စီးကရက်
စီးကရက်သည် လူတို့တီထွင်ထားသော ဖွာရှိုက်၊ အကြံထုတ်၊ စတိုင်ထုတ်စရာ အရာဝတ္တုပစ္စည်း တစ်ခုပင်ဖြစ်သည်။ အဓိကအားဖြင့်စိတ်ဖိစီးမှုမှ ထွက်ပေါက်တခုအဖြစ် သောက်သုံးကြခြင်းပင် ဖြစ်သည်။ စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ စီးကရက်(သို့) ဆေးလိပ်ဆိုသောအရာသည် မကောင်းမှန်း သိပေမဲ့ ဖြတ်ရအတော်ခက်တတ် ကြပါသည်။
မာတိကာ |
စီးကရက်သောက်ခြင်း [ပြင်ဆင်ရန်]
စီးကရက် သောက်ခြင်းနှင့် ပတ်သက်၍ ခံစားမှု သက်သက်ကိုပဲ ရေးခြင်းဖြစ်ပါသည်။ ဘယ်လို အရသာ ရှိလဲ၊ ဘာ ခံစားရလဲ၊ စီးကရက် သောက်လို့ ကိုယ့် အပေါ် သူများ ဘယ်လိုမြင်သလဲ၊ တခြားသူတွေနဲ့ ကိုယ့်ကို ဘယ်လို အကျိုး သက်ရောက်စေလဲ သို့မဟုတ် ထိခိုက်စေလဲ စသဖြင့် တွေးတောမိတဲ့အခါ...
တစ်ချို့က ကြောက်စိတ်တွေ ပြေအောင် သောက်တာတဲ့။ ဥပမာ ရီးစားစာ လိုက်ပေးရင်း၊ စကား လိုက်ပြောရင်း ပေါ့။ စီးကရက်ကို ခဲထားလိုက်တာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လည်း ပိုရှိလာသလိုပဲ ခံစားရတယ်၊ ခြေဖျား လက်ဖျား အေးတာတွေလည်း ပျောက်သွားတယ်တဲ့။
ကိုယ့်အနေနဲ့တော့ စီးကရက် သောက်တဲ့ ယောက်ျားလေးကို စတိုင်ကျလိုက်တာ လို့ တခါမှ မထင်မိပါဘူး။ မင်းသား မင်းသမီးတွေ ရုပ်ရှင်ထဲမှာ စီးကရက် သောက်တာကိုရော၊ ဥပမာ Sex and the City ထဲမှာ Carrie စီးကရက် ဖွာပြီး စာရေးနေတာ တွေ့ရင် သူ့ အဝတ်အစားနဲ့ အသုံးအဆောင် လှလှလေးတွေ နံကုန်တော့မှာပဲလို့ တွေးမိတယ်။ စီးကရက်နံ့က နံတယ်လို့ ထင်တဲ့ အပြင် စီးကရက် သောက်သူရဲ့ နှုတ်ခမ်းမဲမဲကြီး ကိုလည်း မနှစ်သက်ပါဘူး။ သွေးရောင် မလွှမ်းဘဲ ဝါကျင့်ကျင့် ဖြစ်နေတဲ့ လက်တွေကိုလည်း ဘယ်လိုလုပ်ပြီး ရဲရဲ တွဲရဲမှာလဲ။ စီးကရက် သောက်ရင်း ရဲဆေးတင်ပြီး လာပြောတဲ့ ချစ်စကားများ ကလည်း ဘယ်မှာ မွှေးချိုနေမှာလဲ။
စီးကရက်နှင့် ကမ္ဘာ [ပြင်ဆင်ရန်]
ယနေ့ တိုးတက်ပြီးနိုင်ငံများတွင် စီးကရက်ကပေးမည် အန္တရာယ်ကိုလူတိုင်းသိရှိပြီးဖြစ်သည်။ နိုင်ငံတကာတွင် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက် စေနိုင်ပါသည် ဟူသောစာတမ်းကို ဥပဒေအရ စီးကရက်ကြော်ငြာတိုင်းတွင် ထည့်ကြရသည်။ ဥရောပနိုင်ငံများတွင် စီးကရက်ဘူးခွံတိုင်း၌ ကျန်းမာရေး သတိပေးချက်ကို မြင်သာအောင်ဖော်ပြရသည်။ဩစတေးလျနိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့တွင် စီးကရက်၌ပါဝင်သော ဆေးကတ္တရာ ပါရှိသည်နှုန်းပေါ်မူတည်၍ အခွန်ကိုကောက်သည်။ ရုရှားတွင် ရုံးများ၊ ယာဉ်များ၊ ကျောင်းများနှင့်ပင်လယ်ပမ်းခြေ အဆောက်အဦးအားလုံးတွင် ဆေးလိပ်မသောက်ရန် ပိတ်ပင်ထားပြီးဖြစ်သည်။ ထိုကြောင့် သူတို့ဆီမှာ စီးကရက်သောက်သည့်နှုန်းသည် ကျဆင်းလျက်ရှိပါသည်။
နောက်မကျသေးပါ [ပြင်ဆင်ရန်]
စီးကရက်ဖြတ်သည့်ရက်သည် ဘယ်တော့မှနောက်မကျခြင်း ပင်ဖြစ်သည်။ ယနေ့ဖြတ်လျှင် ယနေ့အကျိုးရှိသည်။ စီးကရက် ကပေးသောဝေဒနာများသည် ပြန်လည်သက်သာစမြဲဖြစ်သည်။ ထိုကြောင့် လူငယ်တစ်ယောက် အနေနှင့်စီးကရက် မသောက်တတ်သေးလျှင် မသောက်ပါနှင့်။ အားကစားလုပ်ရာတွင်၎င်း ပင်ပင်ပန်းပန်းအလုပ် လုပ်ရသောအခါတွင်၎င်း သက်တူရွယ်တူ သူငယ်ချင်းများထက် ပို၍ အမောခံနိုင်သည်။ စီးကရက်စွဲနေသော လူကြီးဖြစ်ပါက ယနေ့ပင်စ၍ ဖြတ်ကြည့်ပါ။ထူးခြားစွာပေါ့ပါးလာမည်။ အဆုတ်ကင်ဆာကို အသာထား၊အနည်းဆုံး တပတ်အတွင်း ချောင်းဆိုရင်ကြပ် စသော ဝေဒနာများကို ယူပစ်သလို သက်သာသွားပါလိမ့်မည်။ မြန်မာနိုင်ငံ ဆေးသုတေသနဌာန၏ စာတမ်းစာစောင်များအရ ဆေးပေါ့လိပ်သည် စီးကရက် လောက်ဒုက္ခမပေးဟုသိရသည်။ ထိုကြောင့်ဆေးလိပ်ကို မဖြတ်နိုင်လျှင် သနပ်ဖက် ဆေးပေါ့လိပ် များနှင့်အစားထိုးသင့်သည်။
(၁) စသောက်မိတာနဲ့ ဖြတ်ဖို့ခက်ပြီ [ပြင်ဆင်ရန်]
များသောအားဖြင့် ဆယ်ကျော်သက် အရွယ်မှာ အပေါင်းအသင်းများရဲ့ စေ့ဆော်မှု၊ ကိုယ်တိုင် ကလည်း လက်တည့်စမ်းချင်မှု၊ မိဘအသိုင်းအဝိုင်းကလည်း ဆေးလိပ်သောက်သုံးသူတွေ ဖြစ်မှုစတဲ့ အချက်ကလေးတွေကနေ တွန်းပို့မှုကြောင့် ဆေးလိပ်ကို စမ်းသောက်မိ တတ်ကြပါတယ်။ ဆေးလိပ်သောက်သည့် အကျင့်သည် စမိသည်နှင့် ဖျောက်ဖို့ရန် အလွန်ခက်ခဲသည့် အမူအကျင့် တစ်ခုဖြစ်သည်။ ။ အဘယ့်ကြောင့်ဆိုသော် ဆေးလိပ်တွင် ပါဝင်သည့် စိတ်ကိုစွဲလန်းစေသော နီကိုတင်း (nicotine)ဓာတ် အမြောက်အများ ပါဝင်နေ၍ ဖြစ်သည်။ နီကိုတင်းကို စသုံးမိသည်နှင် ထပ်မံ သုံးစွဲချင်အောင် စွဲလန်းစေပြီး စိတ်ကိုပြောင်းလဲစေပါသည်။
(၂) ဆေးလိပ်ထဲမှာ တခြားဘာတွေ ပါသေးလဲ [ပြင်ဆင်ရန်]
စီးကရက် တလိပ်မှာ အမျိုးပေါင်း ၄၀၀ဝကျော်သည့် ဓာတုပစ္စည်းတွေနဲ့ အနည်းဆုံး ၄၀ဝ ကျော်တဲ့ အဆိပ်အတောက်တွေ ပါဝင်ပါသည်။ ကျန်းမာရေးကို အဓိက ထိခိုက်စေတဲ့ အရာမှာ
- ကင်ဆာဖြစ်စေသော carcinogen တမျိုးဖြစ်သည့် ကတ္တရာစေး
- စိတ်ကိုစွဲလန်းစေပြီး သွေးတွင်း အဆီဓါတ်ကို မြင့်တက်စေသည့် နီကိုတင်း
- အဆုတ်အတွင်း အောက်ဆီဂျင် ပါဝင်မှု လျော့နည်းစေပြီး အဆိပ်အတောက် ဖြစ်စေသည့် ကာဗွန်မိုနောက်ဆိုဒ် တို့ အဓိကပါဝင်ပါသည်။
တခါဖြတ်ကြည့် မနေနိုင်၊ ပြန်သောက် လုပ်ရင်းကနေ တဖြေးဖြေးနဲ့ စိတ်ဓါတ်ပါ ကျလာတတ်ပါတယ်။ ဇွဲမလျော့ပါနဲ့။ ဒီတခါမရ ရင် နောက်တခါ ရပါလိမ့်မယ်။ ဖြစ်လာမယ့် ရောဂါတွေ အပိုကုန်တဲ့ ငွေကြေးတွေ ကိုယ့်ရဲ့ အနာဂတ် မိသားစုရဲ့ အနာဂတ် စတာတွေကို အသေအချာ တွေးပါ။ စိတ်ကို ခိုင်ခိုင်ထားပြီး ဆုံးဖြတ်ချက် ချပါ။ အကူအညီပေးနိုင်တဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပါ။ သင့်ရဲ့ ကြိုးစား မှုတိုင်းကို သင့်ရဲ့ မိသားစု ပတ်ဝန်းကျင် ကလဲ အသိအမှတ်ပြုမှာပါ။ တကယ်ဆေးလိပ် ပြတ်သွားတာနဲ့ သူခေါ်ဆောင်လာမယ့် ရောဂါဆိုးတွေကနေ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်နိုင်မှာပါ။ [၁]
အရက်နှင့် ဆေးလိပ် တွဲမိပြီဆိုလျှင် [ပြင်ဆင်ရန်]
ယနေ့ ဆရာဝန်များ တွေ့ရှိသော အချက်က ဆေးလိပ်နှင့်အရက် ပေါင်းစပ်လို့ မရပါ။ အရက်ရော ဆေးလိပ်ပါ ကျန်းမာရေးကို ထိခိုက်စေတတ်သည်။ ဤသည်မှာ လူတိုင်း အသိပင်..။ ယင်းနှစ်ခုကို ပေါင်းလိုက်မိလျှင် ပြဿနာမှာ ပို၍ပို၍ မျှော်မှန်းသည်ထက် ကြီးထွားသွားသည်။
အရက်ရော ဆေးလိပ်ပါ သောက်သုံးသူတို့၏ ဖျားနာဖို့နှုန်းသည် ဆေးလိပ်ကို မသောက်ပဲ အရက်ကို ရေသောက်သလို သောက်နေသောသူ၊ အရက်ကိုမသောက်ပဲ ဆေးလိပ်ကို မီးခိုးခေါင်းတိုင်ဖြစ်အောင် သောက်နေသော သူတွေထက် ပိုသည်ဟု ပြင်သစ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါ သုတေသနမှ ပညာရှင်များက ဆိုပါသည်။ အဆိုပါ ဌာနကြီးမှ တာဝန်ရှိပုဂ္ဂိုလ်၏ ပြောပြချက်အရ နေ့စဉ် စီးကရက် တစ်ဗူးနှင့်အတူ အရက်ကို အသင့်အတင့် တွဲဖက်သောက်သုံးသောသူ၏ အစာမျိုလမ်းကြောင်း ကင်ဆာဖြစ်ဖို့နှုန်းသည် အရက်တစ်မျိုးထဲသာ သောက်သုံးတတ်သူ သို့ စီးကရက် တစ်မျိုးကိုသာ နေ့စဉ်မှီဝဲသူတွေထက် ငါးဆပိုသည်။ အကယ်၍ လူတစ်ယောက်သည် စီးကရက်ကို အသင့်အတင့်သောက်၍ နေ့စဉ်အရက်ကို အလွန်အမင်း သောက်သုံးခဲ့သော် သူ၏ အစာမျိုလမ်းကြောင်း ကင်ဆာရောဂါ ဖြစ်မည့်နှုန်းသည် အရက် သို့ စီးကရက် တစ်မျိုးထဲ သောက်သူထက် ၁၈ဆ ပိုသည်။ အရက်ရော စီးကရက်ကိုပါ အလွန်အကျွံ သောက်မိပြီဆိုပါက ကင်ဆာဖြစ်ရမည့်နှုန်းသည် ၄၄ဆအထိ တက်သွားနိုင်သည်။
ဘယ်လိုကြောင့် ဒီလိုဖြစ်နေရပါလိမ့်...။ အဖြေကို ရရှိရန် စီးကရက်တစ်လိပ်ကို ရှုသွင်းနေသော သူတစ်ယောက်ကို သတိထားကြည့်ပါ။ စီးကရက်က ထွက်လာသော အငွေ့တွင် ကာဗွန်မိုအောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် စသည့် ကင်ဆာရောဂါဖြစ်စေနိုင်သော ဓါတ်အမျိုးပေါင်း ၄၀၀ဝ တို့သည် အဆုတ်ထဲကို ဝင်ရောက်သွားသည်။ ၄င်းဓါတ်ငွေ့တို့သည် ပါးစပ်၊ နှခေါင်း၊ လည်ချောင်းနှင့် အဆုတ်ထဲ၌ အသာတွယ်ကပ်ပြီး နေတတ်ကြသည်။ ဤအချိန်မှာ ဆေးလိပ်သမားက ရောဆာလာသဖြင့် ခံတွင်းရှင်းသွားအောင် အရက်တစ်ခွက်ကို အဖေါ်ပြုလိုက်ပြီ ဆိုပါက ပါးစပ်နှင့် လည်ချောင်းတဝိုက်ကို အရက်ဖြင့် ပက်ဖျန်းလိုက်သလို ဖြစ်သွားမည်ဖြစ်၏။ အရက်က ကင်ဆာရောဂါ မဖြစ်စေပါ။ သို့သော် ပါးစပ်၊ လည်ချောင်း စသည်တို့၌ အနည်တင်နေသော စီးကရက်မှ ဓါတ်များကို အရည်ပျော်စေ၍ ခန္ဓာကိုယ်ထဲကို မဝင်ဝင်သွားအောင် အကူအညီ ပေးလိုက်၏။
စီးကရက်သမားက စီးကရက်ကို ဆက်ပြီးသောက်လျှင် ပါးစပ်နှင့် လည်ချောင်းအတွင်း၌ ရောက်နေပြီးဖြစ်သော အရက်က အဆိပ်ဓါတ်များကို ခန္ဓာကိုယ်တွင်းသို့ မဝင်ဝင်အောင်ဆက်ပြီး ကူညီပြန်၏။ ဒီအချိန်မှာ ဝမ်းဗိုက်အတွင်း၌ ရှိသော အသည်းက ၄င်းဆီကို ရောက်လာသော အဆိပ်အတောက်များကို ဖျက်ဆီးပစ်နိုင်အောင် ကြိုးစားပေးရသည်။ အထူးသဖြင့် အရက်တွင်ပါလာသော ခန္ဓာကိုယ်တွင်းကို လောလောဆယ် ဒုက္ခပေးမည့် အဆိပ်များကို လစ်လှျူရှု့ထားရသလို ဖြစ်သွား၏။ ဒီလိုနှင့် စီးကရက် တစ်မျိုးထဲကို မှီဝဲနေသူ၏ သွေးထဲတွင် အဆိပ်ဓါတ်သည် မိနစ်အနည်းငယ်သာ ရှိနေရမည့်အစား အရက်ပါ တွဲဖက်သောသူတွင် နာရီပေါင်းများစွာကြာအောင် ဒုက္ခပေးနေတော့သည်။
အသည်းက အရက်တွင်ပါလာသော အဆိပ်များကို ဖျက်ဆီးပေးနေရစဉ် နောက် တာဝန်တစ်ခုကို လစ်ဟင်းသွားပြန်သည်။ ဒါက သွေးထဲမှ အဆီဓါတ်ကိုယူပြီး သကြားဓါတ်အဖြစ် အသွင်ပြောင်းပေးဖို့ တာဝန်ဖြစ်သည်။ သို့ကြောင့် အရက်သမားတို့တွင် သွေးထဲ၌ အဆီဓါတ်သည် ပိုလှျံနေတတ်သည်။ တချိန်ထဲမှာ စီးကရက်က ပါလာသော အဆိပ်ဓါတ်များနှင့် ပေါင်းဆပ်မိသောအခါ သွေးခဲလွယ်သည့် အဆင့်ကို ရောက်သွား၏။ ဤတွင် သွေးကြောပိတ်သည့် ရောဂါမျိုးစုံနှင့် ဆက်စပ်သွား၏။
အဆုတ်ထဲကို ပြန်၍ ကြည့်ကြရအောင်...။ စီးကရက်ငွေ့တွင် CO ဓါတ်ငွေ့ပါရှိသည်။ ထိုဓါတ်ငွေ့သည် အောက်ဆီဂျင်ဓါတ်ငွေ့ထက် သွေးထဲကိုဝင်ဖို့ အဆ ၂၄ဝ လွယ်ကူသည်။ ထို့ကြောင့် စီးကရက် များများသောက်နေသူ တစ်ယောက်၏ သွေးထဲတွင် အောက်ဆီဂျင် ပါရှိသည့်နှုန်းသည် ၈% နီးပါး လျော့နည်းသွား၏။ စီးကရက် အရက် တွဲဖက်စွဲနေသောသူသည် အစာအာဟာရ အစားအသောက် နည်းတတ်၏။ အာဟာရ ချို့တဲ့ နေတတ်၏။ ဤအချက်တွေ အားလုံးပေါင်းစပ်မိသောအခါ ခန္ဓာကိုယ်၏ အာရုံကြောများကို ထိ၏။ အသည်းကမကောင်း၊ အောက်ဆီဂျင်ကနည်း၊ သွေးကြောတွေက ပိတ်လုလု၊ အခြေအနေမှာ ဦးနှောက်ကို ထိခိုက်၏။ နှလုံးသွေးကြောတွေကို ဒုက္ခပေး၏။ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေး၏။ ဤတွင် နဂိုက သွေးတိုးရောဂါ နည်းနည်းပါးပါး ရှိနေသူဖြစ်ပါက လေဖြတ်ခံရမှာ နှလုံးသွေးကြောပိတ် ရောဂါရတော့မှာ သေချာ၏။
အမျိုးသမီးများတွင် စီးကရက်သောက်ပြီး ပဋ္ဌိသန္ဓေတားဆေးကိုပါ သုံးစွဲပါက ဦးနှောက်ထဲမှာ သွေးယိုသည်အထိ ဖြစ်တတ်၏။ အရက်က သွေးတိုးရောဂါကို အားပေး၏။ အစာအိမ်ရောဂါ ရှိသောသူသည် အရက်နှင့် စီးကရက်ကို ဆက်ပြီးမှီဝဲပါက ဘယ်တော့မှ ရောဂါပျောက်ကင်းလိမ့်မည် မဟုတ်ချေ။
အမျိုးသားများတွင်လည်း အရက်ကို အလွန်အကျွံသောက်သုံးမိပါက သွေးထဲ၌ ယောကျ်ားဟိုမုန်းဓါတ် ကျဆင်း၏။ စီးကရက်ဖြင့် ပေါင်းစပ်မိပါက သုတ်ပိုးမထွက်သည့် ဘဝကို ရောက်သွားတတ်၏။ ထိုအခါ အိမ်ထောင်ကျပေမဲ့ ကလေးအဖေဘဝကို ရောက်တော့မည် မဟုတ်ပါ...။
သို့ကြောင့် အရက်နှင့် စီးကရက် မတွဲမိအောင် အတတ်နိုင်ဆုံး ဆရာဝန်တွေက ပြည်သူတွေကို အကြံပေးကြပါဟု ၁၉၈၅ ခုနှစ်ထုတ် ကမ္ဘာ့ဆေးပညာ အသင်းဂျာနယ်မှ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ [၂]
ရနိုင်သောအန္တရာယ်နှင့် ကျေးဇူးများ [ပြင်ဆင်ရန်]
(၁)လူဘဝသက်တမ်း
- အန္တရာယ်=စီးကရက် များများသောက်သောသူသည် အသက်၂၅အရွယ်လူတစ်ယောက်သည် မသောက်သောသူတို့ထက် သက်တမ်း ၈-၃ နှစ်တိုလိမ်မည်။
- ကျေးဇူး=ဆေးလိပ်ဖြတ်ပြီး ၁၀-၁၅ နှစ်ကြာသောသူတစ်ယောက်၏ သက်တမ်းသည် မသောက်သောသူတစ်ယောက်နှင့်မခြား အသက်ရှည်လိမ့်မည်။
(၂)အဆုတ်ကင်ဆာရောဂါ
- အန္တရာယ်=စီးကရက်သည်အဆုတ်ကင်ဆာရောဂါဖြစ်စေသောအကြောင်းအရင်းဖြစ်သည်။စီးကရက်သောက်သောသူသည်မသောက်သောသူထက် ကင်ဆာရောဂါဖြစ်ရန် ၁ဝဆ ပိုသည်။
- ကျေးဇူး=စီးကရက် ဖြတ်ပြီး၁ဝ နှစ်၁၅နှစ်အကြာတွင် မသောက်သောသူများအတိုင်း ကျဆင်း သွားသည်။
(၃)လည်မျိုကင်ဆာရောဂါ
- အန္တရာယ်=စီးကရက်သောက်သောသူသည် ဤရောဂါ ဖြစ်မည့်နှုန်းမှာ ၃ဆ မှ- ၁၇ ဆ ဖြစ်နိုင်သည်။
- ကျေးဇူး=ဆေးလိပ် ၁ဝနှစ်ဖြတ်ပြီးပါက ဤရောဂါ ဖြစ်ပွားသူရှားသည်။
(၄)ပါးစပ်ကင်ဆာ
- အန္တရာယ်=ဆေးလိပ်သောက်သောသူများသည် ပါးစပ်ကင်ဆာရောဂါဖြစ်သည့်နှုန်း ၃ဆမှ ၁ဝဆအထိ ပိုသည်။ဆေးလိပ်ရော၊ အရက်ပါသောက်လှျင်ပိုဆိုးသည်။
- ကျေးဇူး=ဆေးလိပ်အရက်ဖြတ်လိုက်သည်နှင့် ဤရောဂါ ဖြစ်ပွားနှုန်းကျသွားလေ့ရှိသည်။
(၅)အစာမျိုကင်ဆာ
- အန္တရာယ်=ဆေးလိပ်သောက်သောသူများသည်၂ဆမှ၉ဆပို၍ဖြစ်သည်။အရက်ပါတွဲလှျင်ပို၍ဆိုးသည်။
- ကျေးဇူး=ဆေးလိပ်အရက် အချိန်မီတားနိုင်ပါက ဤဝေဒနာဖြစ်ပွားနှုန်း ကျသွားသည်။
(၆)ဆီးအိမ်ကင်ဆာရောဂါ
- အန္တရာယ်=ဆေးလိပ်သောက်သောသူများသည် ဤရောဂါဖြစ်သူ ရဆမှ၁ဝဆပိုသည်။ အခြားလုပ်ငန်းခွင်နှင့်ပက်သက်သော နေသူများတွင် ပိုပြီးများသေးသည်။
- ကျေးဇူး=ဆေလိပ်ဖြတ်ပြီး ရနှစ်အကြာ ဤရောဂါဖြစ်ပွားနှုန်းကျသွားသည်။
(၇)ပန်ခရိယကင်ဆာ
- အန္တရာယ်=ဆေးလိပ်သောက်သောသူများသည် သာမာန်လူတို့ထက် ၂ဆမှ၅ဆ ပို၍ဖြစ်သည်။များများသောက်လှျင် ရောဂါဖြစ်နှုန်းလည်းပိုသည်။
- ကျေးဇူး=ထိုကြောင့် ဆေးလိပ်ဖြတ်လိုက်လှျင် ရောဂါဖြစ်သညါ့နှုန်းလည်းကျသွားသည်။
(၈)နှလုံးသွေးကြောပိတ်ရောဂါ
- အန္တရာယ်=အမေရိကန်နိုင်ငံတစ်ခုတည်းနှစ်စဉ်လူပေါင်း၁၂၀၀ဝဦးသေကြေရခြင်း၏အဓိအ ကြောင်းအရင်းဖြစ်သည်။
- ကျေးဇူး=ဆေးလိပ်ဖြတ်ပြီး ၁ဝနှစ်အကြာတွင် ရေဂါဖြစ်ပွားသည့်နှုန်း ဆေးလိပ်မသောက်သူ များကဲ့သို့ရှိလာပါသည်။
(၉)ရင်ကြပ်ပန်းနာ ရောဂါ
- အန္တရာယ်=အခြား အဆုတ်နှင့်ပက်သက်သောရောဂါဝေဒနာများ ဆေးလိပ်သောက်သူများ၏ အဆုတ်သည်၄ဆမှ၂၅ဆ အထိပျက်စီးလွယ်သည်။ဆေးလိပ်ဖြတ်လိုက်တာနှင့် ချောင်းဆိုး သလိပထွက်သည့်လဏ္ခများပျေက်ကွ့ယ်သွားသည်။
- ကျေးဇူး=ဆေးလိပ်ရပ်တာနဲ့ရောဂါ ပျောက်ကွယ်သွားစမြဲဖြစ်သည်။
(၁၀)ပေါင်ချိန်မပြည့်သော ကလေးမွေးသည့်နှုန်း
- အန္တရာယ်=ဆေးလိပ်သောက်သောမိခင်များမှ ပေါက်ဖွားလာသောကလေးများတွင် အသေမွေးနှုန်း၊ပေါင်ချိန်မပြည့်သော ကလေးမွေးနှုန်းမြင့်သည်။
- ကျေးဇူး=ကိုယ်ဝန် ၄လ မတိုင်မီ ဖြတ်ထားနိုင်က ဤပြသနာတွေကင်းသည်။
(၁၁)အစာအိမ်အနာဖြစ်ခြင်း
- အန္တရာယ်=အစာအိမ် အချဉ်ပေါက်ခြင်း၊အစာအိမ်ရောဂါကြောင့် သေဆုံးရခြင်းတို့ပိုသည်။ အစာအိမ်ရောဂါဖြစ်နေသူများ ဆေးလိပ်သောက်ပါက အလွယ်တကူမပျောက်တော့ချေ။
- ကျေးဇူး=ဆေလိပ်ဖြတ်ပြီး သူများတွင်လည်း အစာအိမ်ရောဂါဖြစ်ကြပါ၏။သို့သော် ပျောက် လွယ်သည်။
(၁၂)သွေးကိုဖောက်စစ်လှျင်
- အန္တရာယ်=ဆေးလိပ်သောက်သူများတွင် သွေးထဲ၌အပြောင်းအလဲတွေရှိသည်။ထိုကြောင့် ပဋိသန္ဒေတားဆေးကြောင့် သွေးခဲခြင်းစသည့် ဝေဒနာမျိုးထပ် ဆင့်ရတတ်သည်။
- ကျေးဇူး=ဆေးလိပ်ဖြတ်ပြီးသူ၏ သွေးသည် မသောက်သူများနှင့်မခြားရှိ၏။
အထက်ပါအတိုင်း စီးကရက်နှင့်ပက်သက်သော မကောင်းသည့်ဘက်က အထောက်အထားများသည် တနေ့တခြားတိုးတက်လာသဖြင့်အမေရိကန် ကင်ဆာရောဂါအသင်းကြီးမှ အတည်ပြုပြီးပြည်သူလူထုသို့ ဖြန့်ဝေထားသော လက်ကမ်းစာစောင်မှာဖြစ်ပါသည်။[၃]
ဖြစ်တတ်သောရောဂါများ [ပြင်ဆင်ရန်]
(၁)ဆေးလိပ်နှင့် အစာအိမ်နာ
- ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှုဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှုကို ပြောင်းလဲစေပြီး အစာအိမ်ယောင်ယမ်းမှုကို ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ အစာအိမ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း ၊ အစာအိမ်သွေးယိုခြင်းတို့ကိုလည်း ဖြစ်စေပြီး အနာကျက်မှုကိုလည်းနှောင့်နှေးစေပါတယ်။ [၄]
(၂) ကင်ဆာရောဂါ
- ဆေးလိပ်သောက်သုံးသူတွေဟာ အခြားသူတွေထက် ကင်ဆာဖြစ်နိုင်ချေ အရမ်းများပါတယ်။ ကင်ဆာထဲမှာမှ အဆုတ်ကင်ဆာ (Lung Cancer)၊ လည်ချောင်းကင်ဆာ (Throat Cancer)၊ နှင့် ခံတွင်း ကင်ဆာ (Oral Cancer) များ အဖြစ်များပါတယ်။ ထို့ပြင် ကျောက်ကပ်ကင်ဆာ (Kidney Cancer)၊ အစာရေမျိုကင်ဆာ ( Oesophagus Cancer) ၊ ဆီးအိမ်ကင်ဆာ (Bladder Cancer) ၊ ပန်ကရိယကင်ဆာ ( Pancreas Cancer) ၊ သားအိမ်ခေါင်းကင်ဆာ ( Cervical Cancer) တို့ ဖြစ်ပွားမှုနဲ့ပါ ဆက်စပ်လျက် ရှိပါတယ်။ ဆေးလိပ်သောက်သုံးတဲ့ နှစ်ရှည်လေလေ သောက်သုံးတဲ့ အရေအတွက် များလာ လေလေ ကင်ဆာဖြစ်နိုင်ချေနှုန်း ပိုပိုများလာလေလေပါဘဲ။
(၃) သွေးကြောကျဉ်းမည်
- နီကိုတင်းကြောင့် ကိုလက်စတရော (Cholesterol) နဲ့ သွေးတွင်း အဆီဓါတ်တွေ များလာပြီး နှစ်ကြာလာတဲ့ အခါမှာ သွေးကြောနံရံတွေ ထူလာပြီး သွေးကြောတွေပါ ကျဉ်းလာ စေတယ်။ သွေးကြောတွေ ကျဉ်းလာတဲ့အခါမှာ သွေးများဟာ ကောင်းစွာ မစီးဆင်းတော့ဘဲ သွေးခဲမှုတွေ ဖြစ်စေကာ သွေးကြောတခုလုံးကို ပိတ်စေပါတယ်။
နှလုံး မှာရှိတဲ့ သွေးကြောများ ပိတ်သွားပါက နှလုံးသို့ သွေးရောက်အောင် မပို့နိုင်တော့ဘဲ Heart Attack ဖြင့် သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ပါက လေတခြမ်းဖြတ်ခြင်း နှင့် လေဖြန်းခြင်းများ ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ် အတွင်းရှိ သွေးကြောများ ပိတ်သွားပါက ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခြေထောက်မှာ ရှိတဲ့ သွေးကြောများ ပိတ်သွားပါက သွေးမလျောက် နိုင်တော့ဘဲ ပုပ်သွားကာ ခြေထောက် ဖြတ်ပစ်ရသည်ထိ ဖြစ်တတ်ပါတယ်။ ဆေးလိပ်ဟာ ကိုယ်တွင်းက အဓိက အဂါင်္တွေ အကုန်လုံးကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးပါတယ်။
(၄) ခဏခဏချောင်းဆိုးမည်
- ဆေးလိပ် သောက်သူ တွေဟာ ချောင်းခဏခဏ ဆိုးတတ်ကြပါတယ်။ ဘာကြောင့်ဆိုတော့ ဆေးလိပ်ကြောင့် အဆုတ်အတွင်းရှိ လေအိတ်ငယ်လေးတွေ ပျက်စီးပြီး လေပြွန်ကိုလဲ ယောင်ယမ်းစေကာ လေပြွန်ကြော တလျောက်လုံးကိုပါ ကျဉ်းမြောင်းစေပါတယ်။ ဒါကြောင့် ချောင်းခဏခဏဆိုးခြင်း နှင့် အသက်ရှုမဝခြင်း တို့ကိုပါ ဖြစ်စေပါတယ်။
- ဆေးလိပ်ဟာ သွားတွေကို ဝါစေပြီး ခံတွင်းန့ံဆိုးခြင်း တို့ကိုဖြစ်စေပြီး ခံတွင်းကျန်းမာရေး ကိုပါ ထိခိုက်စေပါတယ်။
- ဆေးလိပ်ကြောင့် သွေးကြောနံရံတွေ ပျက်စီးပြီး သွေးတိုးရောဂါ ကိုလည်း ဖြစ်စေပါတယ်။ သွေးတိုးရောဂါ ဟာလည်း နှလုံးရောဂါ နှင့် လေဖြတ်ခြင်း တို့ကိုဖြစ်စေဖို့ တွန်းအားတခု ပါဘဲ။
- ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းဟာ အမျိုးသားတွေရဲ့ လိင်အဂါင်္မှာရှိတဲ့ သွေးကြောတွေကိုပါ ကျဉ်းစေပါတယ်။ သွေးကြောကျဉ်းပြီး သွေးကောင်းစွာ မစီးဆင်းမှုကြောင့် လိင်အဂါင်္ရဲ့ မျိုးပွား ခြင်းဆိုင်ရာ လုပ်ငန်း ကိုထိခိုက်ပြီး(Erectile Dysfunction) ဖြစ်စေပါတယ်။ အသက် ၃ဝ မှ ၄ဝကြား ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားများရဲ့ ၅၀% ဟာ Erectile Dysfunction ကိုခံစားရ တတ်ပါတယ်။
- ဆေးလိပ်သောက်တဲ့ မိခင်တွေမှာ ကလေးမွေးဖွားပါက လမစေ့ဘဲ မွေးခြင်း နှင့် ပေါင်မပြည့်ခြင်း တို့ကိုပါ ဖြစ်စေပါတယ်။
- မိဘတဦးဦးက ဆေးလိပ်သောက်သုံးသူ ဖြစ်နေပါက အတူနေထိုင်တဲ့ ကလေးငယ်မှာ ပန်းနာရင်ကျပ် နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေဖို့ အခွင့်အလမ်း များပါတယ်။ [၅]