မာတိကာသို့ ခုန်သွားရန်

အမ်ပီယာ

ဝီကီပီးဒီးယား မှ

အမ်ပီယာ (အင်္ဂလိပ်: Ampere) ဆိုသည်မှာ လျှပ်စီးအားဆိုင်ရာ ရူပဗေဒဘာသာရပ်တွင် လျှပ်စစ်ဓာတ်အား စီးဆင်းနှုန်း တိုင်းတာဖော်ပြသည့် ယူနစ်အသုံးအနှုန်းတစ်ခုဖြစ်ပြီး လျှပ်စီးလမ်းကြောင်းတစ်ခုပေါ်ရှိ ကန့်လန့်ဖြတ် ဧရိယာသတ်မှတ်ချက် တစ်နေရာအား တစ်စက္ကန့်အချိန်အတောအတွင်း ဖြတ်သန်းစီးဆင်းသွားခဲ့သော အီလက်ထရွန် အရေအတွက် (အငယ်ဆုံး လျှပ်စစ်ဓာတ်သတ္တိ ယူနစ်ကလေးများ အရေအတွက်) ကို ဖော်ပြခြင်းဟုလည်း နားလည်နိုင်သည်။ မျက်မှောက်ခေတ် ရူပဗေဒဆိုင်ရာပညာရပ်များနှင့် လျှပ်စစ်ဓာတ်အားနှင့်သက်ဆိုင်သော ပညာရပ်များအကြားတွင်သာမက အများပြည်သူအချို့ပင် သိနားလည် သုံးစွဲလျက် ရှိသော လျှပ်စီးကြောင်း အမ်ပီယာ ဟူသည့် ဝေါဟာရသည် အင်ဒရီး မယ်ရီ အမ်ပီယာအား ဂုဏ်ပြု မှည့်ခေါ်ထားခြင်းပင်ဖြစ်သည်။

1820 တွင် ဒိန်းမတ်ပြည်မှ တက္ကသိုလ် ပါမောက္ခကြီး ဟန်ဩစတက် ( Hans Oersted ) သည် အီတလီနိုင်ငံသား တက္ကသိုလ် ပါမောက္ခကြီး ဖြစ်သည့် အလက်ဇန္ဒရို ဗိုလ်လတာ ( Alexandero Volta ) ၏ ဓာတုဗေဒ Battery အိုးအကြောင်းကို ရှင်းပြနေစဉ် မမျှော်လင့်သည့် ထူးခြားသော အဖြစ်တခုကို အံဩစွာ တွေ့ရှိခဲ့ရပါတယ် ။ ယင်းမှာ သံလိုက်အိမ်မြှောင်ငယ်တခုသည် မထင်မှတ်ပဲ လျှပ်စစ်စီးနေသော ဝါယာကြိုးအောက်သို့ ရောက်ရှိနေခဲ့ပါတယ် ထူးခြားမှမှာ သံလိုက်အိမ်မြှောင်ငယ်သည် ကမ္ဘာ့ မြောက်နှင့် တောင် ဝင်ရိုးစွန်းများ ဘက်သို့လှည့်နေရမယ့် အစား ဝါယာကြိုးငယ်နှင့် မျဉ်းပြိုင် တန်းနေသည်ကို တွေ့ခဲ့ရပါတယ် ။ သံလိုက်အိမ်မြှောင်ပေါ်ရှိ ဝါယာကြိုးသည် ဗိုလ်လတာ၏ လျှပ်စစ် Battery နှင့် ဆက်သွယ်ထားသည့်အတွတ် ဓာတ်အားစီးဆင်းလျက်ရှိနေပါတယ် ဓာတ်အားစီးဆင်းနေသည့်ဝါယာကြိုးတလျှောက်တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်နေ၍ ယင်းသံလိုက်စက်ကွင်း၏ လွှမ်းမိုးမှု့ကြောင့် သံလိုက်အိမ်မြှောင်သည်လည်း ဝါယာကြိုးငယ်နှင့် မျဉ်းပြိုင်ဖြစ်နေခြင်းပါ။ သို့သော် ဟတ်ဩစတတ်သည် မိမိတွေ့ရှိမှု့အပေါ် မည်သို့ အဓိပ္ပာယ်ဆောင်သည်၊ မည်သည့် အတွတ်ကြောင့်ဖြစ်သည်ကို တွေးခေါ်နိုင်ခြင်းမရှိခဲ့သော်လည်း သိပ္ပံလောက တခုလုံးကို အသိပေးခဲ့ပါတယ် ။

နောင် ၁၁ နှစ် ကြာပြီးနောက် ပြင်သစ် ရူပဗေဒပညာရှင် ( 1777 - 1838 ) Andre Ampere သည် ဟန်ဩစတတ်၏ တွေ့ရှိချက်ကို သုတေသနလုပ်၍ ကြိုးပမ်းခဲ့ပြီး ဝါယာကြိုး တပင်ကို ခွေပြီး ဝါယာခွေ၏ အလယ်တွင် အပ်တချောင်းကို သွင်းထားပါတယ် ဝါယာကြိုးကို လျှပ်စစ်ဓာတ်လွှတ်ပေးသည့်အခါတွင် မကြုံဖူးသော အင်အားကောင်းသည့် သံလိုက်ကိုရရှိကြောင်းတွေ့ခဲ့ရပါတယ် Andre Ampere သည် လျှပ်စစ်သံလိုက်ကို ပထမဆုံး ဖန်တီးလိုက်ခြင်းဖြစ်ပါတယ် ဝါယာကြိုး၏ ပတ်ဝန်းကျင်တွင် ရှိသော သံလိုက်စက်ကွင်းနယ်ပယ်သည် ဝါယာကြိုးကို ဝိုင်းထားသည့် စက်ကွင်းဖြစ်သည့်အကြောင်းကို ပထမဆုံး စတင်တွေ့ရှိသူပင် ဖြစ်ပါတယ် သူ့ကို ဂုဏ်ပြူသောအားဖြင့် လျှပ်စီးကြောင်း Electron ဖြတ်သန်းစီးဆင်းမှု့ ကို Ampere ( အမ်ပီယာ ) ဟုခေါ်ဆိုထားခြင်းပင်ဖြစ်ပါတယ် ။

1 Ampere = အမှတ်တခုအတွင်း Electron အလုံးရေစီးဆင်းမှု့ 6.24 x 10^ 18

လျှပ်စစ်သင်္ကေတ

[ပြင်ဆင်ရန်]

အမ်ပီယာကို (I) သို့မဟုတ် (Anp) ဟုသတ်မှတ်သည်။