ဆေးပေါ့လိပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Cheroots en Birmanie.
ဆေးလိပ်ခုံတွင် ဆေးပေါ့လိပ်လိပ်နေပုံ အင်းလေး
ညောင်ရွှေဈေးတွင် ဆေးပေါ့လိပ်ရောင်းချနေပုံ

ဆေးပေါ့လိပ်ဆိုသည်မှာ မြန်မာပြည်တွင် သောက်သုံးနေသော ဆေးလိပ် အမျိုးအစား တစ်မျိုးဖြစ်ပြီး သနပ်ဖက်ထဲတွင် ဆေးရွက်ကြီးအမှုန့်ကို ထည့်သွင်း၍ လိပ်ထားခြင်းပင် ဖြစ်သည်။

ဆေးစပ်နည်း[ပြင်​ဆင်​ရန်​]

ဆေးပေါ့လိပ်ကို ဆေးစပ်ရာတွင် ကုန်းဆေး နှင့် ကျွန်းဆေးဟု ခေါ်သော ဆေးနှစ်မျိုးကို ရောစပ်၍ အသုံးပြုလေ့ ရှိကြသည်။ ကျွန်းဆေး ရာခိုင်နှုန်းများပါက ဆေးစပ်ပြင်းပြီး ကုန်းဆေး ရာခိုင်နှုန်းများပါက ဆေးစပ်ပျော့သည်။ ဆေးလိပ်ခုံများသည် ရာသီဥတု အပေါ်တွင် မူတည်၍ ဆေးစပ်ကို ပြောင်းလဲလေ့ ရှိကြသည်။ ဥပမာ အားဖြင့် ဆောင်းရာသီတွင် ဆေးစပ်ကို အပြင်းစား စပ်လေ့ ရှိကြပြီး နွေရာသီတွင် ဆေးကို အပျော့စား စပ်လေ့ ရှိကြသည်။ သို့ရာတွင် ဆေးရွက်ကြီး သက်သက်ဖြင့် ဆေးစပ်ပါက ဆေးပေါ့လိပ်ကို ကြာရှည်စွာ မီးမစွဲနိုင်ပေ။ ထို့အတွက်ကြောင့် အရက်ကို ဆေးထဲတွင် ထည့်သွင်း ရောစပ်ခြင်းအားဖြင့် ဆေးပေါ့လိပ်ကို ကြာရှည်မီးစွဲအောင် ပြုလုပ်လေ့ ရှိကြသည်။ အရက်သည် ဆေးပေါ့လိပ် မီးစွဲခြင်းကို အထောက်အကူ ပေးသော်လည်း ဆေးသားထဲတွင် အရက်ပါဝင်သောကြောင့် ဆေးပေါ့လိပ် မီးလောင်သော အခါတွင် သောက်သုံးသူများ အနေနှင့် မွှန်ထူသော အနံ့မျိုးကို့ ရလေ့ ရှိတတ်သည်။ ထိုအနံ့ကို ပယ်ဖျောက်ရန် အတွက် ဆေးစပ်ရာတွင် ကန့်ကို ထည့်သွင်း အသုံးပြုလေ့ ရှိကြသည်။

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။