မဟာဝီရ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မဟာဝီရ (နိဏ္ဌဋနာလပုတ္တ) (ဘီစီ ၅၉၉-ဘီစီ၅၂၇)

ဇိန(ခေါ်)ဂျိန်းဘာသာရေး၏ ဦးဆောင်သူ မဟာဝီရ(Mahavira) ၊ဗုဒ္ဓစာပေများတွင် ဂိုဏ်းဆရာကြီးနိဏ္ဌဋနာလပုတ္တ ဟုဖော်ပြခြင်းခံရသူ၊ဝရ်ဇမနဟုလည်းအမည်တွင်သူကို ဗုဒ္ဓဂေါတမ ကဲ့သို့ပင် အိန္ဒိယ အရှေ့မြောက်ပိုင်းတွင်ဖွားမြင်သည်။ ဗုဒ္ဓထက်အသက် ၃၆နှစ်မျှ ကြီးသည်ဟုဆိုပါသည်။ ဗုဒ္ဓကဲ့သို့ပင် မင်းညီမင်းသားတစ်ဦးဖြစ်ပြီး အသက် ၃၀အရွယ်တွင် ဇနီး၊သားသမီနှင့် စည်းစိမ်ကိုစွန့်ကာ တရားရှာရန် တောထွက်ခဲ့သည်။

ပရ်သွနာထဂိုဏ်းသို့ ဝင်ရောက်ပြီး ရဟန်းဝတ်ဖြင့် ၁၂နှစ်တိုင်တိုင် တရားအကျင့်ကို အစွန်းရောက်သည်ထိကျင့်သည်။ ကိုယ်ပိုင်ပစ္စည်းများကို စွန့်လွတ်သည်မှာ သောက်ရေခွက်ပင်မကျန်တော့ပေ။ ကိုယ်ဝတ်ကိုပါစွန့်သဖြင့် ကိုယ်လုံးတီးနေခဲ့သည်။ ကိုယ်ပေါ်သို့တက်လာသည့် ပိုးမွှား၊ခြင်၊မှက် အစရှိသည်တို့ကို ဖယ်ရှားခြင်း၊သတ်ဖြတ်ခြင်းကိုပင် မပြုခဲ့ချေ။အိန္ဒိယကဲ့သို့ ဖုန်းစားယာစကာ ပေါများသည့်ဒေသမှာပင် ၄င်း၏အမူအကျင့်တို့မှာ ကဲ့ရဲ့ဖွယ်ဖြစ်ခဲ့ရသည်။အသက် ၄၂နှစ်ရောက်လျှင် အကျွတ်တရားကိုရပြီ၊အလုံးစုံသိမြင်သောဉာဏ်ရပြီ ဟုဆိုကာ ကွယ်လွန်ချိန်ရောက်သည်အထိ နှစ်ပေါင်း ၃၀လုံးလုံး တပည့်များ၊နောက်လိုက်များကို တရားဟောပြောခဲ့သည်။ဘီစီ ၅၂၇တွင်ကွယ်လွန်သောအခါ ကြည်ညိုသူတပည့်တပန်း အများအပြားကျန်ရှိသည်။

မဟာဝိရ၏ဟောပြောချက်များမှာ ဗုဒ္ဓဝါဒ၊ဗြဟ္မာဏဝါဒများနှင့် ဆင်တူသည်ဟု အကြမ်းဖျင်းဆိုနိုင်သည်။ လူသေပြီးနောက် ဘဝတစ်ပါးသို့ရောက်သည်။သို့သော် လူ့ဘဝသို့ ပြန်ရောက်ချင်မှရောက်မည်။ထိုသို့ဖြစ်ရသည်မှ ဇိနဂိုဏ်းယုံကြည်မှုဖြစ်သည့် ကာရ်မ(Karma)အရဖြစ်သည်။ ဗုဒ္ဓလက်ကိုင်ပြသည့် ကံနှင့်မတူသည်မှာ ဇိနတို့က ယခုဘဝပြုသမျှသော အကြောင်းတရားတို့မှာ နောက်ဘဝရောက်မှသာလျှင် အကျိုးပြုသည်ဟု ယုံကြည်သောကြောင့်ပင်ဖြစ်သည်။ အကုသိုလ်တရားတို့ကို ချုပ်ငြိမ်းရန်အတွက်၊တဏှာကိုပယ်နိုင်ရန်အတွက် အလွန်ခြိုးခြံသည့် အကျင့်ကိုကျင့်ရန်လမ်းညွှန်သည်။ ငတ်ပြီးသေသည့်အထိ ကျင့်နိုင်လျှင် သာ၍မြတ်သည်ဟုပင် အလွန်အကျူးဆိုသည်။

အရေးပါဆုံးသော တရားမှာ နောင်တစ်ချိန်တွင် အိန္ဒိယလမ်းစဉ်၊ဂန္ဒီလမ်းစဉ်၏ အခြေခံဟုပင်ဆိုရလောက်သည့် အကြမ်းမဖက်ရေးလမ်းစဉ် (အဟိသ္မ)ဖြစ်သည်။ လူအချင်းချင်းမဆိုနှင့် တိရိစ္ဆာန်တို့ကိုပင် နှိပ်စက်ခြင်းမပြုရန်တားမြစ်သည်။ ထို့ကြောင့် ဇိနဂိုဏ်းဝင်တို့သည် သတ်သတ်လွတ်စားခြင်း၊တိရိစ္ဆာန် ပိုးမွှားသတ်ဖြစ်မှုမှရှောင်ကျဉ်ခြင်း တို့ကိုဆောင်ရွက်ကြရသည်။ အစာစားလျှင် ပိုးမွှားများပါကုန်မည်စိုးသဖြင့် အမှောင်ထဲတွင် အစာမစားကြပေ။ထိုမှသာမက အကျင့်ပြင်းထန်သည့် ဇိနဂိုဏ်းဝင်များဆိုလျှင် မိမိသွားရာလမ်းများတွင် လူငှားဖြင့် တံမြတ်လှည်းစေသည်။ ဘာသာရေးယုံကြည်ချက်ကြောင့် ဇိနဘာသာဝင်များသည် အလုပ်ကြမ်းကိုစွန့်လွတ်ပြီး လယ်ထွန်နွားကျောင်းအမှုကိုပင် မပြုကြတော့ပဲ ရောင်းဝယ်သူ၊ ကုန်သည်များအဖြစ်သာ ဝီရိယထားပြီး အသက်မွေးကြသည်။ထို့ကြောင့် ဇိနဘာသာဝင်များ၊ ဂိုဏ်းဝင်များသည် များသောအားဖြင့် ချမ်းသာသည့် အလွှာများဖြစ်ကြလေ့ရှိပြီး စာပေအနုပညာထွန်းပေါက်သူများအနေဖြင့် ကျန်ဘာသာဝင်များထက် အချိုးကျပိုများသည်။

မူလအစက ဇိနဘာသာသည် ဗုဒ္ဓဘာသာကဲ့သို့ပင် လူတန်းစား ခွဲခြင်းမရှိသော်လည်း ဟိန္ဒူဝါဒ၏ လွှမ်းမိုးမှုခံလာရကာ ဇာတ်ခွဲခြားခြင်းရှိလာသည်။ သို့သော် ဟိန္ဒူဘာသာကဲ့သို့ ပြင်းထန်ခြင်းမရှိပေ။ ဟိန္ဒူဝါဒ၏ လွှမ်းမိုးမှုခံရခြင်း၏အကြောင်းမှာ ဗုဒ္ဓဘာသာကဲ့သို့ပင် စာထက်အက္ခရာတင်ထားခဲ့ခြင်း မရှိခဲ့၍ဖြစ်သည်။ သို့သော် ဇိနဝါဒသည်လည်း ဟိန္ဒူဘာသာအပါအဝင် အခြားဘာသာများပေါ်တွင်လည်း ပြန်လည်လွှမ်းမိုးခဲ့သည်များလည်းရှိပါသည်။ ဥပမာအားဖြင့် တိရိစ္ဆာန်သတ်ပြီး ယဇ်ပူဇော်ခြင်း နှင့် အသားစားခြင်းများကို ရှောင်ကျဉ်ရန် ဟိန္ဒူတို့ကို စည်းရုံးနိုင်ခဲ့သည်။ နောင်ပိုင်းတွင် အကြမ်းမဖက်ရေး ဝါဒမှာ အိန္ဒိယ၏ ရှေ့ဆောင်ဝါဒဖြစ်လာတော့သည်။ အိန္ဒိယလွတ်လပ်ရေးရှေ့ဆောင်ကြီး ဂန္ဒီဆိုလျှင် ဇိနဂိုဏ်းဆရာကြီး ဂြီဖဒ်ရာဇဆန္ဒြ ကိုဆရာတင်ပြီး အလုပ်တော်တော်များများကို ဆောင်ရွက်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် ဟိန္ဒူနှင့် ဇိန နှစ်ဘာသာတို့၏ နီးစပ်မှုကိုတွေ့နိုင်သည်။ ဇိန(ဂျိန်း)ဘာသာဝင် ဦးရေမှာ များလှသည်တော့မဟုတ်ပေ။ အိန္ဒိယနိုင်ငံတွင်သာ အများစုကိုတွေ့ရပြီး သုံးသန်းခွဲမျှရှိသည်ဟု ဆိုသည်။

ဗုဒ္ဓကျမ်းစာများအလိုအရ မဟာဝီရ ခေါ် နိဏ္ဌဋနာလပုတ္တသည် သွေးအန်၍ကွယ်လွန်သည်ဟုဆိုပါသည်။


[ပြင်​ဆင်​ရန်​] ရည်ညွှန်းကိုးကား

ကျော်စွာ၁၀၀- ဒေါက်တာသန်းထွန်း

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်