ဘူမိဘော အဒူလျာဒက်
Wikipedia မှ
ဘူမိဘော အဒူလျာဒက်သည် ထိုင်းနိုင်ငံအား လက်ရှိ အုပ်စိုးနေသော ဘုရင်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ နဝမဆက်မြောက် ရာမမင်းဟုလည်း ခေါ်ဝေါ်ကြသည်။ သူသည် ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နန်းတက်ကာ ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိသည့် မင်းများအနက် နန်းသက် အရှည်ဆုံးဘုရင်ဖြစ်သည်။
မြောက်ခြင်းနှင့် အမည်ခွဲများ[ပြင်ဆင်ရန်]
အင်္ဂလိပ်ဘာသာတွင် နဝမရာမဘုရင် (King Rama IX) ခေါ်သော်လည်း ထိုင်းဘာသာတွင် ထိုကဲ့သို့ အသုံးမပြုပေ။ ထိုင်းလူမျိုး ပိုမိုအသုံးပြုသည့် အမည်သည် နိုင်လွမ်း (ในหลวง) သို့မဟုတ် ဖရားချောင်ယူဟွာ (พระเจ้าอยู่หัว- အမည်နှစ်မျိုးစလုံး မင်းဘုရင် သို့မဟုတ် ခေါင်းပေါ်မှာရှိသည့်သခင်)၊ ချောင်းချီဝစ် (ဘဝသခင်) တို့ဖြစ်ကြသည်။ ဥပဒေအရ ဘွဲ့အမည်သည် ဖရာဘတ် စုမ်းဒဂျ် ပါရာမင်းသာရ မဟာ ဘူမီဘော အဒူလျာဒက် (พระบาทสมเด็จพระปรมินทรมหาภูมิพลอดุลยเดช) ဖြစ်သည်။
