အမ်ပီယာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အမ်ပီယာ (အင်္ဂလိပ်: Ampere) ဆိုသည်မှာ လျှပ်စီးအားဆိုင်ရာ ရူပဗေဒဘာသာရပ်တွင် လျှပ်စစ်ဓာတ်အား စီးဆင်းနှုန်း တိုင်းတာဖေါ်ပြသည့် ယူနစ်အသုံးအနှုန်းတစ်ခုဖြစ်ပြီး လျှပ်စီးလမ်းကြောင်းတစ်ခုပေါ်ရှိ ကန့်လန့်ဖြတ် ဧရိယာသတ်မှတ်ချက် တစ်နေရာအား တစ်စက္ကန့်အချိန်အတောအတွင်း ဖြတ်သန်းစီးဆင်းသွားခဲ့သော အီလက်ထရွန် အရေအတွက် (အငယ်ဆုံး လျှပ်စစ်ဓာတ်သတ္တိ ယူနစ်ကလေးများ အရေအတွက်) ကို ဖေါ်ပြခြင်းဟုလည်း နားလည်နိုင်သည်။ မျက်မှောက်ခေတ် ရူပဗေဒဆိုင်ရာပညာရပ်များနှင့် လျှပ်စစ်ဓာတ်အားနှင့်သက်ဆိုင်သော ပညာရပ်များအကြားတွင်သာမက အများပြည်သူအချို့ပင် သိနားလည် သုံးစွဲလျက် ရှိသော လျှပ်စီးကြောင်း အမ်ပီယာ ဟူသည့် ဝေါဟာရသည် အင်ဒရီး မယ်ရီ အမ်ပီယာအား ဂုဏ်ပြု မှည့်ခေါ်ထားခြင်းပင်ဖြစ်သည်။

လျှပ်စစ်သင်္ကေတ[ပြင်ဆင်ရန်]

အမ်ပီယာကို (I) သို့မဟုတ် (Anp) ဟုသတ်မှတ်သည်။