| စိန့်ဗင်းဆင့်နှင့်ဂရိနေဒိုင် |
|
|
| နိုင်ငံတော်ဆောင်ပုဒ် - ငြိမ်းချမ်းရေးနှင့် တရားမျှတရေး |
| နိုင်ငံတော်သီချင်း - စိန့်ဗင်းဆင့်မြေ အလွန်လှသည် |
ပထဝီ
|
 |
| မြို့တော် |
ကင်းစ်တောင်းမြို့ |
| အကြီးဆုံးမြို့ |
ကင်းစ်တောင်းမြို့ |
ဧရိယာ
- ဧရိယာ - ၃၈၉ km² (၁၅၀ sq mi) (အဆင့်: ၁၉၈)
- ရေဖုံးလွှမ်းမှု - မပြောပလောက်%
|
| စံတော်ချိန်ဇုန် |
UTC -၄ |
| လူနေမှု |
| လူဦးရေ
|
| နိုင်ငံရေး |
| အမျိုးအစား |
ဖက်ဒရယ် ပါလီမန် ဒီမိုကရေစီ နှင့် စည်းမျဉ်းခံ ဘုရင်စနစ် |
အစိုးရခေါင်းဆောင်များ
- ဘုရင်မ - အဲလိဇဘက် ၂
- ဘုရင်ခံချုပ် - ဆာ ဖရက်ဒရစ် ဘောလန်တိုင်း
- ဝန်ကြီးချုပ် - ရပ်ဖ် ဂွန်ဆာ့ဖ်
|
ထူထောင်မှု
- လွတ်လပ်ရေး ကြေငြာခြင်း
(ယူကေမှ) - အောက်တိုဘာ ၂၇၊ ၁၉၇၉
|
| စီးပွားရေး |
| GDP(PPP) |
၁.၀၆၉ ဘီလီယံ[၁] (အဆင့် - ) |
| GDP(PPP) |
US $၉,၉၇၆ (အဆင့် - ) |
| HDI |
▲ ၀.၇၇၂ (အမြင့်) (အဆင့် - ၉၁) |
| ငွေ |
အရှေ့ ကာရစ်ဘီယံ ဒေါ်လာ |
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ |
| CCLTD |
.vc |
| Calling code |
+၁-၇၈၄ |
စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်နိုင်ငံသည် အန်တေးလ်ကျွန်းငယ်များ အစုအဝေးတွင် ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီ: လေညာကျွန်းများ၏ တောင်ဘက်အပိုင်းတွင် ရှိကြသည်။ ထိုနေရာမှာ ကာရစ်ဘီယံ ပင်လယ်၏ အတ္တလန္တိတ် သမုဒ္ဒရာနှင့် ထိစပ်နေသော အရှေ့ဘက် နယ်နိမိတ်၏ တောင်ဘက် အစွန်းတွင် တည်ရှိသည်။ ၎င်း၏ ၃၈၉ စတုရန်း ကီလိုမီတာ (၁၅၀ စတုရန်းမိုင်) ကျယ်ဝန်းသော နယ်မြေတွင် ကျွန်းမကြီး ဖြစ်သော စိန့်ဗင်းဆင့် ကျွန်းနှင့် ဂရိနေဒိုင်ကျွန်းများ၏ မြောက်ဘက် ၃ ပုံ ၂ပုံ ပါဝင်သည်။ ဂရိနေဒိုင်ကျွန်းများသည် ကျွန်းငယ်ကလေးများ ဖြစ်ကြပြီး စိန့်ဗင်းဆင့်ကျွန်းမှ ဂရိနေဒေါနိုင်ငံ အထိ တောင်ဘက်သို့ ဆန့်လျှက် တည်ရှိကြသည်။ စိန့်ဗင်းဆင့်၏ မြောက်ဘက်တွင် စိန့်လူစီယာနိုင်ငံ ရှိပြီး အရှေ့ဘက်တွင် ဘာဘေးဒိုးစ်နိုင်ငံ ရှိသည်။ စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်သည် လူဦးရေ သိပ်သည်းမှု အလွန်များပြီး လူဦးရေ ၁ သိန်း ၂ သောင်းမျှ ရှိကာ ၁ စတုရန်း ကီလိုမီတာတွင် လူဦးရေ ၃၀၀ မျှ နေထိုင်ကြသည်။ မြို့တော်မှာ ကင်းစ်တောင်းမြို့ ဖြစ်ပြီး အဓိက ဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်သည် ပြင်သစ်နှင့် ဗြိတိသျှတို့၏ ကိုလိုနီ နယ်မြေ ဖြစ်ခဲ့ဖူးသော သမိုင်းကြောင်း ရှိခဲ့ပြီး ယခုအခါတွင် အရှေ့ကာရစ်ဘီယံနိုင်ငံများ အစည်းအရုံး၊ CARICOM ၊ ဓနသဟာယနိုင်ငံများ အဖွဲ့နှင့် အမေရိကား ဘိုလီးဗေးရီးယန်း မဟာမိတ် အဖွဲ့တို့တွင် ပါဝင်သည်။