ဖန်
ဖန် သည် လက်လုပ်ပစ္စည်း ဖြစ်ပြီး ပုံစံမျိုးစုံစွာ ပြုလုပ်နိုင်သည်။ များသောအားဖြင့် ထိုးဖောက်မြင်နိုင်ပြီး ကြွပ်ဆတ်သည်။ ဆေးရောင်စုံအားဖြင့်လည်း ပြုလုပ်ကြသည်။ ဖန်ကို သဲ အား အရည်ပျော်သည် အထိ အပူပေးခြင်းအားဖြင့် ရရှိသည်။ အရည်ပျော်နေစဉ် ပုံသွင်းပြီး အအေးခံရသည်။
ဖန် ကို များသောအားဖြင့် ပြူတင်းတံခါးများနှင့် ပုလင်းများ ပြုလုပ်လေ့ရှိသည်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများစွာ တွင် အရောင်ပါသော ဖန် ချပ်များကို ပြူတင်းတံခါးများ အတွက်သုံးကြသည်။ နောက်ပိုင်းတွင် မှန်ဘီလူးများ ထုတ်လုပ်ရာတွင်လည်း သုံးကြသည်။
ဖန်ကို အရည်ဟု ဆိုကြသော ရှေးခေတ် ယုံကြည်ချက်မှာ ရှေးအဆောက်အဦးများရှိ ပြတင်းတံခါးများတွင် တပ်ဆင်ထားသော မှန်ချပ်များကြောင့်ဖြစ်သည်။ ၎င်းတို့သည် အောက်ခြေထူ၍ အပေါ်ပိုင်းတွင် အနည်းငယ်ပါးလေ့ရှိသည်။ အမှန်မှာ မှန်ချပ်များ ပြုလုပ်စဉ်က ထုတ်လုပ်မှုနည်းစံနစ် မမှန်သောကြောင့် ဖြစ်သည်။
-
Roman Glass Beaker from the 4th Century A.D.
-
A glass with water.
-
Stained glass windows in a Christian church.
အခြားလင့်ခ်များ [ပြင်ဆင်ရန်]
- Corning Museum of Glass
- A comprehensive guide to art glass and crystal around the world
- Working Description Furnace & Moleria - Murano Glass
- Informative website about the glass industry
- Substances used in the Making of Colored Glass
- Almost 400 articles and images about glass (mostly art glass)