အမ်စတာဒမ်မြို့
From Wikipedia
| အမ်စတာဒမ် | |||
| Herengracht ၏ည | |||
|
|||
| အခြားအမည်များ -Mokum, Venice of The North, Damsko | |||
| ဆောင်ပုဒ် Heldhaftig, Vastberaden, Barmhartig (Heroic, Determined, Merciful) |
|||
| Location of Amsterdam | |||
| နိုင်ငံ | နယ်သာလန်နိုင်ငံ | ||
|---|---|---|---|
| ခရိုင် | မြောက်ဟော်လန်ခရိုင် | ||
| မြို့နယ်ပေါင်း | ၁၅ | ||
| အုပ်ချုပ်ရေး | |||
| - Type | မြူနီစီပါယ်အုပ်ချုပ်ရေး | ||
| - မြို့တော်ဝန် | Job Cohen[၁] (PvdA) | ||
| - မြို့တော်ကောင်စီဝင်များ | Lodewijk Asscher Carolien Gehrels Tjeerd Herrema Maarten van Poelgeest Marijke Vos |
||
| - အထွေထွေအတွင်းရေးမှူး | Erik Gerritsen | ||
| ဧရိယာ [၂][၃] | |||
| - Total | ၈၄.၆ sq mi (၂၁၉ km²) | ||
| - ကုန်းမြေ | ၆၄.၁ sq mi (၁၆၆ km²) | ||
| - ရေထု | ၂၀.၅ sq mi (၅၃ km²) | ||
| - မြို့ဧရိယာ | ၇၃၂ sq mi (၁၈၉၆ km²) | ||
| ပင်လယ်ရေမျက်နှာပြင်ထက်အမြင့် [၄] | ၇ ft (၂ m) | ||
| လူဦးရေ (January 1, 2006)[၅][၆] | |||
| - Total | ၇၅၁,၇၅၇ | ||
| - လူဦးရေသိပ်သည်းမှု | ၁၁၅၄၈.၈/sq mi (၄၄၅၉/km²) | ||
| - မြို့ဧရိယာ | ၁၄၆၈၁၂၂ | ||
| - ရန်းစတတ်ဒ် | ၆၆၅၉၃၀၀ | ||
| Time zone | CET (UTC+၁) | ||
| - Summer (DST) | CEST (UTC+၂) | ||
| စာပို့သင်္ကေတ | ၁၀၁၁ - ၁၁၀၉ | ||
| ဒေသဆိုင်ရာ တယ်လီဖုန်းကုတ်ဒ် | ၀၂၀ | ||
| အင်တာနက်စာမျက်နှာ: www.amsterdam.nl | |||
အမ်စတာဒမ်မြို့သည် နယ်သာလန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ အမ်စတာဒမ်သည် မြောက်ဟော်လန်ခရိုင် တွင် ပါဝင်ပြီး နိုင်ငံ၏ အနောက်ဖက်ပိုင်းတွင် တည်ရှိသည်။ ဇန်နဝါရီလ ၁ ရက် ၂၀၀၈ ခုနှစ် စာရင်းဇယားအရ လူဦးရေစုစုပေါင်း ၇၄၇,၂၉၀ ရှိသည်။ အမ်စတာဒမ်ဆိုသည့် အမည်မှာ အမ်စတယ် မြစ်ပေါ်တွင်ရှိသောဆည် ဆိုသည့် အဓိပ္ပါယ်ရှိသည်။ အမ်စတာဒမ်မြို့ တည်စကာလ ၁၂ရာစု နှောင်းပိုင်းတွင် တံငါရွာကလေး တစ်ရွာမျှသာ ဖြစ်သည်။ သို့သော် ဒတ်ချ်လူမျိုးတို့၏ ရွှေရောင်လွှမ်းသော ကာလများတွင် ကမ္ဘာပေါ်တွင် အရေးပါသော ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်လာခဲ့သည်။ ကုန်သွယ်ရေးနှင့် ပတ်သက်သော တီထွင်တိုးတက်မှုများ၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ ထိုအချိန်တွင် အမ်စတာဒမ်မှာ ငွေကြေးနှင့် စိန်လုပ်ငန်းများ၏ ဦးဆောင်ဦးရွက်ပြုရာ နေရာတစ်နေရာ ဖြစ်လာခဲ့သည်။ ၁၉ ရာစုနှင့် ၂၀ရာစု တို့တွင် မြို့တော်မှာ တို့းချဲ့ခဲ့ပြီး ဆင်ခြေဖုံးဒေသ နှင့် ရပ်ကွက် အမြောက်အများ ဖြစ်လာခဲ့သည်။
အမ်စတာဒမ်သည် နယ်သာလန်နိုင်ငံ၏ ငွေကြေးနှင့် ယဥ်ကျေးမှု အချက်အခြာနေရာဖြစ်သည်။ ကြီးမားသော ဒတ်ချ်ကော်ပိုရေးရှင်းများနှင့် ဘဏ်များ ၏ ရုံးချုပ်များသည် အမ်စတာဒမ်တွင် တည်ရှိသည်။ Euronext ၏ အစိတ်အပိုင်းဖြစ်သော အမ်စတာဒမ် စတော့စျေးကွက်သည် မြို့လယ်တွင် တည်ရှိသည်။ အမ်စတာဒမ်၏ အထင်ကရ နေရာများဖြစ်သော သမိုင်းဝင်ရေနုတ်မြောင်းများ ၊ မီးနီရပ်ကွက် ၊ ရစ်ဂျ်ပြတိုက် ၊ ဗန်ဂိုးပြတိုက် နှင့် အန်နာဖရန့် ပုန်းအောင်းခဲ့သောအိမ် အစရှိသည်တို့နှင့် ဘင်းဂန်ဂျာ (Cannabis) ရနိုင်သော ကော်ဖီဆိုင်များကြောင့် တစ်နှင့်လျှင် ကမ္ဘာလှည့် ခရီးသည် ၄.၂ သန်းမျှ လာရောက်လည်ပတ်ကြသည်။
Contents |
[ပြင်ဆင်ရန်] သမိုင်းကြောင်း
အမ်စတာဒမ် ဆိုသည့်အမည်ကို ပထမဆုံးအသုံးပြုခြင်းကို ရှာဖွေတွေ့ရှိခဲ့သည်မှာ အောက်တိုဘာလ ၂ရ ရက် ၁၂၇၅ ခုနှစ် ရက်စွဲဖြင့် စာရွက်စာတမ်းဖြစ်သည်။ မြို့စား ဖလောရစ် ၅ (Count Floris V) မှ ထိုဒေသအတွင်း နေထိုင်သူတို့ အမ်စတယ်မြစ်ပေါ်တွင် တံတား နှင့် ဆည်ကို တည်ဆောက်သည့် အတွက် တံတားဖြတ်ခ မှ ကင်းလွတ်ခွင့်ပြုကြောင်း လက်မှတ်ဖြစ်သည်။ ထိုလက်မှတ်မှ ထိုဒေသတွင်နေထိုင်သူတို့အား homines manentes apud Amestelledamme (Amestelledamme အနီးတွင် နေထိုင်သူ ပြည်သူများ) ဟု ဖော်ပြထားသည်။ [၇]၁၃၂ရ ခုနှစ်သို့ရောက်သော အခါ ထိုအမည်မှာ Aemsterdam ဖြစ်လာခဲ့သည်။ ဒေသခံ ပါးစပ်ရာဇဝင်အရ အမ်စတာဒမ်ကို ငါးဖမ်းသမား ၂ ယောက်မှ စတင်တည်ထောင်ခဲ့ပြီး ထိုသူတို့မှာ အမ်စတယ် မြစ်ကမ်းပါးသို့ သူတို့၏ လှေငယ်လေးဖြင့် ခွေးတစ်ကောင်နှင့် အတူ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ အမ်စတာဒမ်မြို့ ကို တည်ထောင်ခြင်းသည် အခြား ဒတ်ချ်မြို့တော်များဖြစ်သော နစ်မီဂျန်(Nijmegen) ၊ ရော့တာဒမ်(Rotterdam) နှင့် အုထ်ရာချ် (Utrecht) တို့နှင့် နှိုင်းယှဥ်ပါက ပို၍ နောက်ကျသည်ဟု ဆိုနိုင်သည်။ လတ်တလော သတင်းဆောင်းပါးတစ်ပုဒ်တွင် သုတေသနပညာရှင် တစ်ယောက်၏ အစီရင်ခံချက်အရ အမ်စတယ်မြစ်၏ မြစ်ဝကျွန်းပေါ်တွင် ခုနှစ်သက္ကရာဇ် ၁၀၀၀ ခန့်မှ စ၍ နေထိုင်သူတို့ရှိရမည်ဟု ကောက်ချက်ချထားသည်။ ထို အစီရင်ခံစာတွင် ထိုသို့ အခြေချနေထိုင်ခြင်းနှင့်ဆိုင်သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို ပြဆိုထားခြင်းမရှိပေ။.[၈]
အမ်စတာဒမ်ကို ၁၃၀၀ သို့မဟုတ် ၁၃၀၆ ခုနှစ်တွင် မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ [၉]၁၄ ရာစုနှစ်မှစ၍ အမ်စတာဒမ်သည် အဓိကအားဖြင့် ဟမ်းဇတစ်အသင်းအဖွဲ့များ (Hanseatic League) နှင့် ကုန်သွယ်မှုကြောင့် စည်ပင်ထွန်းကားလာခဲ့သည်။ ၁၃၄၅ ခုနှစ်တွင် ကယ်လ်ဗာစထရက် (Kalverstraat) လမ်းမပေါ်ရှိ အတူတကွ စားသောက်ပွဲနှင့် ဆိုင်သော ထူးဆန်းမှု (Eucharistic miracle) ကြောင့် အမ်စတာဒမ်အား ပရိုတက်စတင့်တို့၏ သက်ဝင်ယုံကြည်မှု အပြောင်းအလဲများ မဖြစ်ခင်အချိန်အထိ ခရစ်ယာန်ဘုရားဖူး များ၏ အရေးကြီးသော နေရာတစ်နေရာ ဖြစ်လာစေခဲ့သည်။ ယနေ့ခေတ်တွင် စတေး အွန်ဂမ် (Stille Omgang) ဟုခေါ်သော သာမန်လူတို့၏ အဝတ်အစားဖြင့် တိတ်ဆိတ်စွာ လှည့်လည်ခြင်းသည် ရှေးခေတ်ဘုရားဖူးအများအပြားရှိခဲ့သည့် သမိုင်းကြောင်း၏ ကြွင်းကျန်ရစ်ခဲ့သော အစဥ်အလာတစ်ခုဖြစ်သည်။[၁၀]
၁၆ ရာစုနှစ်တွင် ဒတ်ချ်တို့သည် စပိန် ဖီးလစ် ၂ (Philip II of Spain) နှင့် သူ၏ ဆက်ခံသူတို့ကို ပုန်ကန်ကြသည်။ ထကြွရသည့် အဓိကအကြောင်းအရင်းမှာ ၁၀ ပဲနိဟု ခေါ်သည့် အခွန်အခ အသစ်များ ကောက်ခံခြင်းနှင့် ပရိုတက်စတင့် တို့၏ ဘာသာရေးယုံကြည်မှု ကို စပိန်တို့မှ အတင်းအကျပ် စစ်ဆေးမေးမြန်းခြင်းအားဖြင့် နှိပ်ကွပ်ခြင်းတို့ကြောင့်ဖြစ်သည်။ ထိုပုန်ကန်ထကြွမှုမှ နှစ် ၈၀ စစ်အဖြစ် ပြောင်းလဲခဲ့ပြီး နောက်ဆုံးတွင် ဒတ်ချ်တို့ လွတ်လပ်ရေးရခဲ့သည်။[၁၁] ဒတ်ချ်တို့၏ ပုန်ကန်မှုခေါင်းဆောင် ဆိုင်းလင့် ဝီလီယမ် (William the Silent) ၏ အပြင်းအထန် တွန်းအားပေးမှုကြောင့် ဒတ်ချ်သမ္မတနိုင်ငံသည် သူ၏ ဘာသာရေးနှင့် ပတ်သက်၍ အားလုံးအပေါ်သည်းညည်းခံမှုနှင့် ပတ်သက်၍ ထင်ရှားကျော်ကြားလာသည်။ အိုင်းဘေးရီးယန်း ကျွန်းဆွယ်မှ ဂျူးလူမျိုးများ၊ ဟူဂူနော့ဟု ခေါ်သည့် ပြင်သစ်မှ ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးသမားများ၊ ဖလန်ဒါဒေသမှ ကုန်သည်များနှင့် ပုံနှိပ်သူများ၊ စပိန်တို့ အုပ်စိုးထားသည့် မြေနိမ့်မြစ်ဝကျွန်းပေါ်နိုင်ငံများမှ စီးပွားရေး နှင့် ဘာသာရေး ဒုက္ခသည်များသည် သူတို့၏ လုံခြုံရေးအတွက် အမ်စတာဒမ်တွင် ခိုလှုံကြသည်။ ဖလန်ဒါ ပုံနှိပ်သူများ အများအပြား ဝင်ရောက်လာခြင်းနှင့် မြို့တော်၏ ပညာရပ်ဆိုင်ရာ သည်းခံမှု (intellectual tolerance) တို့ကြောင့် အမ်စတာဒမ်သည် ဥရောပသတင်းစာလွတ်လပ်မှု၏ အချက်အခြာဖြစ်လာခဲ့သည်။ [၁၂]
၁၇ ရာစုတွင် အမ်စတာဒမ်သည် ကမ္ဘာပေါ်တွင် အချမ်းသာအကြွယ်ဝဆုံး မြို့ကြီးများတွင် တစ်မြို့အပါအဝင် ဖြစ်လာသဖြင့် အမ်စတာဒမ်၏ ရွှေရောင်နှစ်များဟု ယူဆနိုင်သည်။ အမ်စတာဒမ်မှ သင်္ဘောများသည် ဘောလ်တစ်ပင်လယ်၊ မြောက်အမေရိက နှင့် အာဖရိက တို့သာ မက ယနေ့ခေတ် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ နှင့် ဘရာဇီး တို့သို့ ရွက်လွှင့်ရောက်ရှိခဲ့ပြီး ကမ္ဘာတဝှမ်းလုံး ကုန်သွယ်မှုကွန်ယက်၏ အခြေခံကို ဖြစ်ပေါ်စေခဲ့သည်။ အမ်စတာဒမ်မှ ကုန်သည်များသည် ဒတ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီ (VOC) နှင့် ဒတ်ချ်အနောက်အိန္ဒိယကုမ္ပဏီ (WIC) တို့တွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်ကြသည်။ အမ်စတာဒမ်သည် ဥရောပရှိကုန်စည်များ တင်ပို့ရေးအတွက် အရေးအပါဆုံးဒေသဖြစ်လာပြီး ကမ္ဘာပေါ်တွင် ငွေကြေးဈေးကွက်အတွက် အဓိကအချက်အချာ နေရာဖြစ်လာခဲ့သည်။ ၁၆၀၂ ခုနှစ်တွင် ဒတ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီ (VOC) ၏ အမ်စတာဒမ်ရုံးခွဲသည် သူ၏ ရှယ်ယာများကို ရောင်းချခြင်းအားဖြင့် ကမ္ဘာပေါ်တွင် ပထမဆုံးသော စတော့အိတ်ချိန်း ဖြစ်လာခဲ့သည်။[၁၃]
အမ်စတာဒမ်၏ ကြွယ်ဝချမ်းသာမှုသည် ၁၈ ရာစု နှင့် ၁၉ ရာစု အစောပိုင်းတွင် ဆုတ်ယုတ်လာခဲ့သည်။ ဒတ်ချ်သမ္မတနိုင်ငံ နှင့် အင်္ဂလန် နှင့် ပြင်သစ် တို့ဖြစ်သော စစ်ပွဲများသည် အမ်စတာဒမ် သို့ ဆိုးကျိုးများ သက်ရောက်စေသည်။ နပိုလီယန်စစ်ပွဲများ အတွင်းတွင် အမ်စတာဒမ်၏ ကြွယ်ဝချမ်းသာမှုသည် အနိမ့်ဆုံးသို့ ရောက်ခဲ့သည်။ သို့သော် ၁၈၁၅ ခု နယ်သာလန် ဘုရင့်နယ်မြေ အစုအဝေးကို တည်ထောင်မှုသည် အလှည့်အပြောင်းတစ်ခု ဖြစ်လာစေခဲ့သည်။ မြို့တော်ပုံစံထုတ်သူ ဆယ်မြူရယ် ဆာဖာတီ (Samuel Sarphati) အစရှိသူတို့၏ တည်ဆောက်မှု အသစ်များသည် ပဲရစ် ကို အတုယူခဲ့ကြသည်။
၁၉ ရာစုအကုန်ပိုင်းကို အမ်စတာဒမ်၏ ဒုတိယမြောက်ရွှေရောင်နှစ်များ အဖြစ် တခါတရံတွင် ရည်ညွှန်းခေါ်ဆိုကြသည်။ .[၁၄]ပြတိုက်အသစ်များ၊ ဘူတာရုံ နှင့် ကွန်ကရစ်ခန်းမ (Concertgebouw) တို့ကို တည်ဆောက်ခဲ့ပြီး ထိုအချိန်တွင်ပင် စက်မှုတော်လှန်ရေးသည် အမ်စတာဒမ်သို့ရောက်ရှိလာခဲ့သည်။ အမ်စတာဒမ်ကို ရိုင်းမြစ်နှင့် ဆက်သွယ်ရန်အတွက် အမ်စတာဒမ်-ရိုင်း တူးမြောင်း (Amsterdam-Rhine Canal) ကို တူးဖော်ခဲ့သည်။ မြောက်ပင်လယ်တူးမြောင်း (North Sea Canal)ကို တူးဖော်ခြင်းအားဖြင့် ဆိပ်ကမ်းနှင့် မြောက်ပင်လယ်ကြား ဆက်သွယ်မှု အကွာအဝေးကို တိုတောင်းစေခဲ့သည်။ ထို ပရော့ဂျက် ၂ ခုစလုံးသည် ကျန်ဥရောပဒေသအားလုံး နှင့် တကမ္ဘာလုံးသို့ ကုန်သွယ်ရေးကို သိသာစွာ တိုးတက်စေခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ပိုလန်စာရေးဆရာ ဂျိုးဇက် ကောန်ရတ်ဒ် (Joseph Conrad) က သူ၏ ဝတ္ထု ပင်လယ်၏ကြေးမုံပြင် (The Mirror of the Sea) တွင် အမ်စတာဒမ်အား ပင်လယ်ဖက်မှ မြင်ရပုံကို အနည်းငယ်မျှ ဖော်ပြခဲ့သည်။ ပထမကမ္ဘာစစ် မတိုင်မီ အချိန်တွင် မြို့တော်သည် စတင်တိုးချဲ့လာခဲ့ပြီး ဆင်ခြေဖုံးရပ်ကွက်အသစ်များ တည်ဆောက်ခဲ့သည်။ နယ်သာလန်နိုင်ငံသည် စစ်အတွင်း ကြားနေခဲ့သော်လည်း အမ်စတာဒမ်တွင် အစားအသောက်ရှားပါးမှု နှင့် အပူပေးရန် ဓာတ်ဆီရှားပါးမှု တို့၏ ဒဏ်ကို ခံခဲ့ရသည်။ ထိုရှားပါးမှုများမှတဆင့် အဓိကရုဏ်းများကို ဖြစ်ပေါ်စေခဲ့ပြီး လူအချို့သေဆုံးခဲ့သည်။ ထိုအဓိကရုဏ်းများကို Aardappeloproer (အာလူးပုန်ကန်မှု) ဟု အသိများ ကြသည်။ လူတို့သည် ကုန်ပစ္စည်းများ အထူးသဖြင့် စားသောက်ကုန်များ ရရှိရန်အတွက် စတိုးဆိုင်များနှင့် ကုန်လှောင်ရုံများကို လုယက်ကြသည်။[၁၅]
၁၉၄၀ ခုနှစ် မေလ ၁၀ရက်တွင် ဂျာမနီတို့သည် နယ်သာလန်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ၅ ရက်ကြာ တိုက်ခိုက်မှု အပြီးတွင် နိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သည်။ ဂျာမန်တို့သည် နာဇီအရပ်သားအစိုးရကို အမ်စတာဒမ်တွင် ခန့်ထားခဲ့ပြီး ဂျူးတို့ကို လိုက်လံဖမ်းဆီးရန်အတွက် ကူညီပေးရန်ဖြစ်သည်။ အချို့သော အမ်စတာဒမ်မြို့သားများသည် ဂျူးများကို အကာအကွယ်ပေးခဲ့ကြသဖြင့် သူတို့နှင့် သူတို့မိသားစုများ ထောင်ချခံရခြင်း နှင့် အကျဥ်းစခန်းများသို့ ပို့ဆောင်ခံရခြင်းစသည့် အန္တရာယ်များအတွက် ကြီးစွားသော စွန့်စားမှုများကို ပြုခဲ့ရသည်။ ဒတ်ချ် ဂျူးလူမျိုး ၁၀၀,၀၀၀ ကျော်တို့သည် အကျဥ်းစခန်းများသို့ တင်ပို့ခြင်းခံခဲ့ရသည်။ ထိုသူများအထဲမှ အထင်ရှားဆုံးမှာ ဘာဂျန်-ဘယ်လ်ဆန် (Bergen-Belsen) အကျဥ်းစခန်းတွင် သေဆုံးခဲ့သော ဂျာမန်မိန်းကလေး အန်နာဖရန့် ဖြစ်သည်။ ဒတ်ချ် ဂျူးလူမျိုး ၅၀၀၀ ခန့်သာ စစ်အပြီးတွင် အသက်ရှင် ကျန်ရစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် တစ်နိုင်ငံလုံးနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး အစားအစာ နှင့် စက်သုံးဆီ ရှားပါးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ မြို့သားအများအပြားသည် ကျေးလက်ဒေသများသို့ သွား၍ အစားအစာရှာဖွေကြသည်။ ခွေးများ၊ ကြောင်များ၊ sugar beets အကြမ်း များ နှင့် ပျော့ဖတ်ဖြစ်အောင် ချက်ပြုတ်ထားသော Tulip အဖူးများကို အသက်ရှင်နေထိုင်ရေးအတွက် စားသုံးကြရသည်။ အမ်စတာဒမ်ရှိ သစ်ပင်အများစုကို လောင်စာရရှိရန်ခုတ်လှဲခဲ့ရပြီး အကျဥ်းစခန်းသို့ တင်ပို့ခြင်းခံရသော ဂျူးတို့၏ အိမ်ခန်းများမှ သစ်သားများကို ရယူခဲ့ရသည်။ စစ်အပြီးတွင် ဒတ်ချ် ၁၂၀,၀၀၀ ကျော်တို့သည် နာဇီတို့နှင့် ပူးပေါင်းခြင်းကြောင့် တရားစွဲဆို အရေးယူခြင်းခံခဲ့ရသည်။
ဒုတိယကမ္ဘာစစ်အပြီး နှစ်များတွင် အော့စ်ဒေါ့ပ် (Osdorp)၊ စလိုတာဗတ် (Slotervaart) ၊ စလိုတာမီးယား (Slotermeer) ၊ ဂူဇန်ဗယ် (Geuzenveld) စသည့် ဆင်ခြေဖုံးရပ်ကွက်အသစ်များကို တည်ဆောက်ခဲ့ကြသည်။ ဤဆင်ခြေဖုံးရပ်ကွက်များတွင် အများပြည်သူသုံး ပန်းခြံများနှင့် ကျယ်ပြန့်သော ကွင်းပြင်များ ပါဝင်ကြပြီး အဆောက်အအုံသစ်များတွင် ကျယ်ပြန့်ပြီး ပို၍ အလင်းရောင်ရသော အခန်းများ၊ ဥယျာဥ်များ နှင့် လသာဆောင်များဖြင့် နေထိုင်မှုအခြေအနေ ပိုမိုကောင်းမွန်စေသည်။ စစ်နှင့် ၂၀ရာစုအတွင်း အခြား အဖြစ်အပျက်များကြောင့် မြို့လယ်ခေါင်တစ်ခုံးလုံးသည် လုံးဝနီးပါး ပျက်စီးနေခဲ့သည်။ လူ့အဖွဲ့အစည်း ပြောင်းလဲတိုးတက်လာသည်နှင့်အမျှပင် နိုင်ငံရေးသမားများနှင့် အခြား ဩဇာအာဏာရှိသူများက မြို့လယ်ခေါင်၏ အစိတ်အပိုင်းတော်တော်များများကို ပြန်လည်ပုံစံထုတ်တည်ဆောက်ရန် အစီအစဥ်ချကြသည်။ ရုံးအဆောက်အအုံများ တည်ဆောင်ရန် လိုအပ်လာပြီး သာမန်မြို့သားများ ကားသုံးစွဲမှု များလာသဖြင့်လမ်းမများ တည်ဆောက်ရန် လိုအပ်လာသည်။ မက်ထရိုရထားများည် ဆင်ခြေဖုံးအသစ်ဖြစ်သော ဘစ်ဂျ်မာ (Bijlmer) နှင့် အမ်စတာဒမ်မြို့လည်ခေါင်သို့ စတင်ပြေးဆွဲလာခဲ့သည်။ ဆက်လက် လုပ်ဆောင်မည့် စီမံကိန်းမှာ မက်ထရို၏ အပေါ်မှ ဟိုင်းဝေးလမ်းမ အသစ်ကို တည်ဆောက်၍ ဗဟို ဘူတာရုံနှင့် မြို့၏အခြားအပိုင်းများကို ဆက်သွယ်ရန်ဖြစ်သည်။
စုပေါင်းစီမံကိန်းဖြင့် အဆောက်အအုံအများအပြားကို ဖြိုဖျက်ခြင်းကို အမ်စတာဒမ်၏ ဂျူးတို့နေထိုင်ခဲ့သော ရပ်ကွက်ဟောင်းတွင် စတင်လုပ်ဆောင်ကြသည်။ ဂျိုဒန်ဘရီစထရက် (Jodenbreestraat) စသော လမ်းငယ်လေးများကို ချဲ့ထွင်ခဲ့ကြပြီး လမ်းတွင်းရှိအိမ်များအားလုံးလိုလို ဖြိုဖျက်ခံခဲ့ရသည်။ ဖြိုဖျက်မှု တို့ အားအကောင်းဆုံးအချိန်တွင် မြို့ကို ပြန်လည်ပုံဖော်ခြင်းကြောင့် ဖြိုဖျက်ခံရခြင်းအတွက် ပြည်သူများမှ ဒေါသထွက်လာကြသဖြင့် Nieuwmarktrellen (နျူးမက် (Nieuwmarkt ) အဓိကရုဏ်း) ဖြစ်ပွားခဲ့သည်။ ထိုအဓိကရုဏ်း၏ ရလာဒ်အနေနှင့် ဖြိုဖျက်ခြင်းများကို ရပ်ဆိုင်းခဲ့ပြီး ဟိုင်းဝေးလမ်းမကို တည်ဆောက်ခြင်း မရှိတော့ပဲ မက်ထရိုရထားလမ်းသာ ပြီးစီးခဲ့သည်။ လမ်းအနည်းငယ်သာ လမ်းကျယ်အဖြစ် ကျန်ရစ်တော့သည်။ ဖြိုဖျက်ခံရသော အဆောက်အအုံများနေရာတွင် ရပ်ကွက်တို့၏ အလယ်ခေတ်က လမ်းများ၏ ပုံသဏ္ဌန်အတိုင်း အဆောက်အအုံအသစ်များကို ပြန်လည် တည်ဆောက်ကြသည်။ လုံးဝနီးပါး ဖြိုဖျက်ပြီးသွားသော ဝါတာလူး ပလိန်း (Waterlooplein) ၏ နေရာတွင် မြို့တော်ခန်းမအသစ်ကို တည်ဆောက်ခဲ့ကြသည်။
[ပြင်ဆင်ရန်] ပထဝီဝင်နှင့် ရာသီဥတု
[ပြင်ဆင်ရန်] မြို့တည်နေပုံ နှင့် ဗိသုကာပညာ
[ပြင်ဆင်ရန်] တူးမြောင်းများ
[ပြင်ဆင်ရန်] အမ်စတာဒမ်ကို တိုးချဲ့ခြင်း
[ပြင်ဆင်ရန်] ဗိသုကာပညာ
[ပြင်ဆင်ရန်] အစိုးရ
[ပြင်ဆင်ရန်] စီးပွားရေး
[ပြင်ဆင်ရန်] လူဦးရေ ပျံ့နှံ့နေထိုင်ပုံ
[ပြင်ဆင်ရန်] သယ်ယူပို့ဆောင်ရေး
[ပြင်ဆင်ရန်] ပညာရေး
[ပြင်ဆင်ရန်] အိမ်ယာများ
[ပြင်ဆင်ရန်] ယဥ်ကျေးမှု
[ပြင်ဆင်ရန်] ပြတိုက်များ
[ပြင်ဆင်ရန်] သရုပ်ဆောင် အနုပညာ
[ပြင်ဆင်ရန်] ညဖက်ပျော်စရာများ နှင့် ပွဲတော်များ
[ပြင်ဆင်ရန်] ဖက်ရှင်
[ပြင်ဆင်ရန်] မီးနီရပ်ကွက်
[ပြင်ဆင်ရန်] အားကစား
[ပြင်ဆင်ရန်] ရည်ညွှန်းချက်များ
- ↑ WorldMayor.com - Job Cohen, Mayor of Amsterdam 2006. Retrieved on 2007-04-19။
- ↑ Kerncijfers voor Amsterdam en de stadsdelen. www.os.amsterdam.nl. Research and Statistics Service, City of Amsterdam (2006-01-01). Retrieved on 2007-04-04။
- ↑ Area, population density, dwelling density and average dwelling occupation. www.os.amsterdam.nl. Research and Statistics Service, City of Amsterdam (2006-01-01). Retrieved on 2007-04-04။
- ↑ Actueel Hoogtestand Nederland (in Dutch). Retrieved on 2008-05-18။
- ↑ Gemiddelde bevolking per regio naar leeftijd en geslacht (in Dutch). Statistics Netherlands. Retrieved on 2007-07-09။
- ↑ Randstadmonitor 2006. www.regio-randstad.nl. Regio Randstad (May 2008). Retrieved on 2008-04-04။
- ↑ Berns, Jan; Daan, Jo (1993). Hij zeit wat: de Amsterdamse volkstaal (in Dutch). The Hague: BZZTôH, p. 91. ISBN 90-6291-756-9.
- ↑ Amsterdam 200 jaar ouder dan aangenomen (in Dutch). Nu.nl (22 October 2008). Retrieved on 22 October 2008။
- ↑ De geschiedenis van Amsterdam (in Dutch). Municipality of Amsterdam. Retrieved on 2008-05-21။
- ↑ Mirakel van Amsterdam (in Dutch). Retrieved on 2008-05-21။
- ↑ Eighty Years' War (in Dutch). Leiden University. Retrieved on 2008-05-21။
- ↑ Case in point: After his trial and sentencing in Rome in 1633, Galileo chose Lodewijk Elzevir in Amsterdam to publish one of his finest works, Two New Sciences. See Wade Rowland (2003), Galileo's Mistake, A new look at the epic confrontation between Galileo and the Church, New York: Arcade Publishing, ISBN 1559706848, p. 260.
- ↑ Amsterdam through the ages -A medieval village becomes a global city. Retrieved on 2008-05-21။
- ↑ Aardappeloproer (pdf) (in Dutch). Retrieved on 2008-05-21။