စက်ဘီး

From Wikipedia

အမြဲတမ်းတွေ့နေကျ သယ်ယူပို့ဆောင်ရေး စက်ဘီး
သစ်သားဖြင့် ပြုလုပ်ထားသော ဒန်ဒီဟော့စ် စက်ဘီး(၁၈၂၀ ခုနှစ်ခန့်)၊ ပထမဆုံး နှစ်ဘီးစက်ဘီး မူလပထမ ပုံစံ

စက်ဘီးဆိုသည်မှာ ခြေနင်းဖြင့်နင်းရပြီး လူအားဖြင့် မောင်းနှင်ရသော ယာဥ်တစ်မျိုးဖြစ်သည်။ ဘီးနှစ်ဘီးသည် ကိုယ်ထည်သို့ဆက်ထားပြီး ရှေ့တွင် တစ်ဘီးနှင့် နောက်တွင် တစ်ဘီးပါရှိသည်။

စက်ဘီးကို ၁၉ရာစုတွင် စတင်အသုံးပြုခဲ့ပြီး အခုအခါ တကမ္ဘာလုံးတွင် အစင်းပေါင်း သန်းတစ်ထောင် နီးပါးများ ရှိသည်။ ဒေသ အများစုတို့တွင် သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုကြသည်။ စက်ဘီးများကို အပန်းဖြေခြင်းတွင် အသုံးပြုရာတွင်လည်း ခေတ်စားပြီး ကလေးများ၏ ကစားစရာ အဖြစ်လည်းကောင်း၊ လူကြီးများအတွက် ခန္ဓာကိုယ် ကြံ့ခိုင်ရေး အထောက်အကူပစ္စည်း အဖြစ်လည်းကောင်း၊ စစ်တပ် နှင့် ရဲဌာနတို့တွင် လည်းကောင်း၊ စာနှင့် ပါဆယ်ပစ္စည်းပို့ရာတွင် လည်းကောင်း၊ အားကစား ယှဥ်ပြိုင်ခြင်းတွင် လည်းကောင်း အသုံးပြုကြသေးသည်။

စက်ဘီး၏ အခြေခံ ပုံသဏ္ဌန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံမှာ ပထမဆုံး ချိန်းကြိုးကို အသုံးပြု၍ မောင်းနှင်သော မော်ဒယ်လ်ကို စတင်ထုတ်လုပ်ခဲ့သည့် ၁၈၈၅ ခုနှစ်မှ စ၍ အနည်းငယ်မျှသာ ပြောင်းလဲသေးသည်။ အသေးစိတ် တည်ဆောက်ပုံ အတော်များများမှာမူ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် ခေတ်သစ် ရုပ်ဝတ္ထုပစ္စည်းများနှင့် ကွန်ပြူတာအသုံးပြု ဒီဇိုင်းပညာတို့ တိုးတက်လာချိန်တွင် ဖြစ်သည်။ ထိုအရာတို့သည် စက်ဘီးစီးခြင်း အမျိုးအစား တစ်ခုစီအတွက် သီးသန့် တည်ဆောက်သော ဒီဇိုင်းပုံစံများကို အလွန်လျှင်မြန်သော အရှိန်ဖြင့် တိုးတက် ဖြစ်ထွန်းလာစေခဲ့သည်။

စက်ဘီးကို တည်ထွင်ခြင်းသည် လူ့အဖွဲ့အစည်းကို ယဥ်ကျေးမှုဆိုင်ရာ အပိုင်းနှင့် ခေတ်သစ် စက်ရုံသုံး ပစ္စည်းထုတ်လုပ်ခြင်းကို တိုးတက်စေခြင်း နှစ်ခုစလုံးတွင် အလွန်ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့သည်။ မော်တော်ယာဥ် တည်ဆောက်ခြင်း တိုးတက်လာမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော ဘောဘယ်ရင်၊ လေအားသုံး တာယာ၊ ချိန်းကြိုးဖြင့် မောင်းနှင်သော ခွေးသွားစိတ်ဘီး၊ စပုတ်တိုင်ဖြင့် ထိန်းကန်ထားသောဘီး၊ ကျောက်တုံးခင်းသော လမ်းကို အစားထိုးခဲ့သော ကျောက်ြပားခင်းထားသောလမ်း အစရှိသော အရာတို့သည် မူလပထမက စက်ဘီးအတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

[ပြင်​ဆင်​ရန်​] သမိုင်းကြောင်း

လူအားဖြင့် မောင်းနှင်သော စက်ဘီး မပေါ်ပေါက်မီ အချိန်ကပင် တီထွင်ကြံဆသူ အသီးသီးတို့သည် စက်ဘီး၏ ပေါ်ပေါက်လာစေရန် အတွက် တတပ်တအား ထောက်ပံ့ပေးခဲ့ကြသည်။


Wiki letter w.svg ဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။