စစ်စလီငှက်
| စစ်စလီငှက် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001))[၁] |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Dendrocygna javanica'' | ||||||||||||||
စစ်စလီငှက် [ပြင်ဆင်ရန်]
စစ်စလီသည် မြန်မာနိုင်ငံတွင်တွေ့ရသော ဝမ်းဘဲအမျိုးမျိုးအနက် တစ်မျိုးဖြစ်၏။ ပါဏဗေဒ အမည်မှာ 'ဒင်ဒရိုစိုင်နာ ဂျာဗန်နိကား' ဖြစ်သည်။ စစ်စလီကို အရှေ့တိုင်းဒေသများတွင် အများအပြားတွေ့ရ သည်။ ယခင်က မြန်မာနိုင်ငံတွင် အများအပြားတွေ့ရသော် လည်း ဖမ်းယူသတ်ဖြတ်ကြသောကြောင့် ယခုအခါ နည်းပါး လျက်ရှိ၏။ မိုးရာသီတွင် စစ်စလီကို ပို၍တွေ့ရသည်။ စစ်စလီ၏ အလျားမှာ ၁၇ လက်မရှိသည်။ အတောင် သည်ဝိုင်း၍ တစ်ကိုယ်လုံးမှာ ညိုရောက်လွှမ်းနေသည်။ ပျံသန်း ရာတွင် မမြန်လှသော်လည်း တောင်ပံကိုအားစိုက်၍ ရိုက်ခတ် တတ်သည်။
စစ်စလီသည် အနီးအနား၌ သစ်ပင်ထူထပ်သော ရေအိုင် များတွင် ကျက်စားသည်။ ဖိုမတွဲ၍ဖြစ်စေ၊ အအုပ်အသင်းနှင့် ဖြစ်စေ နေတတ်သည်။ ရေကူးရာတွင် လျှင်မြန်၍ ရေငုပ်ကျင်လည် သည်။ ခရု၊ ပက်ကျိများနှင့် အသီးအရွက်များကို စားတတ် သည်။ ရေတိမ်၌ အစာရှာဖွေစဉ် ဦးခေါင်းနှင့် လည်တိုင်ကို ဆန့်ထားတတ်သည်။ ကုန်းပေါ်၌မူ တည့်တည့်မတ်မတ်နေတတ် သည်။ ပျံသန်းနေစဉ် လေချွန်တတ်သည်။
စစ်စလီသည် ဇွန်လမှ စက်တင်ဘာလအတွင်း သား ပေါက်သည်။ အများအားဖြင့် အသိုက်ကို မြေပြင်မှပေ ၂ဝ ခန့် မြင့်သော နေရာတွင်ပြုလုပ်သည်။ တစ်ခါတစ်ရံ မြေပေါ်တွင် အသိုက်လုပ်သည်။ ကျီးသိုက်ဟောင်းများ၊ သစ်ပင်ခေါင်းများ၌ လည်း အသိုက်လုပ်လေ့ရှိတတ်သည်။ တစ်မြုံလျှင် ၈ ဥမှ ၁ဝ ဥအထိရှိသည်။ ဥမှာ ဖြူဖွေးသည်။
သာမန်စစ်စလီထက်ကြီးသော စစ်စလီကြီးမျိုးလည်းရှိ သည်။ စစ်စလီကြီး၏ ပါဏဗေဒအမည်မှာ 'ဒင်ဒရို စိုင်နာ ဗိုင်ကာလာ' ဖြစ်သည်။
စစ်စလီကြီးကို အမေရိကတိုက်တောင်ပိုင်းနှင့် အလယ် ပိုင်း၊ အာဖရိကတိုက်၊ အိန္ဒိယ၊ မြန်မာနှင့် သီဟိုဠ် နိုင်ငံများ တွင် တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ် အလယ်ပိုင်း နှင့် စစ်တောင်းမြစ်ဝှမ်းများ၌ အမြဲနေ၍ တောင်ပိုင်းရှမ်းပြည် တွင်လည်း တွေ့ရတတ်သည်။
အလျားလက်မ ၂ဝ ရှိသည်။ ခေါင်း၊ နှုတ်သီးနှင့် ခြေ ထောက်များ ကြီးမားသောကြောင့် အချိုးအစား မပြေပြစ်လှချေ။ တစ်ကိုယ်လုံး၏အရောင်မှာ သစ်ကျားခွံရောင်ပင်ဖြစ်သော်လည်း၊ ကိုယ်အထက်ပိုင်းသည်နက်၍ သစ်ကျားခွံရောင် အစင်းများရှိ သည်။ တောင်ပံနက်၍ အမြီးဖြူသည်။ ပျံသန်းရာတွင် သန်မာ ၍ လျှင်မြန်သည်။
လူကိုကြောက်ရွံ့တတ်သဖြင့် ရွာအနီးရှိ ရေအိုင်၊ ချောင်း မြောင်းများသို့ လာလေ့မရှိချေ။ အလေ့အကျင့်မှာ သာမန် စစ်စလီနှင့် အတူတူပင်ဖြစ်သည်။ ပျံသန်းနေစဉ် စူးရှစွာ လေချွန်တတ်သည်။
ဇွန်လမှ စက်တင်ဘာလအတွင်း သားပေါက်သည်။ အသိုက်မှာ စစ်စလီ၏ အသိုက်နှင့်တူသည်။ တစ်မြုံလျှင် ၆ ဥမှ ၈ ဥအထိရှိသည်။ ဥခွံရောင်မှာ ဖြူဖွေး၍ ချောမွတ်သည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ Template:IUCN2006 justification for least concern: global population of between two and twenty million individuals (Wetlands International 2002).
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)