စက်ဘီးစီးခြင်း

ဝီကီပီးဒီးယား မှ
2021 Giro d'Italia ပြိုင်ပွဲတွင်တွေ့ရသော စက်ဘီးအားကစားသမားများ
လန်ဒန်မြို့တွင် ကင်းလှည့်နေသော စက်ဘီးစီး ပုလိပ်များ
သီရိလင်္ကာနိုင်ငံမှ စက်ဘီးစီးနေသော အမျိုးသမီးတစ်ဦး
အမ်စတာဒမ်မြို့ရှိ စက်ဘီးလမ်း(bike lane) တစ်ခု။ စက်ဘီးလမ်းဆိုသည်မှာ အမြန်ယာဉ်များဝင်ရောက်သွားလာခွင့်မပေးသည့် စက်ဘီးစီးသူများအတွက်သာ သီးသန့်ဖောက်ထားသောလမ်းကြောင်းများကို ဆိုလိုသည်။

စက်ဘီးစီးခြင်း (cycling or bicycling or biking)သည် သယ်ယူပို့ဆောင်ရေးအတွက်ဖြစ်စေ၊ အားလပ်ချိန်အပန်းဖြေမှု (recreation)အတွက်ဖြစ်စေ၊ အားကစားအနေဖြင့်ဖြစ်စေ စက်ဘီးကိုအသုံးပြုခြင်းကို ဆိုလိုသည်။[၁] ဤသို့အသုံးပြုသူများကို မြန်မာဘာသာတွင် ရိုးရိုးသာမန် အပျော်စီးခြင်းဖြစ်စေ၊ သယ်ယူပို့ဆောင်ရေးအတွက်ဖြစ်စေ စီးသူများကို စက်ဘီးစီးသူများဟု ခေါ်ကြပြီး၊ အားကစားပြိုင်ပွဲဝင်စီးသူများကိုမူ စက်ဘီးအားကစားသမားများဟု ခေါ်ကြသည်။ အင်္ဂလိပ်ဘာသာတွင်မူ ဆိုက်ကလစ် (cyclists)[၂]၊ ဘိုင်ဆိုက်ကလစ် (bicyclists) [၃] သို့မဟုတ် ဘိုက်ကာ(bikers)[၄]ဟုခေါ်ကြသည်။ ဘီးနှစ်လုံးတပ် စက်ဘီးများသာမက၊ ဘီးတစ်လုံးတပ်စက်ဘီးများ (unicycles)၊ ဘီးသုံးလုံးတပ်စက်ဘီးများ (tricycles)၊ ဘီးလေးလုံးတပ်စက်ဘီးများ (quadracycles)၊ အိပ်နင်းစက်ဘီးများ (recumbent) အစရှိသည့် လူအားဖြင့် မောင်းနှင်သော ဘီးတပ်ယာဉ်များအား စီးနင်းခြင်းအားလုံးကိုလည်း စက်ဘီးစီးခြင်းဟုပင် ခေါ်ကြသည်။

စက်ဘီးများကို ၁၉ ရာစုတွင် စတင်အသုံးပြုလာကြပြီး၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံးတွင် ခန့်မှန်းခြေ တစ်ဘီလီယံ (သန်းတစ်ထောင်)ခန့် အရေအတွက်ရှိသည်။[၅] စက်ဘီးစီးခြင်းသည် ကမ္ဘာ့နေရာအများအပြားနှင့် အထူးသဖြင့် လူနေထူထပ်သော ဥရောပမြို့ကြီးများတွင် တစ်နေရာမှတစ်နေရာသို့ သွားလာခြင်းအတွက် အဓိကသယ်ပို့နည်းလမ်းများ ဖြစ်နေသည်။[၆]

စက်ဘီးစီးခြင်းကို တာတို သို့မဟုတ် တာလတ်ခရီးအကွာအဝေးများအတွက် ထိထိရောက်ရောက်နှင့် အကျိုးများသော သယ်ယူပို့ဆောင်မှုနည်းလမ်းတစ်ခု[၇][၈]အဖြစ် အများစုက မှတ်ယူကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Oxford English Dictionary (Second ed.)။ Oxford University Press။ 1989။ cycling: The action or activity of riding a bicycle etc.
  2. Oxford English Dictionary (Second ed.)။ Oxford University Press။ 1988။ cyclist: One who rides a cycle or practises cycling.
  3. Oxford English Dictionary (Second ed.)။ Oxford University Press။ 1989။ bicyclist: One who rides a bicycle.
  4. Oxford English Dictionary။ www.oed.com။ 2013-09-26 တွင် ပြန်စစ်ပြီး။ “biker: A cyclist, a person who rides a bicycle."”
  5. Bicycles produced in the world။ Worldometers။ 2014-04-25 တွင် ပြန်စစ်ပြီး။
  6. Bike Culture: Europe vs America (in en-US) (2017-06-22)။ 2022-01-12 တွင် ပြန်စစ်ပြီး။
  7. HowStuffWorks "Is there a way to compare a human being to an engine in terms of efficiency?"။ Auto.howstuffworks.com (2000-12-05)။ 2009-09-29 တွင် ပြန်စစ်ပြီး။
  8. Komanoff၊ Charles (2004)။ "Bicycling"။ in Cleveland၊ Cutler J. (ed.)။ Encyclopedia of Energy။ Elsevier။ pp. 141–50။ doi:10.1016/B0-12-176480-X/00185-6ISBN 978-0-12-176480-7