| မိုက်ခရိုနီးရှား ဖက်ဒရယ် ပြည်ထောင်စု |
|
|
| နိုင်ငံတော်ဆောင်ပုဒ် - ငြိမ်းချမ်းရေး ညီညွတ်ရေး လွတ်လပ်ရေး |
| နိုင်ငံတော်သီချင်း - မိုက်ခရိုနီးရှား မျိုးချစ်များ |
ပထဝီ
|
 |
| မြို့တော် |
ပါလီကာမြို့ |
| အကြီးဆုံးမြို့ |
ပါလီကာမြို့ |
ဧရိယာ
- ဧရိယာ - ၇၀၂ km² (၂၇၁ sq mi) (အဆင့်: ၁၈၈)
- ရေဖုံးလွှမ်းမှု - မပြောပလောက်%
|
| စံတော်ချိန်ဇုန် |
UTC +၁၀ နှင့် +၁၁ |
| လူနေမှု |
| လူဦးရေ
|
| နိုင်ငံရေး |
| အမျိုးအစား |
ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ |
အစိုးရခေါင်းဆောင်များ
- သမ္မတ - မန်နီ မိုရီ
- ဒု-သမ္မတ - အာလစ် အယ်လ် အာလစ်
|
ထူထောင်မှု
- လွတ်လပ်ရေး ကြေငြာခြင်း
(ယူအက်စ်မှ) - နိုဝင်ဘာ ၃၊ ၁၉၈၆
|
| စီးပွားရေး |
| GDP(PPP) |
၃၄၁ သန်း (အဆင့် - ) |
| GDP(PPP) |
US $၂,၆၆၄ (အဆင့် - ) |
| HDI |
၀.၆၁၄ (အလယ်) (အဆင့် - ၁၀၃) |
| ငွေ |
အမေရိကန်ဒေါ်လာ |
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ |
| CCLTD |
.fm |
| Calling code |
+၆၉၁ |
မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စုသည် ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ပြည်နယ် ၄ ခု ပါဝင်ပြီး ၎င်းတို့မှာ ယပ်၊ ချု၊ ဖွန်ပေ နှင့် ကော့စ်ရဲတို့ ဖြစ်ကြသည်။ အနောက် ပစိဖိတ်သမုဒ္ဒရာ အတွင်းမှ ကျွန်းပေါင်း ၆၀၇ ကျွန်း ပါဝင်ပြီး စုစုပေါင်း ၇၀၀ စတုရန်း ကီလိုမီတာခန့် ရှိကာ ကီလိုမီတာ ၂၇၀၀ အတွင်းတွင် လောင်ဂျီကျု မျဉ်းအတိုင်း ဖြန့်ကျက် တည်ရှိကြသည်။ အီကွေတာ၏ မြောက်ဖက်စွန်းတွင် ရှိပြီး ဟာဝိုင်ယီကျွန်းမကြီးမှ အနောက်တောင်ဘက် ကီလိုမီတာ ၄၀၀၀ (၂၄၈၅ မိုင်) ခန့်အကွာ၊ ဩစတေးလျနိုင်ငံ၏ မြောက်ဖက် ၂၉၀၀ ကီလိုမီတာ (၁၈၀၂ မိုင်) အကွာတွင် တည်ရှိသည်။ ပါပူအာနယူးဂီနီနိုင်ငံ၏ အရှေ့မြောက်ဘက်၊ ဂူအမ်ကျွန်း နှင့် မာရီယာနာကျွန်းတို့၏ တောင်ဘက်၊ နအူးရူးနိုင်ငံ နှင့် မာရှယ်အိုင်းလန်းနိုင်ငံ တို့၏ အနောက်ဖက်၊ ပလောနိုင်ငံ နှင့်ဖိလစ်ပိုင်နိုင်ငံတို့၏ အရှေ့ဘက်တွင် တည်ရှိသည်။