ကြက်ဆင်
Wikipedia မှ
| ကြက်ဆင် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
ကြက်ဆင်၏ဇာတိမှာ မြောက်အမေရိကတိုက် ဖြစ်သည်။ ၁၆-ရာစု အစပိုင်းလောက်က စပိန်လူမျိုးတို့သည် ကြက်ဆင်ကို စပိန်နိုင်ငံသို့ စတင်ယူဆောင်လာခဲ့ကြရာမှ ဥရောပတိုက်တွင် ပျံ့နှံ့လာခြင်း ဖြစ်သည်။ ယခုအခါ ကြက်ဆင်ကို နိုင်ငံအသီးသီးတို့တွင် ဟင်းလျာအဖြစ် မွေးမြူနေကြပြီ ဖြစ်သည်။ ကြက်ဆင်၏အရောင်အသွေးတို့မှာ ရောင်စုံတို့ဖြင့် တောက်ပြောင်နေပြီး အမွှေးအတောင်တို့မှာ အကျား အကျား၊ အထပ်ထပ်ဖြင့် လှပပေသည်။ အမြီးမှာ အမြီးမွှေး ၁၄-ချောင်းမှ ၁၈-ချောင်းအထိ ရှိတတ်ပြီး ဂျပန်ယပ်တောင် ဖြန့်ထားသကဲ့သို့ လှပနေသည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ စာအုပ်မှ၊ ၁၉၆၉၊ နိုဝင်ဘာ