ရစ်ငှက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရစ်ငှက်
Phasianinae
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Aves]]
မျိုးစဉ် [[Galliformes]]
မျိုးရင်း [[Phasianidae]]
မျိုးရင်းသေး '''Phasianinae'''

ရစ်ငှက်[ပြင်​ဆင်​ရန်​]

ကမ္ဘာပေါ်တွင် ရစ်အမျိုးမျိုးရှိသည်။ ပါဏဗေဒအလိုအား ဖြင့် ရစ်များသည် ဒေါင်း၊ ငုံး၊ တောကြက်များနှင့်အတူ ဖာစီ အင်နီဒီး မျိုးရင်းတွင် ပါဝင်သည်။ ရစ်အမျိုးမျိုး၌ ပါဏဗေဒ အမည်အမျိုးမျိုး ရှိသည်။ ပါဏဗေဒအလိုအားဖြင့် လိုဖူရာ လျူကိုမယ်လင်နာ ခေါ် ရစ်မျိုး၏ ကိုယ်အလျားမှာ လက်မ ၂ဝ မှ ၂၇ အထိ ရှိသည်။ ပါဏဗေဒအလိုအရ လိုဖူရာနစ်သီးမား ရပ်ဟု ခေါ်သည့် ရစ်မျိုး၏အရွယ်မှာ ပထမရစ်မျိုး လောက်ပင် ဖြစ်သည်။ သို့သော် ခြေထောက်နီ၍ အဖို၌ ၁၈ လက်မမှ ၂၆ လက်မအထိ ရှည်သော အမြီး ရှိသည်။ ထိုရစ်ဖိုများ၏ ကိုယ် အထက်ပိုင်းသည် ဖြူ၍ အောက်ဘက်ပိုင်းသည် မည်း၏။ မျက်နှာအရေပြားသည် ကြက်သွေးရောင်ဖြစ်၍ ဦးခေါင်းနှင့် အမောက်များသည် မည်းလျက် ရှိသည်။

ရစ်များ၏ အော်သံမှာ ကွဲအက်၍ အာလုပ်သံ ပါသည်။ ထိတ်လန့်သောအခါ ဟု-ကိ-ကိ ဟူ၍ အာလုပ်သံဖြင့် ထပ် ကာ ထပ်ကာ အော်တတ်သည်။ ပထမရစ်မျိုးဖြစ်သော လိုဖူရာ လျူကိုမယ်လင်နာ ကိုများသောအားဖြင့် ကျွန်းတောများတွင် တွေ့ကြရသည်။ ထိုရစ်မျိုးသည် တောကြက်အုပ်များ ဖွဲ့၍ ချောင်းကလေးများဘေးတွင် ကျက်စားကြသည်။ တောကြက် များကဲ့သို့ မဟုတ်ဘဲ ထိုရစ်မျိုးကို ရိတ်ပြီးစ လယ်ကွင်းများ တွင် အတွေ့ရနည်းသည်။ သို့သော် အုပ်စုများ ဖွဲ့၍ နေခြင်းကို မူ တစ်ခါတစ်ရံ ဆောင်းရာသီ နံနက်ပိုင်းများတွင် တွေ့ရတတ် သည်။ ထို့အပြင် လသာသောညဉ့်များ၌ ကွင်းပြင်များသို့ ထွက်၍ ကျက်စားတတ်ကြသည်ဟု ဆိုသည်။ ကြောက်ရွှံတတ်၍ လူကပ် မခံချေ။ မြေပေါ်၌သာ ပြေးတတ်ကြပြီးလျှင် မတတ်သာမှပင် ထ၍ ပျံတက်ကြသည်။ ထိုရစ်မျိုး၏ အဖိုများသည် အလွန် ရန်မူတတ်ကြသည်။ ယင်းတို့ကို တယ်သည့်ရစ်ဖြင့် လွယ်ကူစွာ ဖမ်းယူနိုင်သည်။

ထိုရစ်မျိုးသည် များသောအားဖြင့် မတ်လမှ မေလအထိ တွင် သားပေါက်တတ်ကြသည်။ သို့သော် တနင်္သာရီနယ်ဘက် တွင် ဇန်နဝါရီလ စောစောပိုင်းတွင် ဥတတ်ကြသည်။ နောက် တစ်ကြိမ် အောက်တိုဘာအထိ ဥကြပြန်သည်။လေးဥမှ ဆယ်ဥ အထိရှိသော ဥများကို မြေကြီးပေါ်ရှိ ယက်ထားသော တွင်းများ တွင် ဥအုတတ်သည်။အရောင်မှာ အဖြူမှ နီဝါရောင်အထိ ရှိတတ် သည်။

ထိုရစ်မျိုးကို မြန်မာနိုင်ငံအတွင်းရှိ တောင်ခြေများတွင် အတွေ့ရများပြီးလျှင် ပေ ၆ဝဝဝ အထိ မြင့်သော တောင်ကုန်း များတွင်လည်း အနည်းအကျဉ်း တွေ့ရသည်။ ဒုတိယရစ်မျိုး များကို ပေပေါင်း ၉ဝဝဝ အထိ မြင့်သော တောင်ကုန်းများ ပေါ်တွင် တွေ့ရသည်။ မြက်ခင်းများသို့ ထွက်ကြသည်ကို တွေ့ ရခဲသည်။ ရစ်များ၏ အစာမှာ စပါး၊ ဂျုံ စသည့် ကောက်ပဲ သီးနှံများ၊ သစ်စေ့၊ သစ်ရွက်၊ မြက်နုအပြင် ပိုးကောင်နှင့် ပိုးပေါက်စများ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)