေလိ,လျှပ်စစ်စွမ်းအင်ကိုကမာဘတွင်အစောဆုံးတွေ့ရှိသူ

လျှပ်စစ်စွမ်းအင်ဧ။်အကြောင်းကို နကန်းတလုံးမှနားမလည်စဉ် ရှေးပဝေသဏီ ကပင် Electric Fish ဟုခေါ်သည့် လျှပ်စစ်စက်ကွင်းကိုရုတ်တရက်ထုတ်လွတ်နိုင်သည်ငါးမှတဆင့် Electric Shock ကိုလူသားတို့သိရှိနားလည် ခံစားခဲ့ကြသည်။ ဘီစီ ၂၇၅ဝ တွင်တွေ့ရှိရသော ရှေးဟောင်းအီဂျစ်လူမျိုးတို့၏ မှတ်ရာမှတ်တမ်းများတွင်တော့ လျှပ်စစ်စစ်ငါးတို့ကို နိုင်းမြစ်ဝှမ်းမှ မိုးကြိုးပစ်သူများဟုဖော်ပြထားပါသည်။ထိုငါးများကို ငါးအပေါင်းတို့၏ဘုရင်ဟုတောင်တင်စားထားပါသည်။ ထိုလျှပ်စစ်ငါးများနှင့်ပတ်သက်၍မှတ်တမ်းမှတ်ရာများကို ရှေးခေါမမှတ်တမ်းများတွင်လည်းကောင်း၊ ရောမမှတ်တမ်းများတွင်လည်းကောင်း၊ အာရေဗျမှတ်တမ်းများတွင်လည်းတွေ့မြင်နိုင်ပါသည်။ Mediterranean ခေတ်ဝန်းကျင်တွင်ရှိခဲ့သော တချို့သောလူအဖွဲ့အစည်းများသည် ဖန်ချောင်းဖြင့်သိုးမွေးကိုပွတ်တိုင်ခြင်းဖြင့် တည်ငြိမ်လျှပ်စစ် ရကြောင်း ကိုလည်းသိရှိခဲ့ကြသည်။ ဂရိတွေးခေါ်ပညာရှင် သေလိ သည် တည်ငြိမ်လျှပ်စစ်နှင့် ပတ်သက်၍ စမ်းသပ်မှု အမျိုးမျိုးကိုပြုလုပ်ခဲ့ကာ ပွတ်တိုက်အား သည် ပယင်း ကို သံလိုက် အဖြစ်ပြောင်းလဲပေးသည်ဟုယူဆခဲ့လေသည်။

ပွတ်တိုက်မှုကြောင့်ဖန်ချောင်းသည်သံလိုက်ဖြစ်လာသည်ဟူ၍ယူဆသောသေလိ၏အယူအဆသည်မှားသော်ငြားလည်း၊ နောက်ပိုင်းတွင်သံလိုက်နှင့် လျှပ်စစ်တို့ဆက်စပ်မှုရှိသည်ဟု သီအိုရီ များ သည်သက်သေများနှင့်တကွပေါ်ထွက်ခဲ့လေသည်။ ၁၉၃၆တွင် အီရတ်နိုင်ငံ ဘတ်ဒက်မြို့တော်အနီးရှိ Ctesiphon ရှေးဟောင်းတူးဖော်ရေးဆိုဒ် တွင် တွေ့ရှိခဲ့သော Baghdad Battery များကိုသုံးသက်ခြင်းအားဖြင့် ရှေးဟောင်း ပါးရှန်း လူမျိုးများသည်လည်း ရွေရည်စိမ်ခြင်း Electroplating ကိုတတ်ကျွမ်းသည်ဟုယူဆရပါသည်။ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး ခရစ်နှစ် ၁၆ဝဝ လောက်အထိ မည်သူမှ တိတိကျကျ ရေရေရာရာ မလေ့လာခဲ့ပေ။ ခရစ်နှစ် ၁၆ဝဝ လောက်တွင်မှ အင်္ဂလိပ်ဆရာဝန် William Gilbert သည် လျှပ်စစ်နှင်သံလိုက်ကို စတင်လေ့လာခဲ့ကာ Loadstone Effect နှင့် ပယင်း နှင့်သိုးမွေးပွတ်တိုက်မှုကြောင့်ဖြစ်သော တည်ငြိမ်လျှပ်စစ် တို့သည် မတူညီကြောင်းကို ခွဲခြားပြသခဲ့ပါသည်။ Dr.Gilbert ရှာဖွေတွေ့ရှိသော တည်ငြိမ်လျှပ်စစ်သည် ပယင်းကို ပွတ်တိုက်သော အခါတွင် ယင်းတည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်သည့်အတွက်လျှပ်စစ်ကို လက်တင်ဘာသာ ဖြင့် ပယင်းနှင့်တူသောအရာ electricus ဟု Dr.Gilbertမှ နာမည်ပေးကာ၊ ထိုမှတဆင့် အင်္ဂလိပ်ဘာသာ Electric ဟုပင်ခေါ်ဝေါ်ခဲ့သည်။

ထို့နောက်ပိုင်း ၁၇ရာစု မှ ၁၈ရာစုဦးအထိ Otto von GuerickeRobert BoyleStephen GrayC. F. du Fay စသောပညာရှင်များသည် ဆက်လက်လေ့လာခဲ့ကြသည်။ ၁၈ရာစုတွင် Benjamin Franklinသည် ရှိသမျှကိုရောင်းချပေါင်နှံကာ အရင်းပြုပြီး လျှပ်စစ် နှင့်ပတ်သက်သည့် သုသေသနလုပ်ငန်းများကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ပါသည်။ ၁၇၅၂ဇွန်လတွင် ဖရန်ကလင်းသည် စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သည်။ ယင်းစမ်းသပ်မှုနှင့်ပတ်သက်ပြီး ဖရန်ကလင်း လည်းနာမည်ကြီးခဲ့သည်။ ဖရန်ကလင်းသည် စိုစွတ်နေသောစွန်တစ်ခု၏ကြိုးတွင် သော့တစ်ချောင်းကိုတပ်ဆင်ကာ မိုးတိမ်ရှိရာသို့လွတ်တင်ခဲ့သည်။ မီးဖွားများသည် ဆက်ခါဆက်ခါ စိုစွတ်သောကြိုးမှတဆင့် သော့သို့လည်းကောင်း ၊ ထို့နောက် လက်သို့လည်းကောင်း ကူးလာသည်။ တနည်းအားဖြင့် short circuit ဖြစ်လာခြင်းပင်ဖြစ်သည်။ ယင်းနည်းဖြင့် ဖရန်ကလင်းသည် လျှပ်စီးလက်ခြင်းသည် တည်ငြိမ် လျှပ်စစ်ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပါသည်။

A half-length portrait of a bald, somewhat portly man in a three-piece suit.
Benjamin Franklin ဘင်ဂျမင် ဖရန်ကလင်း

၁၇၉၁တွင် Luigi Galvani သည် Bioelectricity ကိုရှာဖွေတွေ့ရှိခဲ့သည်။ နာဗ်ဆဲလ် (Nerve Cells) များမှ ကြွက်သား (Muscles) များသို့ အချက်ပြသတင်းပေးပို့ရာတွင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အားကို Bioelectricity ဟုခေါ်သည်။ Alessandro Volta သည် ခရစ်နှစ် ၁၈ဝဝလောက်တွင် ကြေးနီ(Copper) နှင့် သွပ်(Zinc) များကို အသုံးပြုခြင်းအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွတ်နိုင်သော ပင်မဓာတ်အိုး (Primary Cell) အမျိုးအစားဖြစ်သည့် ဗိုလတိတ်ဓာတ်အိုး (Volta Cell) ကိုတည်ထွင်ခဲ့ပါသည်။ လျှပ်စစ်သံလိုက် (Electromagnetism) သီအိုရီကို ၁၈၁၉ နှင့် ၁၈၂ဝ ဝန်းကျင်တွင် Hans Christian Orsted နှင့် Andre Marie Ampere တို့ကဖော်ထုတ်ခဲ့ပါသည်။ Micheal Faraday သည် ၁၈၂၁တွင် လျှပ်စစ်မော်တာ (Electric Motor) ကိုတည်ထွင်ခဲ့ပါသည်။ George Simon Ohm သည်သင်္ချာ နည်းဖြင့် လျှပ်စစ်ပတ်လမ်း (Electric Circuit) များကို သရုပ်ခွဲနိုင်သည့် အုမ်းဥပဒေ (Ohm's Law) ကို ၁၈၂၇ တွင်ဖော်ထုတ်ခဲ့ပါသည်။ James Ma×well သည် ၁၉၆၁ ဝန်းကျင်လောက်တွင် လျှပ်စစ် (Electricity) ၊အလင်း (Light) နှင့် သံလိုက်(Magnet) တို့၏ ဆက်စပ်မှုကိုဖော်ထုတ်ခဲ့ပါသည်။ ၁၉ရာစုလောက်တွင်တော့ လျှပ်စစ်ဓာတ်အားကို ပညာရှင်တော်တော်များများမှ ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ကြပါသည်။

Half-length portrait oil painting of a man in a dark suit
Michael Faraday လျှပ်စစ်မော်တာကိုတည်ထွင်ခဲ့သူ

လျှပ်စစ်ဓာတ်အား (ဝါ) လျှပ်စစ်စွမ်းအင်၏အယူအဆသဘော[ပြင်​ဆင်​ရန်​]

လျှပ်မှုန်များ (Electric Charges)[ပြင်​ဆင်​ရန်​]

လျှပ်မှုန်များသည် အက်တမ်ထက်သေးငယ်သောအမှုန်များ (Subatomic Particles) များပင်ဖြစ်သည်။ ၎င်းအမှုန်များသည် အခြေခံအားကြီးလေးမျိုး (Four Fundamental Forces) မှ လျှပ်စစ်သံလိုက်အား (Electromagnetic Force) နှင့် အပြန်အလှန်အကျိုးသက်ရောက်သည်။ ထင်ရှားသောလျှပ်မှုန်များမှာ ပရိုတွန်နျူထရွန် နှင့် အီလက်ထရွန် တို့ဖြစ်ပြီးယင်းတို့အားလုံးကို အက်တမ် တိုင်းတွင်တွေ့ရှိရပါသည်။ လျှပ်မှုန်များသည် ပဋိပစ္စည်းတစ်ခုမှတစ်ခုသို့ တိုက်ရိုက်သော်လည်းကောင်း၊ လျှပ်ကူးပစ္စည်း (Conductor)များမှတဆင့်သော်လည်းကောင်း၊ ပိုတင်ရှယ်များရာမှနည်းရာသို့စီးဆင်းခြင်းဖြင့် ပိုတင်ရှယ်ခြားနားခြင်း (Potential Difference) ဖြစ်ပေါ်လာသည်။

A clear glass dome has an external electrode which connects through the glass to a pair of gold leaves. A charged rod touches the external electrode and makes the leaves repel.
Gold Leaf Electroscope တွင်ရှိသော လျှပ်မှုန်များသည် ရွေရွက်နှစ်ရွက်ကို တွန်းထုတ်လိုက်သည် ကိုမျက်မြင်တွေ့ရှိနိုင်သည်။

လျှပ်မှုန်များသည် လျှပ်စစ်သံလိုက်အားကို မြှင့်တင်ပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လျှပ်မှုန်များသည် တစ်ခုမှတစ်ခုပေါ်သို့ အား(Force)အပြန်အလှန်သက်ရောက်ခြင်းကြောင့်ဖြစ်သည်။ ယာဘက်ပုံကိုကြည့်ပါ။ လျှပ်မှုန်သွင်းထားသော ဖန်ချောင်းဖြင့် ဘောလုံးလေးကို လျှပ်မှုန်သွင်းစေခြင်းဖြင့် လျှပ်စစ်ဓာတ်ကိုဆောင်နိုင်စေပါသည်။ ယင်းဖန်ချောင်းကို သိုးမွေးစဖြင့်ပွတ်တိုက်ခြင်းဖြင့် တည်ငြိမ်လျှပ်စစ် ဖြစ်ပေါ်စေကာ ယင်းမှတဆင့် ဘောလုံးလေးတွင်လည်း လျှပ်စစ်ဓာတ်ကိုဖြစ်ပေါ်စေပါသည်။ နောက်ထပ်အလားတူ ဘောလုံးတစ်လုံးကို ယင်းဖန်ချာင်းဖြင့် လျှပ်စစ်ဓာတ်ကို ဆောင်စေပါက ယင်းတို့အချင်းချင်း တွန်းကန်မည်ဖြစ်ပြီး၊ အကယ်လို့ နောက်ထပ်ဘောလုံးကို ပယင်းဖြင့်ပွတ်တိုက်ကာ လျှပ်စစ်ဓာတ်ဆောင်စေကာမူ ယင်းတို့အချင်းချင်းပူးကပ်မည်ဖြစ်သည်။ နောက်ထပ်အလားတူ ဘောလုံးတစ်လုံးကို ယင်းဖန်ချာင်းဖြင့် လျှပ်စစ်ဓာတ်ကို ဆောင်စေပါက ယင်းတို့အချင်းချင်း တွန်းကန်မည်ဖြစ်ပြီး၊ အကယ်၍ နောက်ထပ်ဘောလုံးကို ပယင်းဖြင့်ပွတ်တိုက်ကာ လျှပ်စစ်ဓာတ်ဆောင်စေကာမူ ယင်းတို့အချင်းချင်းပူးကပ်မည်ဖြစ်သည်။ ယင်းအဖြစ်အပျက်ကို ပြင်သစ်ရူပဗေဒပညာရှင် Charles-Augustin de Coulomb က ၁၈ရာစုနှောင်းပိုင်းတွင်တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိချက်ကို အခြေခံကာ အလွန်အရေးကြီးသည့် လျှပ်မှုန်များသည် မျိုးတူလျှင်တွန်းကန်ကာ၊ မျိုးမတူလျှင်ဆွဲငင်ကြောင်းကိုလည်း နောက်ပိုင်းတွင်တွေ့ရှိခဲ့ကြသည်။

အကိုးအကားများ[ပြင်​ဆင်​ရန်​]

Translated directly from English Wikipedia

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။