ဆက်ရက်
| ဆက်ရက် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001)) |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Acridotheres tristis'' | ||||||||||||||
ဆက်ရက်
ဆက်ရက်အမျိုးမျိုးကို မြန်မာနိုင်ငံအရပ်ရပ်၌တွေ့ရသည်။ အသွေးအရောင်နှင့် အလေ့အကျင့်ကိုလိုက်၍ဆက်ရက်ငှက် အမျိုးမျိုးရှိကြသည်။ထိုသို့အမျိုးကွဲပြားသည့်အလျောက်လည်း ဇီဝဗေဒအခေါ်အားဖြင့် အမျိုးမျိုးကွဲပြားသည်။ သို့သော် ပုံသဏ္ဌာန်အရဆိုလျှင် တစ်မျိုးနှင့်တစ်မျိုးမှာခပ်ဆင်ဆင်ဖြစ် သည်။ မြန်မာနိုင်ငံ၌ အများဆုံးတွေ့ရသောဆက်ရက်မျိုးမှာ ဇီဝဗေဒအလိုအားဖြင့် 'အက်ကရီဒိုသီးရီးတြိုက်တစ်'ဟု ခေါ် သည်။ မျိုးရင်း 'စတာနီဒီး'ဖြစ်သည်။ ထိုမျိုးရင်းတွင်သာလိ ကာနှင့် စတားလင်းခေါ် ငှက်တို့ပါဝင်ကြသည်။
ဆက်ရက်သည် အများအားဖြင့် အလျား ၉ လက်မရှိ သည်။ ပျံသန်းနေစဉ် အမြီးပိုင်းအဖျားရှိ အဖြူကွက်ကို၎င်း၊ တောင်ပံရှိ အဖြူကွက်ကို၎င်း ထင်ရှားစွာမြင်ရသည်။ ဆူညံစွာ အောင်မြည်နေတတ်သော ငှက်မျိုးဖြစ်သည်။ဆက်ရက်ဖိုသည် ဆက်ရက်မအရှေ့တွင် ဦးခေါင်းကို တဆတ်ဆတ်ညိတ်၍ အော်တတ်သည်။အစာစားနေကြစဉ်သွားရောက်နှောင့်ရှက်လျှင် အလန့်တကြားအော်၍ ထပျံတတ်ကြသည်။ဆက်ရက်တို့သည် ကျီးကဲ့သို့ ထိတ်လန့်ကြောက်ရွံ့တတ်သောအမူအရာမရှိ၊ ရဲရင့် ၏။ ရွှင်ပျဖျတ်လတ်၏။ မြေပေါ်၌လျှောက်ကာအော်မြည်နေ စဉ် အစာကိုရှာဖွေစားတတ်သည်။
အများအားဖြင့် ဆက်ရက်တို့ကို မြို့ရွာနှင့် မြို့ရွာအနီး အနားတို့တွင်တွေ့ရသည်။အမြဲတမ်းလိုပင်စုံတွဲနေတတ်ကြ၍၊ တစ်ဦးကိုတစ်ဦး အထူးပင် ခင်မင်တွယ်တာပုံရသည်။အတူတူ အစာရှာဖွေစားနေကြစဉ် တစ်ကောင်ကိုတစ်ကောင် အမွှေး အတောင်ပြုပြင်ပေးတတ်ကြသည်။ သို့သော် တစ်ခါတစ်ရံ တစ်ကောင်နှင့်တစ်ကောင် ရန်လုပ်တတ်သည်လည်းရှိ၏။ည အခါတွင် သစ်ပင်အုပ်များ၌၎င်း၊ကြံခင်းများ၌၎င်း စုရုံး၍အိပ် တန်းတက်လေ့ရှိသည်။အိပ်တန်းမတက်မီဆူညံစွာအော်မြည် တတ်ကြသည်။ညအခါ၌လည်းရံဖန်ရံခါ ထ၍အော်မြည်တတ် သည်။
သားပေါက်ချိန်မှာ ဧပြီလမှ အောက်တိုဘာလခန့်အတွင်း ဖြစ်သည်။ အသိုက်ကို အိမ်ခေါင်မိုး၊ ရေတွင်း နံရံပေါက်၊ သစ်ခေါင်းတို့တွင်ကောက်ရိုး၊သစ်ကိုင်း၊အမွှေးအတောင်များ ဖြင့် ဖရိုဖရဲလုပ်တတ်ကြသည်။စွန်၊ ကျီးကန်း၊ ရှည့်တို့၏ အသိုက်ဟောင်းများကိုလည်းထပ်မံပြုပြင်၍အသိုက်လုပ်တတ် ကြသည်။ တစ်မြုံလျှင်ဥပေါင်း ၃ လုံးမှ ၆ လုံးအထိရှိသည်။ ဥမှာ အပြာရောင်ဖြစ်၍ အစက်ပြောက်များ မပါရှိပေ။ထို ဆက်ရက်မျိုးကို အန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့်သီဟိုဠ်ကျွန်းတို့ တွင် အနှံ့အပြားတွေ့ရသည်။
ဇီဝဗေဒအမည်ဖြင့် 'မိုင်နို ကိုရိုနေတပ်'ဟု ခေါ်သော ဆက်ရက်တစ်မျိုးလည်းရှိသည်။ ထိုဆက်ရက်၏ အလျားသည် ၈ လက်မ အထိရှိသည်။ အမွှေးအတောင်၌ ပြောင်လက်သော အမည်းရောင်နှင့် အဝါရောင်ရော လျက်ရှိသည်။ ဤဆက်ရက် မျိုးတွင် ရှည်လျားသောအမောက်၊ မျက်လုံးဘေးရှိအဝါရောင် အရေပြားနှင့် လိမ္မော်ရောင် နှုတ်သီးတို့မှာထင်ရှားသည်။ ထိုအပြင် 'အက်ကရီဒိုသီးရီး အဲလဗိုစင့်တပ်'၊'အက်ကရီဒို သီးရီး ကရစ်တိတ်တဲလပ်' စသော ဆက်ရက်မျိုးများလည်း ရှိသေးသည်၊ ယင်းတို့ကို မြန်မာနိုင်ငံအရပ်ရပ်၌ တွေ့ကြရ သည်။[၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)