ဘူလ်ဂေးရီးယားနိုင်ငံ
| ဘူဂေးရီးယား ပြည်သူ့သမ္မတနိုင်ငံတော Republic of Bulgaria
|
|||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - Съединението прави силата (Bulgarian) "Sŭedinenieto pravi silata" (transliteration) "Unity makes strength" | |||||
| နိုင်ငံတော်သီချင်း - Мила Родино | |||||
| ပထဝီ |
|||||
| မြို့တော် | ဆိုဖီယာမြို့ | ||||
| အကြီးဆုံးမြို့ | ဆိုဖီယာမြို့ | ||||
ဧရိယာ
|
|||||
| အမြင့်ဆုံးနေရာ | မူဆာလာ | ||||
| အရှည်ဆုံးမြစ် | ဒန်းညုမြစ် | ||||
| ကမ်ရိုးတန်း | ၃.၀၆ | ||||
| စံတော်ချိန်ဇုန် | UTC +၂ | ||||
| လူနေမှု | |||||
| ရုံးသုံးဘာသာများ | ဘူဂေးရီးယန်း | ||||
လူဦးရေ
|
|||||
| လူမျိုးများ | ဘူဂေးရီးယန်း (၈၅%)၊ တူရကီလူမျိုး(၉.၄%)၊ ရောမလူမျိုး (၄.၇%)၊ အခြားလူမျိုးများ (၀.၉%)[၁] | ||||
| ကိုးကွယ်ယုံကြည်မှု | ခရာစ်ယန်ဘာသာ(၈၂.၆%)၊ အစ္စလာမ်ဘာသာ (၁၂.၂%)၊ ရိုမန်ကသလစ်ဘာသာ(၀.၅%) အခြား(၀.၅%) | ||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ပါလီမန် ဒီမိုကရေစီ | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | US $၉၀.၀၆၈ သိန်းကုဋေ (အဆင့် - ၆၃) | ||||
| GDP(PPP) | US $၁၁၉,၀၀၀ (အဆင့် - ၆၅) | ||||
| HDI | ၀.၈၄၀ (အမြင့်) (အဆင့် - ၆၁) | ||||
| ဗဟိုဘဏ် | Bulgaria Bank | ||||
| ငွေ | လီဗ် (BGN) | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| အထိမ်းအမှတ်များ | ပန်း - [[]]၊ သစ်ပင် - [[]] | ||||
| ISO 3166-1 | BG | ||||
| CCLTD | .bg | ||||
| Calling code | +၃၅၉ | ||||
ဗူဂေးရီးယားနိုင်ငံသည် ဥရောပတိုက်တောင်ပိုင်းရှိ ဘော်လကန်ကျွန်းဆွယ်တွင် တည်ရှိသည်။
အရှေ့ဘက်တွင် ပင်လယ်နက်၊ တောင်ဖက်တွင် ဂရိနိုင်ငံနှင့် တူရကီနိုင်ငံ အနောက်ဖက်တွင် ယူဂိုဆလားဗီးယားနိုင်ငံနှင့် မြောက်ဖက်တွင် ရူမေးနီးယားနိုင်ငံတို့ဖြင့် ဝန်းရံလျက်ရှိသည်။ ရူမေးနီးယားနိုင်ငံနှင့် ဗူဂေးရီးယားနိုင်ငံကြားတွင် ဒန်ညုမြစ်က နယ်နမိတ်သဖွယ် စီးဆင်းလျက်ရှိသည်။ ဘူဂေးရီးယားနိုင်ငံသည် ၄၂၈၁၀ စတုရန်းမိုင်ကျယ်ဝန်း၍ မြန်မာနိုင်ငံအကျယ်အဝန်း၏ ၆ ပုံ ၁ ပုံ နီးနီးသာ ရှိသည်။ ခရစ်နှစ် ၆၀၀ ကျော်ခန့်က ယင်းဒေသတွင် လာရောက်နေထိုင်ကြသော တာတာလူမျိုးအနွယ် ဗူလဂါး လူမျိုးတို့အား အစွဲပြု၍ ဘူဂေးရီးယားနိုင်ငံဟုတွင်သည်။ ယခုအခါ ယင်းနိုင်ငံကို ဘူဂေးရီးယား ပြည်သူ့သမ္မတနိုင်ငံတော်ဟုခေါ်ကြသည်။
ဘူဂေးရီးယားနိုင်ငံ၏ မြေမျက်နှာပြင်ကို ၄ ပိုင်းခွဲခြားထားနိုင်သည်။ မြောက်ပိုင်းတွင် ဒန်းညုမြစ် စီးဆင်းရာ ဒန်းညုမြစ်ဒေသ၊ အလယ်ပိုင်းတွင် ဘော်လကန်တောင်တန်းဒေသနှင့် တောင်ပိုင်းတွင် လွင်ပြင်ခေါ် မရစ်ဆမြစ်ဝှမ်းဒေသ၊ တောင်ပိုင်းတွင် ရော့ဒိုပဲ တောင်တန်းဒေသတို့ ဖြစ်ကြသည်။ ဗော်လကန်တောင်တန်းနှင့် ရော့ဒိုပဲတောင်တန်းတို့သည် အရှေ့မှ အနောက်သို့တန်းနေကြသည်။ ဘော်လကန်တောင်တန်း၏ အမြင့်ဆုံးတောင်ထွတ်သည် အနောက်နှင့် အနောက်မြောက်ဖက်တွင် တည်ရှိ၍ ပေ ၁၀၀၀ ကျော်မြင့်သည်။ ရော့ဒိုပဲ တောင်တန်း၏ အမြင့်ဆုံးတောင်ထွတ် မူဆာလာသည် ၉၅၉၅ ပေမြင့်သည်။ ပေ ၄၅၀၀ အထက်တောင်ကုန်းဒေသတွင် ထင်းရှူးနှင့် ဝက်သစ်ချပင်များ ပေါက်သော သစ်တောများရှိသည်။ ဘူဂေးရီးယားနိုင်ငံ၏ ထင်းရှားသော မြစ်ကြီးများမှာ ဒန်းညုမြစ်၊ မရစ်ဆမြစ်၊ တွန်ဒစာမြစ်၊ ယန်တြာမြစ်၊ အစ္စတာမြစ်၊ ကမ္မချိယမြစ်နှင့် အော့စမာမြစ်တို့ ဖြစ်ကြသည်။ များစွာသော မြစ်ငယ်များ၊ ချောက်ငယ်များတို့ကား ဒန်းညုမြစ်နှင့် မရဆစ်မြစ်တို့ထဲ့သို့ စီးဝင်ကြသည်။ ဘူဂေးရီးယားနိုင်ငံတွင် တောင်ကြားရေအိုင်ကလေးများမှ အပ ထင်ရှားသော ရေအိုင်ကြီးများ မရှိချေ။
မာတိကာ |
ရာသီဥတု [ပြင်ဆင်ရန်]
ဘူဂေးရီးယားနိုင်ငံတောင်ပိုင်တွင် အပူအအေး မျှတသော မိုးအသင့်အတင့် ရွာသည်။ ဘောလ်ကန်တောင်တန်း၏ မြောက်ပိုင်းသည် နွေရာသီတွင် ပူ၍ ဆောင်းရာသီတွင် အလွန်အေးသည်။ တောင်ပိုင်းအစွန်းဆုံးဒေသများမူကား အီတလီနိုင်ငံ ရာသီဥတုနှင့် ခပ်ဆင်ဆင်တူသည်။
ဘူဂေးရီးယားနိုင်ငံသည် မြေဩဇာကောင်းသဖြင့် စိုက်ပျိုးရေး ဖြစ်ထွန်းသည်။ ထင်ရှားသော လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များမှာ ဂျုံ၊ ရိုင်းဂျုံ၊ မုယော စသည့် ကောက်ပဲသီးနှံများ၊ ဆေးရွက်၊ သစ်သီးများနှင့် ဝါဂွမ်းတို့ဖြစ်သည်။ ကျောက်မီးသွေား၊ ခဲ၊ သွပ်၊ အလျူမီနီယမ်နှင့် ကြေးနီစသော သတ္ထုတွင်းများလည်း ထွက်သည်။ ဘော်လကန်တောင်တန်းဒေသများနှင့် အနောက်တောင်ဖက်ရှိ တောင်တန်းများတွင် ရေပူစမ်းနှင့် ဆေးစမ်းများရှိသည်။ ၁၉၅၆ ခုနှစ် သန်းကောင်စာရင်းအရ ဘူဂေးရီးယားနိုင်ငံ၏ လူဦးရေသည် ၇, ၆၂၉, ၂၅၄ ယောက်ရှိသည်။ ယင်းတို့အနက် ၉၁ ရာခိုင်နှုန်းသည် ဘူဂေးရီးယန်း လူမျိုးများဖြစ်၍ ၆ ရာခိုင်နှုန်းခန့်သည် တူရကီလူမျိုးများ ဖြစ်ပြီးလျှင် ကျန် ၂ ရာခိုင်နှုန်းသည် ဂျစ်ပဆီနှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ဘူဂေးရီးယန်း လူမျိုးဟူသည်မှာ ဗူလဂါး လူမျိုးနှင့် ဆလဗ လူမျိုးတို့ သွေးနှော၍ ပေါက်ဖွားလာသော လူမျိုးဖြစ်သည်။
ကိုးကွယ်ယုံကြည်မှု [ပြင်ဆင်ရန်]
နိုင်ငံအတွင်း လူအများစု သက်ဝင် ယုံကြည်သော အယူဝါဒမှာ ဂရိ အောသိုဒေါ့ဂိုဏ်းဖြစ်သည်။ များသောအားဖြင့် ဘူဂေးရီးယန်းနှင့် တူရကီဘာသာစကားကို ပြောဆိုကြသည်။ ဘူဂေးရီးယန်း လူမျိုးတို့သည် အရပ်ပုသော်လည်း ကျန်းမာ သန်စွမ်းသူများဖြစ်ကြသည်။ အသက်ရှည်သော လူမျိုးဟူ၍လည်း ကျော်ကြားသည်။ ဘူဂေးရီးယားနိုင်ငံတွင် မြို့နေလူထုထက် ရွာနေလူထုက ပိုသည်။ များစွာသော ကျေးရွာတို့၌ အိမ်းတိုင်းလိုလို၌ပင် လက်ရက်ကန်းစင်များ ရှိကြသည်။ ဘူဂေးရီးယန်း အမျိုးသမီးများ ရက်လုပ်သော အထည်များသည် အလွန်လှပသဖြင့် ကျော်ကြားသည်။
စီးပွားရေး [ပြင်ဆင်ရန်]
ဘူဂေးရီးယားနိုင်ငံသည် လယ်ယာလုပ်ကိုင်သော နိုင်ငံဖြစ်သည့်အလျောက် အဓိက ထွက်ကုန်များမှာ ဆေးရွက်၊ သစ်သီး၊ ဂျုံ၊ ပြောင်း၊ သားရေ၊ ပိုးခြည်နှင့် ရေမွှေးလုပ်သော နှင်းဆီပန်းအဆီတို့ဖြစ်သည်။ ဘူဂေးရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် နှင်းဆီပန်းအဆီအများဆုံးထွက်သော နိုင်ငံဖြစ်သည်။ တကမ္ဘာလုံးထွက် နှင်းဆီပန်းအဆီ၏ ၇၅%သည် ဘူဂေးရီးယားနိုင်ငံမှ ထွက်သည်။ မရစ်ဆမြစ်ဝှမ်းဒေသတွင် ဧကပေါင်း ထောင်ကျော်လောက်၌ နှင်းဆီပန်းများ စိုက်ပျိုးကြသည်။ ဘူဂေးရီးယားနိုင်ငံ ထွက်ကုန် တဝက်ကျော်ကို ဂျာမနီနိုင်ငံက ဝယ်၍ ဘူဂေးရီးယားနိုင်ငံ သွင်းကုန်တဝက်ကျော်သည် ဂျာမနီနိုင်ငံထွက်ကုန်များ ဖြစ်သည်။
သမိုင်းကြောင်း [ပြင်ဆင်ရန်]
ဘူဂေးရီးယားနိုင်ငံသည် တခါက ရောမအင်ပိုင်ယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။ ရောမအင်ပါယာကြီး ပြိုကွဲသောအခါ ဆလဗလူမျိုးများက သိမ်းပိုက်နေထိုင်ကြသည်။ ခရစ်နှစ် ၆၀၀ ကျော်တွင် ဆလဗတို့လက်မှ ဗူလဂါးလူမျိုးများက တဖန် ဘော်လဂါးမြစ်အောက်ပိုင်းဒေသများမှ လာရောက်ကာ သိမ်းယူနေထိုင်ကြသည်။
၈၉၄ ခုနှစ်မှ ၁၂၈၀ပြည့်နှစ်အတွင်း ဘူဂေးရီးယန်းလူမျိုးတို့သည် ဘော်လကန်ကျွန်းဆွယ် ဒေသများစွာကို ၂ ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့သည်။ ၁၃၆၉ ခုနှစ်တွင် တူရကီနိုင်ငံက ဘူဂေးရီးယားနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ကာ ဘူဂေးရီးယား အင်ပါယာကြီးကို ဖြိုခွင်းပြီးနောက် နှစ်ပေါင်း ၅၀၀ ကျော် အုပ်ချုပ်ခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် ဘူဂေးရီးယားနိုင်ငံသူ၊ နိုင်ငံသားတို့သည် တူရကီအစိုးရအား တော်လှန်ကြရာ တူရကီတို့က ရက်စက်ကြမ်းကြုတ်စွာ ဖိနိုပ်ချေမှုန်းကြသည်။ ဘော်လကန် ကျွန်းဆွယ်တွင် လက်ဝါးကြီးအုပ်ချင်နေသော ရုရှတို့က တူရကီတို့၏ ရက်စက်မှုကြီးကို အခွင့်ကောင်းယူ၍ ဘူဂေးရီးယန်းတို့ဖက်မှ ဝင်ရောက် တိုက်ခိုက်ပေးသဖြင့် အနိုင်ရကာ ဆန်စတက်ဖန်နို စာချုပ်ချုပ်ဆိုကြသည်။ ယင်းစာချုပ်အရ မက်ဆိုဒိုးနီးယားနှင့် တူရကီပိုင် ဥရောပနယ်မြေအားလုံးလိုလိုအပြင်၊ ယခုလက်ရှိ ဘူဂေးရီးယားနိုင်ငံတို့ကို ပေါင်း၍ ဘူဂေးရီးယားနိုင်ငံဟူ၍ တည်ထောင်ခဲ့သည်။ သို့ရာတွင် ဥရောပ တန်ခိုးကြီးနိုင်ငံများက ယင်းအစီအစဉ်ကို သဘောမကျသဖြင့် ၁၈၇၈ ခုနှစ်တွင် ဘာလင်မြို့၌ ကျင်းပသော ညီလာခံကြီးတွင် ဘူဂေးရီးယားနိုင်ငံ မြောက်ပိုင်းအား တူရကီအစိုးရ၏ အထိန်းအသိမ်းခံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းပြည်အဖြစ် သတ်မှတ်ပေး၍ ဘူဂေ:ရီးယား တောင်ပိုင်းနှင့် မက်ဆိုဒိုးနီးယားတို့ကို တူရကီနိုင်ငံသို့ ပြန်ပေးလိုက်သည်။ ၁၉၀၈ ခုနှစ်တွင် ဘူဂေးရီးနိုင်ငံသည် တူရကီနိုင်ငံအောက်မှ ရုန်းထွက်ကာ လုံးဝ လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာသည်။ ၁၈၈၇ ခုနှစ်မှစ၍ ဘူဂေးရီးယားကို အပိုင်စားရသော မင်းသား ဖာဒီနန်သည် ဇာဘုရင်ဘွဲ့ကို ခံယူလိုက်သည်။
၁၉၂၁ ခုနှစ်တွင် မက်ဆီဒိုးနီးယားနယ်၌ တူရကီတို့က ရက်စက်စွာ သတ်ဖြတ်ဖိနှိပ်မှုကြောင့် ဘူဂေးရီးယားနိုင်ငံနှင့် တကွ အခြား ဘော်လကန်နိုင်ငံတို့သည် တူရကီနိုင်ငံအား စစ်ကြေညာသည်။ ယင်းစစ်ပွဲတွင် တူရကီတို့ ရှုံး၍ နယ်ပယ်ပေါင်းများစွာ လက်လွှတ်ခဲ့ရလေရာ ဘူဂေးရီးယားနိုင်ငံက နယ်ပယ်အများဆုံး ရရှိလိုက်သည်။ သို့ရာတွင် ဘော်လကန် နိုင်ငံအချင်းချင်း အဝေမတည့်သဖြင့် ဘူဂေးရီးယားနိုင်ငံသည် သူ၏ မဟာမိတ်နိုင်ငံများနှင့် စစ်ဖြစ်ရပြန်သည်။ ဤအကြိမ်တွင် ဘူဂေးရီးယားနိုင်ငံက စစ်ရှုံးခဲ့ရာ ဒိုးဗရူး နယ်ကို ရုမေနီးယားနိုင်ငံသို့ ပေးအပ်လိုက်ရသည်။ မက်ဆီဒိုးနီးယားနယ်ကိုလည်း ဂရိနှင့် ဆာဗီးယားတို့က ခွဲဝေယူကြသည်။ ပထမ ကမ္ဘာစစ်ဖြစ်သောအခါ ဘူဂေးရီးယားနိုင်ငံသည် ယခင်က နယ်ပယ်များ ဆုံးရှုံးခဲ့ရသည်ကို အခဲမကြေဖြစ်ကာ၊ ဘောလကန်နိုင်ငံများနှင့် မပူးပေါင်းဘဲ ဂျာမနီနိုင်ငံနှင့် ပူးပေါင်းလိုက်သည်။
သို့ရာတွင် ဂျာမနီတို့ စစ်ရှုံးပြန်သဖြင့် ဘူဂေးရီးယားနိုင်ငံလည်း အဖိနှိပ် ခံရပြန်သည်။ စစ်လျော်ကြေးများ ပေးရရုံသာမက ဘူဂေးရီးယားနိုင်ငံပိုင် နယ်မြေ အများအပြားကိုလည်း လက်လွှတ်လိုက်ရသည်။
ပထမကမ္ဘာစစ် ပြီးသည်မှစ၍ ဘူဂေးရီးယားနိုင်ငံတွင် နိုင်ငံရေး လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ မက်ဆီဒိုးနီးယားနှင့် ဒိုးဗရူးနယ်များကို ပြန်ရရန် လုံးပမ်းကြပြန်သည်။ ၁၉၁၄ ခုနှစ်တွင် အာဏာရှင်စနစ် ထွန်းကားလာပြန်သည်။ ၁၉၃၅ ခုနှစ် ဧပြီလတွင် တတိယ ဗောရစ်ဘုရင်သည် အစိုးရကို ကိုယ်တိုင်ဦးစီး၍ အာဏာရှင်အဖြစ် အုပ်ချုပ်သည်။
၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် ဟစ်တလာ၏ အဓမ္မတောင်းဆိုချက်ကြောင့် ရူမေးနီးယန်းတို့က ဘူဂေးရီးယန်းတို့အား ဒိုးဗရူးဂျ တောင်ပိုင်းကို ပေးအပ်လိုက်ရသည်။ ၁၉၄၁ ခုနှစ်တွင် ဂျာမနီက ယူဂိုဆလားဗီးယားနိုင်ငံအား စစ်ကြေညာသောအခါ၊ ဘူဂေ:ရီးယားနိုင်ငံသည် ဂျာမနီနိုင်ငံဖက်မှ ဝင်ရောက်တိုက်ခိုက်သည်။ ဂျာမန်တို့ စစ်နိုင်လာသည့်အခါ ဘူဂေ:ရီးယားနိုင်ငံသည် မက်ဆီဒိုးနီးယားနှင့် အရှေ့နယ်များကို ဆုအဖြစ် ရရှိသည်။ ၁၉၄၃ ခုနှစ်တွင် ဘောရစ်ဘုရင် နတ်ရွာစံ၍ သားတော် ဆီမီယွန် နန်းတက်သည်။ ၁၉၄၄ ခုနှစ် စက်တင်ဘာလတွင် ရုရှတို့က ဘူဂေ:ရီးယားနိုင်ငံအား စစ်ကြေညာခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ပြီးသောအခါ ဘူဂေးရီးယားနိုင်ငံကို ရုရှတို့က ချုပ်ကိုင်ထားရာမှ နောင်အခါ ဘူဂေးရီးယားနိုင်ငံသည် ကွန်မြူနစ်နိုင်ငံဖြစ်လာသည်။ ၁၉၄၆ ခုနှစ်တွင် ဆီမီယွန်ဘုရင်ကို နန်းချ၍၊ ဘူဂေးရီးယား ပြည်သူ့သမ္မတနိုင်ငံ အဖြစ် ထူထောင်လိုက်သည်။
ထင်ရှားသော နေရာများ [ပြင်ဆင်ရန်]
ဘူဂေးရီးယားနိုင်ငံ၏ မြို့တော်သည် ဆိုဖီယာမြို့ ဖြစ်သည်။ အခြားထင်ရှားသော မြို့ကြီးများမှာ ပလော့ဒစ်၊ ဗာနာ၊ ရုစ၊ ဗားဂတ် စသည့်မြို့များ ဖြစ်သည်။ ဗားဂတ်နှင့် ဗာနာမြို့ကြီး ၂ မြို့သည် ပင်လယ်နက်ပေါ်ရှိ ထင်ရှားသော သင်္ဘောဆိပ်မြို့ကြီးများ ဖြစ်သည်။ [[File:|thumb|left|150px|]] [[File:|thumb|left|150px|]] [[File:|thumb|left|150px|]]
αJp
| ဤဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |
- Government
- Official governmental site
- President of The Republic of Bulgaria
- National Assembly of the Republic of Bulgaria
- Chief of State and Cabinet Members
- General information
- Template:CIA World Factbook link
- Bulgaria information from the United States Department of State
- Portals to the World from the United States Library of Congress
- Bulgaria at UCB Libraries GovPubs
- Template:Dmoz
- Travel
- Bulgaria Tourist Information
- Template:Wikitravel
- Bulgaria Guide to cities and villages
- Large Image Gallery of Bulgaria
- Pictures from Bulgaria mountains, rivers and towns
- Pictures from Bulgaria
- Sight-Seeing in Bulgaria - user albums and photo sharing related to Bulgaria
- Art