ကွန်းဒေါလင်းတ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Condors
ပီရူးနိုင်ငံတောင်ပိုင်း ကိုလ်ကာကင်ညွန်ပေါ်တွင် ပျံဝဲနေသော ကွန်းဒေါလင်းတ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Aves]]
မျိုးစဉ် [[Ciconiiformes]]
မျိုးရင်း [[Cathartidae]]

ကွန်းဒေါလင်းတသည် လင်းတတို့တွင် အကြီးဆုံး ဖြစ်သည်။ တောင်အမေရိကတိုက်၊ ပီးရူးနှင့် ချီလီနိုင်ငံတို့ရှိ၊ အန်းဒီးတောင်ယံ ပေ ၁ဝ⁠ဝဝ ကျော်တွင် နေလေ့ရှိသည်။ ယင်း၏အတောင်ပံကို ဖြန့်ထုတ်လိုက်လျှင် တစ်ဖက်အစွန်းမှ တခြားတစ်ဖက်အစွန်းအထိ ၁၁ ပေခန့် ရှိ၏။ ဤလင်းတကြီး သည် အခြားလင်းတတို့ကဲ့သို့ပင် မနှစ်မြို့ဖွယ်ရာ ကောင်းသော် လည်း ကောင်းကင်တွင် လေဟုန်စီး၍ ပျံနေသော အခါမျိုး၌မူ ကြည့်ရခန့်ညားပေသည်။

ကွင်းဒေါလင်းတသည် အလွန်မြင့်မြင့် ပျံတက်၍ တိရစ္ဆာန် အသေကောင်ကို စူးစမ်းရှာဖွေတတ်သည်။ မျက်စိအလွန် စူးရှ သောကြောင့် ဤမျှမြင့်သောအရပ်မှ အောက်မြေပြင်ကို မြင်နိုင် ခြင်း ဖြစ်သည်။ သားကောင်ကို တွေ့မြင်လျှင် လင်းတကြီး သည် တစ်ဟုန်တည်းအောက်သို့ ထိုးဆင်းလာတတ်သည်။ ကြီး သော စွမ်းအားကို အသုံးပြု၍ သားကောင်ကို အတင်းအဓမ္မ ထိုးသုတ်ယူတတ်ကြသောကြောင့် ဆိတ်အုပ်သိုးအုပ်ရှင်တို့သည် အမြဲသတိထားနေကြရသည်။

ကွန်းဒေါလင်းတသည် ကိုယ်ထည်ကြီးမားသည်နှင့်အမျှ အစားအသောက်လည်း လောဘတကြီး ငမ်းငမ်းတက် စား တတ်၏။ အစာစားပြီးသောအခါ လေးလံထိုင်းမှိုင်း၍ နေတတ် လေရာ ဤအချိန်မျိုးတွင် ငှက်ကြီး ကို အလွယ်တကူ ဖမ်းယူ ရရှိနိုင်သည်။

ကွန်းဒေါလင်းတ၏ အမွေးအတောင်သည် အများအားဖြင့် နက်သည်။ အတောင်ပံတွင် အဖြူကြောင်းများ ပါရှိတတ်သည်။ အရေသည် အရောင်အမျိုးမျိုး ပြောင်းလဲ၏။ လည်ပင်းနှင့် ဦးခေါင်းတို့သည် အမွေးအမှင်မရှိဘဲ ပြောင်နေကြသည်။ လည်ပင်းအမွေးစပေါက်သော နေရာ၌ အရစ်ထနေ၏။ လင်းတ ဖို၏ ဦးခေါင်းတွင် အမောက်သဖွယ် အတွန့်အလိပ်ရှိသည်။ ကွန်းဒေါလင်းတသည် ဥသည့်အခါ နှစ်လုံးသာ ဥတတ် သည်။ ရက်သတ္တ (၇)ပတ်မျှ ကြာသောအခါ သားကောင် ပေါက်၏။ ကွန်းဒေါလင်းတငယ်သည် နှေးကွေးစွာ ကြီးပြင်း သည်။ တစ်ခါလည်သားကျမှ ပျံနိုင်သည်။ သို့ရာတွင် မိမိ အစွမ်းဖြင့် အစာရှာမထွက်သေးဘဲ တစ်နှစ်⁠နှစ်နှစ်ကြာအောင် လင်းတကြီးတို့နှင့်အတူ နေပြီးမှ ခွဲခွာရှာဖွေတတ်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)