ကစ္ဆပနဒီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကုလား​တန်​မြစ်​တွင်း​မှ လှေ​ငယ်​တစ်​စင်း။

ကုလား​တန်​မြစ်​သည် ရခိုင်ပြည်နယ်ကျောက်တော်​မြို့ သေ​လာ​ဂီ​ရိ​မော​ရပ္ပတ္တ​တောင်​၏​အရှေ့​ဘက်​တွင်​တည်​ရှိ​ပါ​သည်။ ဤ​မြစ်​သည် ပေ(၈​၀⁠၀​၀)ခန့်​မြင့်​သော ချင်းပြည်နယ် လူ​ရှည်​တောင်တန်း​နှင့် အိန္ဒိယ​နိုင်ငံ ချင်​လ​တိ​တ​လန် တောင်​ကုန်း​များ​မှ မြစ်ဖျား​ခံ စီး​ဆင်း​လာ​ပါ​သည်။


ဒေသ​ခံ​ပြည်​သူ​များ​က အရပ်​အခေါ် ကုလား​တန်​မြစ် ဟုခေါ်​သည်။ စာပေ​များ​တွင် ဂစ္ဆ​ပ​န​ဒီ(ခေါ်)ကုလား​တန်​မြစ်​ဟု​တွေ​ရ​သည်။ ယခင်​တုန်း​က ဒေသ​ခံ​ပြည်​သူ​များ​သည်​လမ်းပန်း​ဆက်​သွယ်​ရေး​အဖြစ် ကုလား​တန်​မြစ်​ကို ရေ​လမ်းခရီး​အဖြစ်​အားပြု​ကြ​ရ​သည်။ ကုလား​တန်​မြစ်​သည်​ရခိုင်ပြည်နယ်​၏ အရှည်​ဆုံး​နှင့်​အသုံး​အဝင်​ဆုံး​မြစ်ကြောင်း တစ်​သွယ်​ဖြစ်​ပါ​သည်။ ထူးခြား​ထင်ရှား​သည့်​အချက်​မှာ​ချင်းပြည်နယ် မြောက်​ပိုင်း​မှ ထ​ရော​ဘာ(တီ​အို​ရီ​ဘာ)အမည်​ဖြင့်​စီး​ဆင်း​လာ​သည့်​မြစ်​ဖြစ်​ပြီး အိန္ဒိယ​နိုင်ငံ နှင့် မြန်မာ​နိုင်ငံ​တို့​၏ နယ်ခြား​မြစ်​လည်း​ဖြစ်​ပါ​သည်။


နိုင်​ငံတော် အေးချမ်း​သာယာ​ရေး​နှင့် ဖွံ့ဖြိုး​ရေး ကောင်​စီ လက်ထက်​တွင် ဒေသ​ခံ​များ​အတွက်​လမ်းပန်း​ဆက်​သွယ်​ရေး​ပိုမို​အဆင်​ပြေချော​မွတ်​စေ​ရန် ဂစ္ဆ​ပ​န​ဒီ​တံတား​ကြီး​ကို တည်ဆောက်​ပေး​နိုင်​ခဲ့​သည်။


ကိုး​ကား[ပြင်​ဆင်​ရန်​]