ပရေရီမြက်ခင်းပြင်

ဝီကီပီးဒီးယား မှ
အမေရိကန် ပြည်ထောင်စု အိုင်အိုဝါပြည်နယ် အယ်ဖစ်ဂျီတောင်ကုန်း နိုင်ငံတော် အထိမ်းအမှတ်ရှိ ပရေရီမြက်ခင်းပြင်

ပရေရီမြက်ခင်းပြင်ဆိုသည်မှာ သမမျှတသော မြက်ခင်းပြင်များ၊ ဆာဗားနားမြက်ခင်းပြင်များ နှင့် ဆူးခြုံတော ဘိုင်အုမ်း၏ တစ်စိတ်တစ်ပိုင်းဟု ယူဆကြသည်။ သင့်တော်သော ရာသီဥတု၊ မျှတသော မိုးရေချိန်ရှိသော ဒေသတွင် ရှိပြီး အဓိက ပေါက်ရောက်သော အပင်များမှာ သစ်ပင်များထက် မြက်ခင်းများ၊ နွယ်ပင်များ၊ ဆူးခြုံများက ပို၍များလေ့ ရှိသည်။ သမမျှတသော မြက်ခင်းပြင်ဒေသများတွင် အာဂျင်တီးနားနိုင်ငံဘရာဇီးနိုင်ငံနှင့် ဥရုဂွေးနိုင်ငံ တို့ရှိ ပမ်ပါ မြေနိမ့်ပိုင်းဒေသများနှင့် ယူရေးရှားရှိ စတက်ပီ ဒေသများတို့ ပါဝင်သည်။

ပုံမှန်အားဖြင့် ပရေရီဟု ညွှန်းဆိုခေါ်ဝေါ်သော မြေနေရာများသည် မြောက်အမေရိကတွင် ရှိတတ်သည်။ ထိုအသုံးအနှုန်းကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံ နှင့် မက္ကဆီကို နိုင်ငံ တို့တွင် ရှိသော အတွင်းပိုင်းဒေသများကို ခေါ်ဆိုလေ့ရှိပြီး ထိုဒေသများတွင် လွင်ပြင်ကြီးများနှင့် အရှေ့ဘက်ရှိ ပို၍စိုစွတ်ပြီး တောင်ကုန်းထူထပ်သော ဒေသများလည်း ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုတွင် မြောက်ဒါကိုတာပြည်နယ်၊ တောင်ဒါကိုတာပြည်နယ်၊ နီဘရားစကားပြည်နယ်၊ ကင်းန်ဆပ်ပြည်နယ်၊ ဥက္ကလာဟိုးမားပြည်နယ် ရှိ အစိတ်အပိုင်း အားလုံးလိုလို ပါဝင်ပြီး မွန်တာနာပြည်နယ်၊ ဝိုင်အိုမင်းပြည်နယ်၊ ကော်လိုရာဒိုပြည်နယ်၊ နယူးမက္ကဆီကိုပြည်နယ်၊ တက္ကဆပ်ပြည်နယ်၊ မစ်ဆူရီပြည်နယ်၊ အိုင်အိုဝါပြည်နယ်၊ အီလီနွိုင်းပြည်နယ်၊ အင်ဒီယားနားပြည်နယ်၊ ဝစ္စကွန်စင်ပြည် နှင့် မင်နီဆိုးတားပြည်နယ်၏ အနောက်ပိုင်းနှင့် တောင်ပိုင်းဒေသတို့ တစိတ်တပိုင်း ပါဝင်ကြသည်။ ကယ်လီဖိုးနီးယားပြည်နယ်၏ အလယ်ပိုင်း တောင်ကြားဒေသသည်လည်း ပရေရီမြက်ခင်းပြင် ဒေသပင် ဖြစ်သည်။ ကနေဒါနိုင်ငံရှိ ပရေရီမြက်ခင်းပြင်ဒေသတွင် မာနီတိုဘာ၊ဆက်ကက်ရှဝမ် နှင့် အယ်လ်ဘာတာတို့ ပါဝင်သည်။