မာတိကာသို့ ခုန်သွားရန်

တေဇ၊ ဦး

ဝီကီပီးဒီးယား မှ
ဦးတေဇ
မွေးဖွား (1964-07-18) ၁၈ ဇူလိုင်၊ ၁၉၆၄ (အသက် ၆၀)
ရန်ကုန်မြို့
အလုပ်အကိုင်ဥက္ကဋ္ဌ၊ Htoo Group of Companies
ဘွဲ့သီရိပျံချီ
အိမ်ထောင်ဖက်(များ)ဒေါ်သီတာဇော်
သားသမီးပြည့်ဖြိုးတေဇ[]
ထူးထက်တေဇ
ထူးထွေးတေဇ
မိဘ(များ)ဒုတိယဗိုလ်မှူးကြီးမြင့်ဆွေ၊ ဒေါ်အုန်း
ဆွေမျိုးသားချင်းဦးသီဟ (အစ်ကို)၊

ဦးတေဇ (၁၉၆၄- ) သည် စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်သည်။ အဓိက စီးပွားရေးလုပ်ငန်းမှာ ထူးအုပ်စု ကုမ္ပဏီနှင့် အဲပုဂံ လေကြောင်းလိုင်းတို့ ဖြစ်သည်။ ၎င်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ-အိုင်-အေ)မှ ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် သူရဲကောင်းမှတ်တမ်းဝင် နှင့် လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်)ရ ဒုတိယ ဗိုလ်မှူးကြီး သီရိပျံချီ မြင့်ဆွေ ၏ အငယ်ဆုံးသား ဖြစ်သည်။

ငယ်စဉ်ဘဝ

[ပြင်ဆင်ရန်]

ဦးတေဇကို ၁၉၆၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ထို့နောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ သို့သော် ကြို့ပင်ကောက်မြို့မှ ထူးဆန်စက်ပိုင်ရှင် ဦးဇော်ညွန့် နှင့် ဒေါ်ထူးတို့၏ သမီး မသီတာဇော်နှင့် နှစ်ဖက်မိဘများ သဘောမတူသည့်ကြားမှ လက်ထပ်လိုက်သည့်အတွက် စစ်တက္ကသိုလ်မှ ထွက်လိုက်ရသည်။[]

၁၉၈၉ ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။

စီးပွားရေးလုပ်ငန်းများ

[ပြင်ဆင်ရန်]

စစ်တက္ကသိုလ်မှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း မဂ္ဂဇင်းတစ်ခုတွင် ဖော်ပြထားသည်။ အဓိက စီးပွားရေးလုပ်ငန်းမှာ ထူးအုပ်စု ကုမ္ပဏီနှင့် အဲပုဂံ လေကြောင်းလိုင်းတို့ ဖြစ်သည်။[]

၁၉၉၄ - ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

စင်္ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တစ်ဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီအရာရှိကြီးများကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ဝန်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။

တခြားစီးပွားရေးလုပ်ငန်းများအနေနဲ့ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အဦးများ တည်ဆောက်ခြင်း၊ မိုဘိုင်းတယ်လီဖုန်း ဝန်ဆောင်မှုလုပ်ငန်းတို့ပါဝင်သည်။ စစ်အစိုးရအတွက် ရုရှားနိုင်ငံမှ လက်နက်များဝယ်ယူရန် လက်နက်ပွဲစားအဖြစ် လုပ်ကိုင်သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ထူထောင်ပြီး ဘဏ်လုပ်ငန်းသို့ စတင်ဝင်ရောက်လာသည်။ ဘဏ်တည်ထောင်ပြီး မကြာမီ အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုစာရင်းထဲတွင် ပါဝင်ခဲ့သည်။[] သို့သော် ၂၀၁၃ ခုနှစ်တွင် ထို ပိတ်ဆို့မှုစာရင်းမှ ပျယ်ဖျက်ပေးခဲ့သည်။[]

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန် က ဦးတေဇတဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ကမ္ဘောဇ ဦးအောင်ကိုဝင်း၊ ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုခဲ့သည်။

Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ဥက္ကဋ္ဌ တစ်ဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ်မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ဝင်ငွေရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။ မကြာသေးမီက Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဦးတေဇ၏ အဲပုဂံ လေကြောင်းသည် မြန်မာအမျိုးသားလိဂ် ပြိုင်ပွဲဝင် ရန်ကုန်မြို့အခြေစိုက် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း၏ အဓိက ထောက်ပံ့ပေးနေသော စပွန်ဆာကုမ္ပဏီလည်း ဖြစ်သည်။ သူ၏သားဖြစ်သူ ပြည့်ဖြိုးတေဇမှာ ဘောလုံးအသင်း၏ ဥက္ကဋ္ဌဖြစ်သည်။ ယခုအခါ ဦးတေဇသည် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သို့သော် ၂၀၁၄ ခုနှစ် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တစ်ဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုပ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်၀ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်းလာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအဝန်းတွင် ပြောဆိုနေသည်။

ပိတ်ဆို့ခံရမှုများ

[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းကိစ္စများကြောင့် မြို့ကြီးများ၏ လမ်းမများထက်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့သောကြောင့် အမေရိကန်နိုင်ငံ အစိုးရက ဦးတေဇနှင့် သူ၏ထိန်းချုပ်မှုအောက်ရှိ ထူးရောင်းဝယ်ရေး နှင့် အဲပုဂံ အပါအဝင် ကုမ္ပဏီများကို စီးပွားရေးအရ ပိတ်ဆို့ခဲ့သည်။

၂၀၁၀ ခုနှစ်မေလ ၁၉ ရက်နေ့မှာတော့ သားဖြစ်သူ ပြည့်ဖြိုးတေဇ ဥရောပသမဂ္ဂက သူ့အပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားရန်အတွက် ဥရောပသမဂ္ဂ ကောင်စီနှင့် ရင်ဆိုင်ခဲ့ရာ အမှုရှုံးနိမ့်ခဲ့ရသည်။ ၂၀၁၂ ခုနှစ် မတ်လမှာတော့ ပြည့်ဖြိုးတေဇအပေါ် ထားရှိထားတဲ့ ပိတ်ဆို့မှုတွေကို ဖခင်ဖြစ်သူ ဦးတေဇနှင့် သက်ဆိုင်ခြင်းမရှိဟု ယူဆကာ ဥရောပသမဂ္ဂမှ ဖယ်ရှားပေးခဲ့သည်။[]

ထင်ပေါ်ကျော်ကြားမှု

[ပြင်ဆင်ရန်]

ဦးတေဇ၏ ထူးအုပ်စု ကုမ္ပဏီအောက်ရှိ ကုမ္ပဏီအသီးသီးတွင် အလုပ်လုပ်နေသော ဝန်ထမ်း ၄၀၀၀၀ ကျော်ရှိသည်။ ရာဂဏာန်းမျှသော ဝန်ထမ်းများသည် နိုင်ငံရပ်ခြားမှာ ပညာများဆက်လက်သင်ကြားနေကြသည်။ နိုင်ငံရပ်ခြားရောက်နေသူများတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီး လေယာဉ်မှူးလည်း ပါဝင်သည်။[]

အလှူအတန်းများ

[ပြင်ဆင်ရန်]

ဦးတေဇ ဦးဆောင်၍ လက်အောက်ခံ ကုမ္ပဏီများမှ ဆိုင်ဂလုံး နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် အရေးပေါ်အသက်ကယ် ပစ္စည်းများကို ဘိုကလေးမြို့နယ်တွင် ကူညီထောက်ပံ့ပေးခဲ့သည်။ သူ၏ ထူးအုပ်စု ကုမ္ပဏီမှာ ဘိုကလေးမြို့နယ်အတွင်းရှိ ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးများ ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၈ သန်းကျော် သုံးစွဲခဲ့သည်။[][]

လူမှုရေးဆိုင်ရာများကို ပိုမိုအထောက်အကူပြုစေရန် ရည်ရွယ်ပြီး ၂၀၀၈ ခုနှစ် မေလ ၅ ရက်နေ့တွင် ထူး ဖောင်ဒေးရှင်းကို ထည်ထောင်ခဲ့သည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. CONSOLIDATED LIST OF FINANCIAL SANCTIONS TARGETS IN THE UKHer Majesty's Treasury။ UK Government (20 April 2011)။ 29 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 September 2013 တွင် ပြန်စစ်ပြီး။
  2. Montlake၊ Simon။ "Burma's Showy Crony"၊ Forbes၊ 28 September 2011။ 10 April 2012 တွင် ပြန်စစ်ပြီး 
  3. "Money Men" (September 2008). The Irrawaddy.  Archived 6 January 2010 at the Wayback Machine.
  4. Four Businessmen Granted Private Bank License။ (31 May 2010)။ 5 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 July 2014 တွင် ပြန်စစ်ပြီး။
  5. Burma Sanctions။ U.S. Department of the Treasury။ 16 July 2014 တွင် ပြန်စစ်ပြီး။
  6. Dotinga၊ William။ "Myanmar Man Regains Access to Frozen Funds"၊ Courthouse News Service၊ 13 March 2012။ 13 March 2012 တွင် ပြန်စစ်ပြီး 
  7. အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် FORBES ASIA မဂ္ဂဇင်း
  8. "HTOO Foundation of HTOO Group of Companies"၊ 5 May 2008။ 16 October 2016 တွင် ပြန်စစ်ပြီး 
  9. "HTOO Foundation Homepage"၊ 5 May 2008။ 16 October 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 3 October 2016။